KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၆ ခုနှစ်၊ ဇွန်လ ( ၂၃ ) ရက်၊ (အင်္ဂါနေ့)
– ပဋိပက္ခကာလအတွင်း မြန်မာမှာ အမျိုးသမီး ၄၂ ရာခိုင်နှုန်းက ဝင်ငွေလုံးဝမရှိကြောင်း
ကုလအစီရင်ခံစာဆို
– ကရင်နီဒုက္ခသည်စခန်းမှာ ထိုင်းအောက်လွှတ်တော် ကော်မတီဥက္ကဌ ကွင်းဆင်းညှိနှိုင်း
– စစ်အာဏာသိမ်း (၁၉၆၈)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၁၁၀) ဦးအထိရှိလာ
စတဲ့သတင်းတွေအပါအဝင် ဆောင်းပါးနဲ့ မိုးလေဝသ သတင်းတွေကိုကြားကြရမှာပါ။ ဒါ့အပြင် အပတ်စဉ် တင်ဆက်ပေးတဲ့ လူငယ်အစီအစဉ်ကနေ “ Never Give Up သီချင်းဆိုပြိုင်ပွဲရဲ့ Winner ဆုရှင် ခွန်းစစ္စတို” နဲ့ တွေ့ဆုံမေးမြန်းထားတာကို ဆက်လက်နားဆင်ကြရမှာပါ။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ည ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်




