spot_img
29.3 C
Loikaw
Friday 27, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာအတွင်းကို စစ်ကော်မရှင်က လက်နက်ကြီးပစ်ခတ်ပြီး ကျေးရွာ ခန်းမဆောင်ထိမှန်

ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာအတွင်းကို စစ်ကော်မရှင်က လက်နက်ကြီးပစ်ခတ်ပြီး ကျေးရွာ ခန်းမဆောင်ထိမှန်

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်ထဲက ကျေးရွာတစ်ရွာကို ယမန်နေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နေ့လည် ၂ နာရီအချိန်မှာ စစ်ကော်မရှင်ရဲ့ အမှတ် ၁၄ တန်းမြင့် စစ်လေ့ကျင့်ရေးကျောင်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ ကျေးရွာအတွင်း လက်နက်ကြီး လေးလုံးကျရောက်ကာ သုံးလုံးပေါက်ကွဲခဲ့တာကြောင့် ခန်းမဆောင်ထိမှန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မနေ့ကလည်း (ဖေဖော်ဝါရီ ၂၆က်နေ့ ) လက်နက်ကြီး ထုတယ်၊ ခန်းမဆောင်နားမှာကျတယ်”ဒေသခံ အမျိုးသားတစ်ဦးက ဆိုပါတယ်။

တိုက်ပွဲတစုံတရာ ဖြစ်ပွားတာမရှိပဲ စစ်ကော်မရှင်က လက်နက်ကြီးပစ်ခတ်ခဲ့ပြီး ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာလည်း ပစ်ခတ်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

“အများကြီးကျတယ်၊ ကြားနေရတာ အသံတွေကို။” လို့ ဒေသခံတစ်ဦးက ဆက်ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကော်မရှင်တပ်ဟာ ဖရူဆို၊ ဘောလခဲကို ဦးတည်စစ်ကြောင်းထိုးနေပြီး နယ်မြေအရ ကင်းရှည်ယူတာ၊ လက်နက်ကြီး၊ လေယာဥ်အသုံးပြုတာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းမှာလည်း စစ်ကော်မရှင်တပ်ဟာ ဖရူဆိုမြို့နယ်က ကျေးရွာတစ်ရွာကို ဒရုန်းနဲ့ ဗုံးကြဲခဲ့ပြီး လူနေအိမ် မီးလောင်ပျက်စီးခဲ့ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ