spot_img
13.5 C
Loikaw
Sunday 25, January 2026
spot_img
Homeသတင်းစစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဖယ်ခုံ အရှေ့ဘက်ကမ်းက ၁၉ နှစ်အရွယ် လူငယ် တစ်ဦးသေဆုံး

စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဖယ်ခုံ အရှေ့ဘက်ကမ်းက ၁၉ နှစ်အရွယ် လူငယ် တစ်ဦးသေဆုံး

-

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့ ဇွန်လ (၆) ရက်နေ့ မနက်ပိုင်းမှာ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံအရှေ့ဘက်ကမ်းရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေပစ်ခတ်ခဲ့ပြီး အသက် (၁၉) နှစ်အရွယ် ကျောင်းသားတစ်ဦး အသက်ဆုံးရှုံးသွားခဲ့ရတယ်လို့ သိရပါတယ်။

“နန်းပေါ်လုံ ကျေးရွာက အသက် (၁၉) နှစ်လောက်ပဲ ရှိသေးတယ်။ သူက ကျောင်းသားတစ်ဦးပေါ့နော်” လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲတဲ့ အရေအတွက်ကိုတော့ အတိအကျ မသိရပေမယ့် ပထမဆုံး တစ်လုံးကျတဲ့အချိန်မှာ ဆိုင်ကယ်မောင်းတဲ့အချိန်ဖြစ်ပြီး အနီးနားကို ကျရောက်ပေါက်ကွဲကာ ဆိုင်ကယ်မှောက်တဲ့အထိ ဖြစ်သွားတယ်လို့ အဆိုပါဒေသခံက အခုလို ဆက်ပြောပါတယ်။

“လက်နက်ကြီး ပစ်တဲ့ အချိန်‌တော့ ကျမ ရှိတယ်။ ပထမဆုံးကျတဲ့ တစ်လုံး ကျမတို့နားထိ အစ လာစင်တယ်။ ကျမ နဲ့ ကျမ တူမ က ဆိုင်ကယ်မောင်းနေတော့ ဆိုင်ကယ် မှောက်သွားထိ အဲ့လို အနေအထားအထိ ဖြစ်တယ်”လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ (၂) ရက်နေ့က စစ်ကောင်စီနဲ PNO ပူးပေါင်းတပ်တို့ အင်အားအလုံးအရင်း နဲ့ ဖယ်ခုံ အရှေ့ဘက်ကမ်းရှိ ရေပူကျေးရွာဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ပြီး ရေပူကျေးရွာအတွင်းက လူနေအိမ်တချို့ကို လည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

ဒါ့အပြင် လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ကျေးရွာ ၃ ရွာက ဒေသခံတွေ ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ