spot_img
30.2 C
Loikaw
Saturday 28, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းမေလ တစ်လသာအတွင်း DMO Local PDF တပ်ဖွဲ့ရဲ့ ဒု-တပ်ရင်းမှူး တစ်ဦးကျဆုံးပြီး (၂၀)ဦး ထိခိုက်ဒဏ်ရာရ

မေလ တစ်လသာအတွင်း DMO Local PDF တပ်ဖွဲ့ရဲ့ ဒု-တပ်ရင်းမှူး တစ်ဦးကျဆုံးပြီး (၂၀)ဦး ထိခိုက်ဒဏ်ရာရ

-

ကန္တရဝတီတိုင်း(မ်)

ကရင်နီပြည်မှာ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ စစ်ဆင်ရေးပြုလုပ်နေတဲ့ ဘောလခဲမြို့နယ်နဲ့ စစ်ကောင်စီရဲ့ တစ်ကျော့ပြန် ထိုးစစ်ဆင်နေတဲ့မိုးဗြဲမြို့ကို တခြားသော တော်လှန်ရေးတပ်ဖွဲ့တွေနဲ့အတူ ပူးပေါင်းပြီး စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ် ဒီးမောဆို DMO Local PDF တပ်ဖွဲ့ဟာ မေလ တစ်လသာ အတွင်း (၁) ဦး ကျဆုံးပြီး (၂၀) ဦး ထိခိုက် ဒဏ်ရာရရှိထားတယ်လို့ ဒီကနေ့ ဇွန်လ (၁) ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ကျဆုံးခဲ့တဲ့ ရဲဘော်တစ်ဦးမှာ ဒီးမောဆို DMO Local PDF တပ်ဖွဲ့ရဲ့ ဒုတပ်ရင်းမှူး ဟင်နရီလုအောင် ဖြစ်ပြီး ဘောလခဲ ဗျူဟာ၊ ရေနီပေါက်အနီးက ကာကင်းစခန်းကို သိမ်းပိုက်ခဲ့တဲ့ အချိန်မှာ ကျဆုံးခဲ့တာ ဖြစ်ပါတယ်။

ဘောလခဲ ဗျူဟာ၊ ရေနီပေါက်အနီး ကာကင်းစခန်းကို သိမ်းပိုက်တဲ့ ပူးပေါင်းတပ်ဖွဲ့ဘက်မှ စုစုပေါင်း ရဲဘော် (၄) ဦး ကျဆုံးခဲ့ပြီး စစ်ကောင်စီဘက်မှာ (၂၀)ကျော်သေဆုံးကာ လက်နက်မျိုးစုံ (၈)လက်နှင့် ကျည်မျိုးစုံကို သိမ်းဆည်းရမိခဲ့တာလို့ သိရပါတယ်။

မိုးဗြဲမြို့ကို ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေတဲ့ မိုးဗြဲမြို့မှာလည်း စစ်ကောင်တပ်ရဲ့ ပစ်ခတ်လိုက်တဲ့ မီးလောင်ဗုံးကြောင့် ဒီးမောဆို DMO Local PDF တပ်ဖွဲ့ဝင် (၃) ဦးခန့်ပြင်းထန် ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ မြေမြှပ်မိုင်းကြောင့် ရဲဘော် ၁ ဦးမှ ညာခြေထောက်ပေးဆပ်ခဲ့ရတယ်လို့ လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ