Homeသတင်းPNO ဗုံးကြဲမှုကြောင့် ထိခိုက်သွားတဲ့ ကယန်းပြည်သစ် ရဲ‌ဘော် ၃ ဦးထဲက ၁ ဦး ကျဆုံး

PNO ဗုံးကြဲမှုကြောင့် ထိခိုက်သွားတဲ့ ကယန်းပြည်သစ် ရဲ‌ဘော် ၃ ဦးထဲက ၁ ဦး ကျဆုံး

-

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်ရှိ ဆောင်နန်းခဲကျေးရွာက ကယန်းပြည်သစ်ဂိတ်ကို PNO ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသွားတဲ့ ရဲဘော် ၃ ဦးထဲက ၁ ဦးဟာ ဆေးကုသမှု ခံယူနေစဉ်အတွင်းမှာ ကျဆုံးသွားတယ်လို့ သိရပါတယ်။

ယမန်နေ့ ဇွန်လ ၉ ရက်နေ့မနက်ပိုင်းမှာ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိသွားခဲ့ပြီး ညနေပိုင်းမှာ ကျဆုံးသွားတာပါ။ ကျန် ၂ ဦး ကတော့ ‌ဆေးကုသမှု ဆက်လက်ခံယူနေတယ်လို့ Kayan Region Leftist Youths (KRLY) အဖွဲ့ရဲ့ တာဝန်ရှိသူ တစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“ဟုတ်တယ် ဒဏ်ရာရတဲ့ ထဲက ကျဆုံးသွားပါတယ်။ မနေ့ညကတည်းက ကျသွားတာပါ။ ကျန် ၂ယောက်ကတော့ ခွဲစိတ်ကုသတာ အောင်မြင်တယ်။ အသက်တော့ မစိုးရိမ်ရပါဘူး။”လို့ KRLY အဖွဲ့ရဲ့ တာဝန်ရှိသူ တစ်ဦးက ဆိုပါတယ်။

ကျဆုံးသွားတဲ့ ရဲဘော်ဟာ အသက် ၂၀ အရွယ် ရဲဘော် ဒေးဗစ်(ခ) ငြိမ်းချမ်း ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ဆောင်နန်းခဲ ကျေးရွာနဲ့ အနီးနား စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ၊ PNO ပူးပေါင်းတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး အနီးအနားက ကျေးရွာတွေဟာ လက်ရှိမှာ ရွာလုံးကျွတ် တိမ်းရှောင်နေရပြီး စစ်ရှောင်လူထုတွေကို ကယန်းပြည်သစ် လူငယ်တွေကလည်း ကူညီကယ်ထုတ်ဆောင်ရွက်ပေးနေတယ်လို့ KRLY အဖွဲ့ရဲ့ တာဝန်ရှိသူဆီကနေ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ