HomeKT FMKT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၆ ခုနှစ်၊ မေလ ( ၁၄  ) ရက်၊ (ကြာသပတေးနေ့)

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၆ ခုနှစ်၊ မေလ ( ၁၄  ) ရက်၊ (ကြာသပတေးနေ့)

-

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၆ ခုနှစ်၊ မေလ ( ၁၄  ) ရက်၊ (ကြာသပတေးနေ့)
– KNPP အမြဲတမ်းပါတီဗဟိုကော်မတီဝင် ရဲဘော် ခွန်းရီမာန်ထူး ရဲ့ စျာပန အခမ်းအနား
ကျင်းပပြီးစီးခဲ့
– KNDF တပ်ရင်း ၂၇ က တပ်သားအသစ် ခေါ်ယူနေ
– စစ်ကော်မရှင်စစ်ကြောင်းကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဝှယ်ဒူလျားစစ်ရှောင်စခန်းအတွက် စားနပ်ရိက္ခာ နဲ့ အမိုးအကာ အရေးပေါ် လိုအပ်နေ
– ဖရူဆိုမှာ တောင်ယာသွားတဲ့ အမျိုးသားတဦး စစ်ကော်မရှင်တပ်ရဲ့ ဖမ်းဆီးခြင်းခံရပြီးနောက် ၄ ရက်အကြာမှာ ထွက်ပြေးလွတ်မြောက်လာ
စတဲ့သတင်းတွေအပါအဝင် မိုးလေဝသတင်းတွေကိုကြားကြရမှာပါ။  ဒါ့အပြင်  အပတ်စဉ် တင်ဆက်ပေးတဲ့ အင်တာဗျူးအစီအစဉ်မှ  “မိုးရာသီစိုက်ပျိုးချိန်နဲ့ ကရင်နီဒေသရဲ့ စားနပ်ရိက္ခာစိန်ခေါ်မှု”အကြောင်း ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဌာန၊ ဒု ဌာနမှူး – ၁ ကိုတင့်ဆွေနဲ့ တွေ့ဆုံမေးမြန်းထားတာကို ဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ည ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ   FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ  FM ရေဒီယိုလိုင်း 108 mhz တို့နဲ့ ထုတ်လွှင့်ပေးနေပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ