Homeသတင်းစစ်ကောင်စီရဲ့ စနိုက်ဘာ ပစ်ခတ်ခံရတဲ့ Mobye Local PDF ရဲဘော်တစ်ဦး ဆေးကုသမှုခံယူနေရဆဲ

စစ်ကောင်စီရဲ့ စနိုက်ဘာ ပစ်ခတ်ခံရတဲ့ Mobye Local PDF ရဲဘော်တစ်ဦး ဆေးကုသမှုခံယူနေရဆဲ

-

ကန္တာရဝတီတိုင်း(မ်)

ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့မှာ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီရဲ့ စနိုက်ဘာ ပစ်ခတ်ခံရတဲ့ Mobye Local PDF ရဲဘော်တစ်ဦးဟာ လက်ရှိမှာ ဆေးကုသမှုခံယူနေရဆဲဖြစ်တယ်လို့ တပ်ရင်းတာဝန်ရှိသူဆီကနေ သိရပါတယ်။

ထိခိုက်မိတဲ့ ဒဏ်ရာကတော့ သက်သာလာပြီလို့ Mobye Local PDF တပ်ရင်းရဲ့ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“ဆေးကုသမှု ခံယူနေတုန်းပါ။ သက်တော့ သက်သာလာပြီပေ့ါနော်။ မူလအတိုင်းပြန်ဖြစ်ဖို့တော့ တစ်လနှစ်လလောက်တော့ ကြာဦးမှာပဲပေါ့နော်။”လို့ Mobye Local PDF တပ်ရင်းရဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၃ ရက်နေ့မှာ တော်လှန်ရေးတပ်ဖွဲ့တွေ လက်လွတ်ခဲ့ရတဲ့ မိုးဗြဲ ရှေ့ကာကင်းအချို့ကို ပြန်လည်ခြေကုပ်ရယူဖို့ ကြိုးစားရင်း ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်းမှာ Mobye Local PDF ရဲဘော်တစ်ဦးစနိုင်ဘာ ထိမှန်သွားခဲ့တာပါ။

လက်ရှိမှာလည်း တော်လှန်ရေး တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မိုးဗြဲမြို့ကို ပြန်လည် ရရှိဖို့ စစ်ကောင်စီက နေ့စဥ် တိုက်ခိုက်မှုပေါင်းစုံကို လုပ်နေဆဲဖြစ်ပြီး နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေဆဲပဲ လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ