spot_img
14.5 C
Loikaw
Saturday 3, January 2026
spot_img
Homeသတင်းကရင်နီက အခြေခံပညာ ကျောင်းပေါင်း(၂၁)ကျောင်းအတွက် Clean Yangon က ကျောင်းရန်ပုံငွေ ပေးအပ်

ကရင်နီက အခြေခံပညာ ကျောင်းပေါင်း(၂၁)ကျောင်းအတွက် Clean Yangon က ကျောင်းရန်ပုံငွေ ပေးအပ်

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်ထဲက အခြေခံပညာကျောင်းပေါင်း ၂၁ ကျောင်းအတွက် ကျောင်းရန်ပုံငွေပေးအပ်တဲ့ အခမ်းအနားကို ဒီကနေ့ (ဩဂုတ်လ ၂ရက်) မှာ Clean yangon က ဦးစီး ပြုလုပ်ခဲ့ပါတယ်။

“အမတို့ဒီနေ့ကျောင်းရန်ပုံငွေပေးတာတော့ (၂၁)ကျောင်းပေါ့။ ကျောင်း(၂၁)ကျောင်းပါတယ်။ မူလတန်း အလယ်တန်း အထက်တန်းပေါ့။ မူလတန်းနဲ့ အလယ်တန်းမှာဆိုရင် ကျောင်းသူကျောင်းသားဦးရေ ကိုမူတည်ပြီးပေးတာပေါ့”လို့ Clean Yangon မြေပြင်တာဝန်ခံ ဆရာမ သင်ဇာအေး ကဆိုပါတယ်။

ဒါအပြင် Clean Yangons အနေနဲ့ IEC ပညာရေး အဖွဲ့နဲ့ပူးပေါင်းပြီး ကရင်နီက စာသင်ကျောင်းတွေအတွက် ကျောင်းဖတ်စာအုပ်တွေ ပေးတာရှိသလို ရှေ့ဆက် ဆက်လက်ပြီး ကရင်နီက ကျောင်းတွေအတွက် ဆက်လက်ပြီး ပံ့ပိုပေဖို့ ရှိတယ်လို့လဲ ဆက်ပြောပါတယ်။

” ဖတ်စာအုပ်မလုံလောက်တာတွေ၊ ရေးစာအုပ်မလုံလောက်တာတွေ၊ သင်ထောက်ကူမလုံလောက်တာတွေ အများကြီး ကြုံခဲ့ရတယ်။ အခုကမမျော်လင့်ပဲနဲ့ clean Yangons က အခုလို ထောက်ပံ့ပေးတဲ့အတွက် ကျမက အတွေးဝင်သွားတယ် ကလေးတွက် ဖြည့်ပေးနိုင်တော့မယ်ဆိုပြီး အတိုင်းမသိဝမ်းသာမိတယ်။” လို့ ကျောင်းဆရာမ တစ်ဦးက ဆိုပါတယ်။

ဒီကနေ့အခမ်းအနားမှာ clean Yangons ကနေပြီး ကရင်နီရှိ အခြေခံ ကျောင်းပေါင်း (၂၁)ကျောင်းအတွက် ရန်ပုံငွေ ကျပ် သိန်း(၁)ထောင် နီးပါးကို ပေးအပ်ထောက်ပံ့ပေးခဲ့တာဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ