KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၆ ခုနှစ်၊ ဧပြီလ ( ၂၃ ) ရက်၊ (ကြာသပတေးနေ့)
– ကရင်နီပြည်နယ်တပ် ပေါ်ပေါက်ရေးကို ဦးတည်ပြီး မိုးဗြဲနယ်မှာ အမှတ် (၁) အယ်လ်ဖာစစ်ဒေသဖွဲ့စည်း
– လွိုင်ကော်မြို့မှာ လူငယ်များကို စစ်တပ်က မကြာခဏ ဖမ်းဆီး၊ ကျပ်သိန်း ၃၀ – ၅၀ အထိ ပေးဆောင်မှသာ ပြန်လွှတ်
သတင်းနဲ့ ဒေသတွင်းသတင်းတွေ၊ မိုးလေဝသကြိုတင်ခန့်မှန်းချက်တွေကို ကြားကြရမှာပါ။ အဲဒီနောက် “အင်တာဗျူးအစီအစဉ်”ကနေပြီး “စက်သုံးဆီစျေးနှုန်း မြင့်တက်လာတဲ့အတွက် မြေပြင်က စစ်ရှောင်ကူညီဆောင်ရွက်ရေးအဖွဲ့တွေအတွက် ဘယ်လိုစိန်ခေါ်မှု၊ အခက်အခဲတွေ ဖြစ်ပေါ်စေပါသလဲ?”ဆိုပြီး မေးမြန်းတင်ဆက်ပေးသွားမှာ ဖြစ်သလို၊ “မလွှဲရှောင်သာ စိုက်ရတဲ့ ဘိန်းခင်းများ” ဆိုတဲ့ဆောင်းပါးကိုလည်း ဒီနေ့ညအစီအစဉ်မှာ နားဆင်ကြရမှာပါ။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ည ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ FM ရေဒီယိုလိုင်း 108 mhz တို့နဲ့ ထုတ်လွှင့်ပေးနေပါတယ်။