Homeသတင်းနတ်တောင် စစ်ရှောင်စခန်းမှာ အမျိုးသမီးလစဉ်သုံးပစ္စည်းနှင့် တကိုယ်ရေသုံး ပစ္စည်းများ ပြတ်လတ်နေ

နတ်တောင် စစ်ရှောင်စခန်းမှာ အမျိုးသမီးလစဉ်သုံးပစ္စည်းနှင့် တကိုယ်ရေသုံး ပစ္စည်းများ ပြတ်လတ်နေ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း နတ်တောင်စစ်ရှောင်စခန်းမှာ အမျိုးသမီး လစဉ်သုံးပစ္စည်းနဲ့ တကိုယ်ရေ သုံးပစ္စည်းတွေ ပြတ်လတ်နေတယ်လို့ သိရပါတယ်။

စစ်ရှောင်နေကြရတာ ဖြစ်လို့ ဝင်ငွေမရှိကြသလို အချိန်ပိုင်း နေ့စားခ အလုပ်တွေ ပါးနေတာကြောင့် အခက်အခဲတွေနဲ့ ကြုံနေရတဲ့ အကြောင်းကို စစ်ရှောင် ကော်မတီတဦးက အခုလို ပဲ ပြောပါတယ်။

“အခုအချိန် အလုပ်ကမရှိဘူးလေ။ အလုပ်ပါးနေခါကျတော့ သူတို့ကို ရေချောင်းထဲမှာ ကျမ သွားတွေ့ရတာပေါ့နော်။ အဝတ်လျှော်ရင် ရေချိုးရင်လည်း ဒီတိုင်းပဲ ဗလိုင်းကြီး ဖြစ်တယ်။တချို့တွေကျတော့လည်း ဘတ်စုံသုံး ဆပ်ပြာတွေ ယူသုံးကြတာမျိုးတွေ ရှိတယ်” လို့ စစ်ရှောင်ကော်မတီတဦးက ပြောပါတယ်။

အရေးကြီးတဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်တွေ မရရှိပဲ ပြတ်လတ်နေတာ (၇) လဝန်ကျင်လောက်တောင် ရှိပြီ ဖြစ်တယ်လို့ လည်း သူက ဆက်ပြောပါတယ်။

အဆိုပါ နတ်တောင် စစ်ရှောင်စခန်းမှာ လူဦးရေ (၄၅၀) ဝန်းကျင်ရှိပြီး အိမ်ထောင်စု (၁၀၀) ကျော် ခိုလုံနေကြပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ