spot_img
30.2 C
Loikaw
Saturday 28, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းစာသင်ကျောင်းဆောင်မဟုတ်တဲ့ အဆောက်အဦးတွေမှာ စာသင်ခဲ့ရတဲ့ အလယ်တန်းကျောင်းတွေ အတွက် ဒီနှစ်မှာ ကျောင်းဆောင်ဆောက်လုပ်ပေးနိုင်ဖို့ ပြင်ဆင်နေ

စာသင်ကျောင်းဆောင်မဟုတ်တဲ့ အဆောက်အဦးတွေမှာ စာသင်ခဲ့ရတဲ့ အလယ်တန်းကျောင်းတွေ အတွက် ဒီနှစ်မှာ ကျောင်းဆောင်ဆောက်လုပ်ပေးနိုင်ဖို့ ပြင်ဆင်နေ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဖရူဆို မြို့နယ် အတွင်းက စစ်ရှောင်စခန်းတခုမှာ ကျောင်းသူကျောင်းသားတွေအတွက် ယခုစာသင်နှစ်မှာ အမြန်ဆုံး ဖွင့်လှစ်သင်ကြားနိုင်ဖို့ အတွက် ကျောင်းဆောင်တွေ ဆောက်လုပ်ဖို့ ပြင်ဆင်နေပြီး အကူအညီ တချို့လည်း လိုအပ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စာသင်နှစ်တွေမှာတော့ အလယ်တန်းမှာ ပညာသင်ယူနေကြတဲ့ ကလေးတွေဟာ ကျောင်းဆောင်မရှိတာကြောင့် စာသင်ဆောင်မဟုတ်တဲ့ အဆောက်အဦးတွေမှာ စာသင်ခဲ့ရတယ်လို့ စစ်ရှောင်ကော်မတီ တစ်ဦးက အခုလို ပြောပါတယ်။

“ဒီတစ်နှစ်က‌တော့ အလည်တန်း စာသင်ကျောင်းကို မဖြစ်မနေ ဆောက်ဖို့ လုပ်နေတယ်ပေါ့နော်” လို့ စစ်ရှောင်ကော်မတီ တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေမှာ ဆောက်လုပ်ထားတဲ့ မူလတန်းကျောင်းဆောင်တွေမှာလည်း အမိုးအကာတွေ ဆွေးမြှေ့ နေပြီ ဖြစ်တာကြောင့် ပြန်လည် ပြင်ဆင်ဖို့ လိုအပ်သလို အလယ်အတန်းအတွက် ကျောင်းဆောင် ဆောက်လုပ်ဖို့ လိုအပ်နေတယ်လို့‌ ကျောင်းဆရာမ တစ်ဦး က အခုလို ပြောပါတယ်။

“မူလတန်း အဆောင်တွေခါကျတော့ ပြင်ဖို့ လိုတယ်။ ဒီအလယ်တန်းတွေ ကျောင်းဆောင်တွေ‌တော့ လုံးဝ အသစ် ဆောက်ဖို့ လိုတယ်။”လို့ ကျောင်းဆရာမတစ်ဦးကပြောပါတယ်။

ဒါတွေ အပြင် ကျောင်းသုံးဖတ်စာအုပ်တွေ ၊ မှင်ရည်တွေ၊ ဗလာ စာအုပ်တွေလည်း အများကြီး လိုအပ်နေသေးတယ်လို့ သူက ဆိုပါတယ်။

အဆိုပါ စစ်ရှောင် စခန်းဟာ ပြီးခဲ့တဲ့ စာသင်နှစ်တွေမှာတော့ မူလတန်းကနေ Gread-8 အထိ ဖွင့်လှစ်ထားတာ ဖြစ်ပြီး ဒီနှစ်မှာတော့ Gread-9 အထိ တိုးချဲ့ ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ