မင်္ဂလာပါရှင့်..
ကန္တာရဝတီတိုင်း (မ်) သတင်းဌာနရဲ့ ဖေဖော်ဝါရီလ ၅ ရက် ကြာသပတေးနေ့အတွက် ညနေခင်းရုပ်သံသတင်းကို ပြန်လည်တင်ဆက်ပေးပါမယ်။
00:00 – အဖွင့်
00:44 – ဖားဆောင်းတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်က လေကြောင်းသုံးတိုက်ခိုက်ခဲ့ပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှုရှိနေတယ်ဆိုတဲ့သတင်း၊
01:31 – စစ်ကော်မရှင်က မော်ချီးကို လေယာဉ်နဲ့ ထပ်မံဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦး သေဆုံးခဲ့တဲ့သတင်း၊
02:15 – လောပိတမြို့မှာ စစ်ကော်မရှင်တပ်က ရှောင်တခင် စစ်ဆေးမှု မကြာခဏ ပြုလုပ်နေပြီး ဖမ်းဆီးခံရသူတွေရှိနေတယ် ဆိုတဲ့အကြောင်းနဲ့၊
03:06 – ဆိုမိုဖေစိုးလေး မြို့နယ်မှာ ဖြစ်ပွားတဲ့ အရေပြားရောဂါအတွက် ဆေးဝါးအကူအညီ မရသေးတဲ့အကြောင်းတွေကို တင်ဆက်ပြောပြပေးပါမယ်။
03:53 – အပိတ်
ကန္တာရဝတီတိုင်း(မ်) ရဲ့ ညနေခင်းရုပ်သံသတင်းတွေကို တင်ဆက်ပေးနေတာဖြစ်ပါတယ်။ ကြည့်ရှုအားပေးနေကြတဲ့ ပရိတ်သတ်များအားလုံး နဲ့ ကရင်နီပြည်သူပြည်သားအားလုံး ကျန်းမာဘေးကင်းကြပါစေရှင့်.. ကျမ မော်ညားမာပါ။
ကန္တာရဝတီတိုင်း (မ်) သတင်းဌာနရဲ့ ဖေဖော်ဝါရီလ ၅ ရက် ကြာသပတေးနေ့အတွက် ညနေခင်းရုပ်သံသတင်း
-



