spot_img
15.4 C
Loikaw
Wednesday 11, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းမော်ချီးမှာ နယ်မြေလုံခြုံရေးအရ အလုပ်သမားခေါ်ယူတာကို ရပ်နားပြီး စိစစ်ဆောင်ရွက်မယ်လို့ဆို

မော်ချီးမှာ နယ်မြေလုံခြုံရေးအရ အလုပ်သမားခေါ်ယူတာကို ရပ်နားပြီး စိစစ်ဆောင်ရွက်မယ်လို့ဆို

-

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည် ၊ ဖားဆောင်းမြို့နယ် ၊ လိုပွါခိုခရိုင် ပူးပေါင်းအုပ်ချုပ်ရေးနယ်မြေ ဖြစ်တဲ့ မော်ချီးဒေသအတွင်းမှာ ဒေသလုံခြုံရေးအရ ခဲကျင်း အလုပ်သမားခေါ်ယူတာကို ဒီကနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ကစပြီး ရက်အကန့်အသတ်မရှိ ရပ်နားထားတယ်လို့ လိုပွါခိုခရိုင် ပူးပေါင်းအုပ်ချုပ်ရေး ကော်မတီက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ရှိနေတဲ့ အလုပ်သမားတွေကိုလည်း ပြန်လည် စိစစ်သွားမှာဖြစ်တာကြောင့် လူအဝင်အထွက် ကန့်သတ်လိုက်တာဖြစ်တယ်လို့ ပူးပေါင်းအုပ်ချုပ်ရေးကော်မတီ ရဲ့ အတွင်းရေးမှူး ( ၁ ) စောမာန်နိုင်စိုးက ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။

“ မော်ချီးဒေသတစ်ခုလုံးအတွက် စာထုတ်လိုက်တာပါ။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ လုံခြုံမူမရှိလို့ပဲ ပြောမှာပေါ့နော။ လိုအပ်လို့ အဝင်အထွက်၊ လူဝင်လူထွက် ခနရပ်နား ရပ်ဆိုင်းထားတယ်ပေါ့နော အဲ့လိုပါ။ အဲ့ကြောင့်မို့ အကန့်သတ်မရှိနဲ့ ရပ်ဆိုင်းထားတယ်။ ကျနော်တို့ ဒီမှာ ဆောင်ရွက်ပြီးပြီဆိုလို့ရှိရင် လုပ်ချင်ရင်လာ။ ဒါပေမဲ့ လုပ်စရာရှိရင် လုပ်ပြီးသွားပြီးဆိုရင် စိစစ်သွားပြီးပြီ ဆိုလို့ရှိရင်တော့ အဲ့ဒီအကန့်အသတ်ကို ကျနော်တို့ ပြန်ဖွင့်မှာပါ။” လို့ စောမာန်နိုင်စိုးက ပြောပါတယ်။

လိုပွါခိုခရိုင်ပူးပေါင်းအုပ်ချုပ်ရေးရုံး လက်အောက်က ဌာနဆိုင်ရာ ဂိတ်များ ၊ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန၊ မိုခီးအုပ်စု အုပ်ချုပ်ရေးမှူးရုံးတို့က ပူးပေါင်းဆောင်ရွက်သွားဖို့ ကော်မတီက ညွှန်ကြားထားပါတယ်။

မော်ချီးဒေသက ကျင်းဦးစီး ၊ ခဲလုပ်ကွက် ၊ ချောင်းလုပ်ကွက်တွေနဲ့ ကျဘမ်းခေါ်ယူတဲ့ အလုပ်သမားတွေကို စိစစ်ဆောင်ရွက်မှု ပြုလုပ်သွားမှာဖြစ်တာကြောင့် အုပ်ချုပ်ရေးမှူးတွေ နဲ့ သတ္တုရုံးတွေက ပူးပေါင်းဆောင်ရွက်သွားဖို့လည်း အသိပေးထားပါတယ်။

ကော်မတီအနေနဲ့ စိစစ်ဆောင်ရွက်မှုတွေ ပြီးဆုံးပါက ထုတ်ပြန်ချက်အမိန့်စာကို ထပ်မံ ပြန်လည်အသိပေးသွားမယ်လို့ ပြောပါတယ်။

ခဲသတ္တုထွက်ရှိတဲ့ မော်ချီးဒေသကို အာဏာသိမ်းပြီးနောက် လက်ရှိအချိန်အထိ စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ( ၂၀ ) ကျော် လုပ်ဆောင်ခဲ့ပြီး လူဦးရေ ( ၅၀ ) ထက်မနည်း သေဆုံးခဲ့ရပါတယ်။ ယခုနှစ် အစောပိုင်းမှာလည်း မော်ချီးဒေသက နေရာ ၂ခုကို စစ်ကော်မရှင်က လေယာဉ်နဲ့ဗုံးကြဲခဲ့တာကြောင့် ဒေသခံ ၂ ဦး သေဆုံးပြီး ၉ ဦး ထိခိုက်ဒဏ်ရာရရှိထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ