Homeသတင်းဇူလိုင် ၁၁ တွင် စတင်ကျင်းပမည့် ၂၁ ရာစုပင်လုံညီလာခံ တက်ရောက်ရန် KNPP မဆုံးဖြတ်ရသေး

ဇူလိုင် ၁၁ တွင် စတင်ကျင်းပမည့် ၂၁ ရာစုပင်လုံညီလာခံ တက်ရောက်ရန် KNPP မဆုံးဖြတ်ရသေး

-

KNPP နှင့် PC လွိုင်ကော်မြို့ ဧပြီ ၂၆ နှင့် ၂ရ ရက်နေ့တွင် ဆွေးနွေးနေကြစဉ် (ဓါတ်ပုံ – ကနာ္တရဝတီတိုင်း(မ်))

ခူးစိုးရယ်ဦး

လေ့လာသူအနေဖြင့်သာ ဖိတ်ကြားခံရဖွယ်ရှိနေသည့် ကေအဲန်ပီပီက ၂၁ ရာစု ပင်လုံညီလာခံကို တက်မည် မတက်မည်ကို မဆုံးဖြတ်ရသေးကြောင်း ကေအဲန်ပီပီက ပြောသည်။

ပင်လုံညီလာခံကို ဇူလိုင် ၁၁ ရက်ကစ၍ ငါးရက်ကြာ ကျင်းပရန် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့အစည်းအဝေးတွင် လျာထားသည်။

ယင်းညီလာခံ တက်ရေး မတက်ရေ ဆုံးဖြတ်ချက်ကို ကေအဲန်ပီပီ၏ ဗဟိုကော်မတီအစည်းအဝေးခေါ်ယူပြီးမှသာ သိရမည်ဟု ကေအဲန်ပီပီ၏ဆက်ဆံရေးရုံး(လွိုင်ကော်)တာဝန်ခံ ခူးညေးရယ်က ကန္တာရဝတီတိုင်း(မ်)သို့ ပြောသည်။

တစ်ခုခုဆုံးဖြတ်ဖို့ ဆိုရင် ဗဟိုကော်မတီအားလုံး ထိုင်ရတယ်လေး။ အများရဲ့ ဆန္ဒသဘောထားကို ယူပြီးတော့မှ အများက တက်မယ်လို့ ဆုံးဖြတ်ရင် တက်မယ်၊ မတက်ဘူးဆိုရင် မတက်ဘူးပေါ့။”ဟု ခူးညေးရယ်က ပြောသည်။

ယင်း ဗဟိုကော်မတီအစည်းအဝေးကို ဇူလိုင်လ ပထမအပတ်တွင် ခေါ်ယူကာ ဆွေးနွေးမည်ဟု ၎င်းက ပြောသည်။

အစိုးရ၊ တပ်မတော်နှင့် NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား ဆွေးနွေးညှိနှိုင်းမှုများ မပြေလည်၍ လေးကြိမ်ရွှေ့ဆိုင်းခဲ့ရသည့် UPDJC အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးကို ဇွန်လ ၂၅ ရက်က နေပြည်တော်၌ ကျင်းပခဲ့ပြီး ညီလာခံ ကျင်းပမည့်ရက်ကို သတ်မှတ်လိုက်ခြင်းဖြစ်သည်။

၎င်း UPDJC အတွင်းရေးမှူးအဖွဲ့တွင် အစိုးရ၊ လွှတ်တော်၊ တပ် မတော်အစုအဖွဲ့၊ နိုင်ငံရေးပါတီ အစုအဖွဲ့၊ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များ အစုအဖွဲ့ကိုယ် စားလှယ်များ ပါဝင်သည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)အရ ပထမအကြိမ် ပြည် ထောင်စုငြိမ်းချမ်းရေးညီလာခံကို ယခင်အစိုးရလက်ထက်က ၂၀၁၆ ဇန်နဝါရီတွင် ကျင်းပခဲ့သည်။

လက်ရှိ အစိုးရလက်ထက်တွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာ ခံ- ၂၁ ရာစု ပင်လုံအစည်းအဝေး ဟူ၍ သတ်မှတ်ကာ ၂၀၁၆ ဩဂုတ်လကုန်တွင် တစ်ကြိမ်၊ ၂၀၁ရ မေလတွင် တစ်ကြိမ် ကျင်းပခဲ့ သည်။

၂၀၁ရ မေလက ကျင်းပ သည့် ၂၁ ရာစု ပင်လုံဒုတိယအ စည်းအဝေးတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာကဏ္ဍများမှ သဘောတူညီချက် ၃ရ ချက် ရရှိသည်။

၂၁ ရာစု ပင်လုံဒုတိယအ စည်းအဝေးအပြီး တတိယအစည်းအဝေးကို ခြောက်လအကြာ ၂၀၁ရ ဒီဇင်ဘာတွင် ကျင်းပရန် သတ်မှတ်ခဲ့သော်လည်း မကျင်းပနိုင်၍ ၂၀၁၈ ဇန်နဝါရီသို့ ရွှေ့ ဆိုင်းခဲ့သည်။

ထို့နောက် ဇန်နဝါရီ မှ ဧပြီလကုန် (သို့မဟုတ်) မေလ ဆန်းသို့လည်းကောင်း၊ မေလကုန်သို့လည်းကောင်း ထပ်မံရွှေ့ ဆိုင်းခဲ့သည်။

မေလကုန်က ကျင်းပသည့် အစိုးရနှင့် အပစ်ရပ်အဖွဲ့များ၏ နိုင်ငံရေးကဏ္ဍ အလွတ်သဘောဆွေးနွေးပွဲတွင် ဇွန်လ ၃ဝ ရက်မှ ဇူလိုင် ၄ ရက်အထိ ငါးရက်ကြာ ကျင်းပရန် ညှိနှိုင်းခဲ့သော်လည်း တိုင်းရင်းသားအဖွဲ့များ ဘက်က အဆင်သင့်မဖြစ်၍ ဇူလိုင်ဒုတိယပတ်သို့ ရွှေ့ဆိုင်းခြင်း ဖြစ်သည်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ