spot_img
17.3 C
Loikaw
Saturday 28, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းဒီး‌မော့ဆို အနောက်ခြမ်းကို စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲ

ဒီး‌မော့ဆို အနောက်ခြမ်းကို စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲ

-

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့ ဇူလိုင်လ(၁၇)ရက်နေ့ မွန်းလွဲ ၁နာရီဝန်းကျင်မှာ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းကို စစ်ကောင်စီက လေယာဉ်အသုံးပြုပြီး ဗုံး(၁၀)လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ပါတယ်။

” ‌လေယာဉ်သံလဲကြားတယ်။ ချမယ်ဆိုတာသိတယ်။ ဘာဖြစ်လဲဆို အားလာလား ကျွီးကျွီး ကျွီး လာကတဲ့က နိမ့်နိမ့်လေးပဲ။ ကျနော်လဲမြင်ရတော့ ခေါင်းပေါ်မှာလေနော်။” လို့ ‌ဒေသခံတစ်ဦးက ပြောပါတယ်။

ဗုံးကြဲမှုကြောင့် လူအထိအခိုက်မရှိပေမယ့် စစ်ဘေးရှောင်တွေရဲ့ နေအိမ်တလုံးနဲ့ မူကြိုကျောင်းဆောင် အပြင် သီးနှံစိုက်ခင်းတချို့ ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ ကရင်နီပြည်က အရပ်သားပြည်သူရှိရာနေရာတွေကို လေကြောင်းသုံးပစ်မှတ်ထားတိုက်ခိုက်မှုတွေကို ခပ်စိပ်စိပ်ပြုလုပ်လာပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ ရက်နဲ့ ၁၅ ရက်နေ့တွေမှာလည်း ဖားဆောင်းမြို့နယ် မော်ချီးဒေသကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ