spot_img
13.3 C
Loikaw
Saturday 3, January 2026
spot_img
Homeသတင်း၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်စီတိုက်ခိုက်မှုတွေ ကြောင့် အမျိုးသမီး(၁၂ ) ဦးသေဆုံးပြီး ၁၈ နှစ်အောက် ကလေး( ၈ )...

၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်စီတိုက်ခိုက်မှုတွေ ကြောင့် အမျိုးသမီး(၁၂ ) ဦးသေဆုံးပြီး ၁၈ နှစ်အောက် ကလေး( ၈ ) ဦးသေဆုံးခဲ့ဟုဆို

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်မှာ ၂၀၂၅ ခုနှစ်အတွင်းက ဇန်နဝါရီလကနေ ဇူလိုင်လ ၉ ရက်နေ့အထိ ၇လကျော်အတွင်း စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် အမျိုးသမီး (၁၂) ဦးသေဆုံးခဲ့ပြီး ၁၈ နှစ်အောက်ကလေး (၈) ဦးသေဆုံးခဲ့တယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC) ရဲ့ ထုတ်ပြန်ချက်စာရင်းအရ သိရပါတယ်။

အဆိုပါ ထိခိုက်သေဆုံးမှုတွေဟာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ၊ဒရုန်းနဲ့ မြေမြုပ်မိုင်းကြောင့် နဲ့ အပြစ်မဲ့ သတ်ဖြတ်မှုတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

သေဆုံးခဲ့သူ အမျိုးသမီး (၁၂) ဦးမှာတော့ “လေကြောင်းတိုက်ခိုက်မှုကြောင့် (၉) ဦး ၊ လက်နက်ကြီးကြောင့် ၂ ဦး နဲ့ အပြစ်မဲ့ ပြည်သူကို သတ်ဖြတ်မှုကြောင့် ၁ဦး ဖြစ်တယ်။ ၁၈ နှစ်‌အောက် ကလေး သေဆုံးမှု (၈) ဦးက လေကြောင်းတိုက်ခိုက်မှုကြောင့် ၂ဦး၊ လက်နက်ကြီးကြောင့် ၅ ဦး ၊ မြေမြုပ်မိုင်းကြောင့် ၁ ဦး။”လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ အတွင်းရေးမှူး(၂) ဦးဗညားကပြောပါတယ်။

စစ်ကောင်စီရဲ့ တိုက်ခိုက်မှု တွေကြောင့် အဆိုပါ သေဆုံးမှုတွေအပြင် အမျိုးသမီး ၄၀ ဦး နဲ့ ၁၈ နှစ်အောက် ကလေး ၃၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီအာဏာစသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၀၂၅ ခုနှစ် ဧပြီလ ၃၀ ရက်‌နေ့အထိ ၄နှစ်ကျော် အတွင်း မြန်မာနိုင်ငံတစ်ဝှမ်းမှာလည်း ပြည်သူပေါင်း (၉၄၈၇) ဦး သေဆုံးခဲ့ပြီး အမျိုးသမီး ( ၂၀၈၆) ဦး ပါရှိခဲ့တယ်လို့ ပြီးခဲ့တဲ့ ဇူလိုင်လ ၈ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ