spot_img
Homeသတင်းလေပြင်းတိုက်ခိုက်မှုကြောင့် စစ်ရှောင်နေအိမ်တချို့ ပျက်စီး

လေပြင်းတိုက်ခိုက်မှုကြောင့် စစ်ရှောင်နေအိမ်တချို့ ပျက်စီး

-

ကန္တာရဝတီတိုင်(မ်)

ယမန်နေ့ ( ဧပြီလ ၁၈ ရက်နေ့ ) ညနေပိုင်းအချိန် ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းက စစ်ရှောင်စခန်းတနေရာမှာ လေပြင်းတိုက်ခိုက်မှုကြောင့် စစ်ရှောင်နေအိမ်တချို့ ပျက်စီးသွားတယ်လို့ သိရပါတယ်။

လေပြင်းတိုက်ခိုက်မှုကြောင့် စစ်ရှောင်တဲအိမ်တလုံးပေါ်ကို သစ်ပင်ပြိုလဲခဲ့တာဖြစ်တယ်လို့ စစ်ရှောင်အမျိုးသမီးတဦးက ပြောပါတယ်။

“အခြေအနေ မဟန်တော့ဘူးထင်လို့ ကျမ တို့ ပြေးလိုက်တာ။ ပြေးပြီး ၁၅ မိနစ် လောက်မှာပဲ အိမ် နောက်က အပင်ကြီး အိမ်ပေါ် တည့်တည့်ကို လှဲတော့တာပဲ။ အဲ့ချိန်က ကလေးအဖေက မီးဖိုချောင်ထဲက ရှိနေသေးတယ်။ ကံကောင်းလို့ သူဘာမှ မဖြစ်ဘူး” လို့ အဆိုပါ စစ်ရှောင်အမျိုးသမီးတဦးက ပြောပါတယ်။

လူထိခိုက်မှုမရှိခဲ့ပေမယ့် အိမ် ၊ အသုံးအဆောင်ပစ္စည်းတွေ ပျက်စီးခဲ့သလို ရပ်ထားတဲ့ ဆိုင်ကယ်လည်း ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။

လေပြင်းတိုက်ခိုက်မှုအပြင် မိုးရွာသွန်းမှုကြောင့် စပါးတွေသိုလှောင်ထားတဲ့ စပါးကျီခေါင်မိုး လွှင့်စင်ခဲ့တယ်လို့လည်း နောက်ထပ် စစ်ရှောင်အမျိုးသားတဦးက ပြောပါတယ်။

“လေတိုက်တာ ၂ ခါ လာတယ်။ ပထမ တခါလာတုန်းက ကျနော့် စပါးကျီခေါင်မိုး အကုန်ပါကုန်တယ်။ တော်သေးတယ် ကျ​နော် အချိန်မှီ မိုးကာပြန်ပိတ်နိုင်လို့ မဟုတ်ရင် ဒုတိယ တခေါက် ထပ်လာတော့ မိုးပါပါ ရွာတယ်လေ” လို့ သူက ပြောပါတယ်။

လေပြင်းတိုက်ခိုက်မှုကြောင့် အသွားအလာလမ်းတွေမှာ သစ်ပင်တွေ ပြိုလဲဲပြီး လမ်းပိတ်ခဲ့သလို တဲအိမ်တချို့လည်း ပျက်စီးမှုတွေ ရှိခဲ့တာပါ။ ဒီးမော့ဆိုအရှေ့ဘက်ခြမ်းမှာ စစ်ရှောင် အိမ်ခြေ ၂၅၀၀ ဝန်းကျင် ရှိပြီး လူဦးရေ ၁သောင်းကျော် ရှိပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ