spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

ပြောင်းလဲသွားသော စိတ်မချမ်းမွေ့ဖွယ် အရာ

Author

Date

Category

ဖိုးမူဆီး


မော်ချီးနှင့် အလှမ်းဝေးသော နေရာတစ်ခုဆီသို့ ညနေ (၃)နာရီ အချိန်တွင် သူငယ်ချင်းများနှင့် အတူ ဆို်င်ကယ်ကိုယ်စီဖြင့် ထွက်ခွာခဲ့ကြသည်။

လိုခါးလိုရွာ အဆုံးထိ လမ်းကောင်းသော်လည်း ကျနော်တို့ သွားမည့် ရွာသို့ ဆက်သွားသော လမ်းသည် တစ်လျှောက်လုံး ဖုံတထောင်ထောင်နှင့် ဖုံများသည်သာမက ကြမ်းလွန်းလှသည်။ လမ်းကြမ်း၍ဖုံထူသောကြောင့် ပြုတ်ကျမှာကိုပင် စိုးရိမ်မိသည်။ ထို့ကြောင့် ဆိုင်ကယ်လက်ကိုင်ကို အတင်းကိုင်ထားရသည်။ ဘေးပတ်ဝန်းကျင်ကို ငေးမောကြည့်ရာ၌လည်း တောင်တန်းများ၏ အလှမှာ ရှုမောဖွယ်ခံစားရသည်။

စိမ်းစိုသော တောင်တန်းကြီး၏ လေပြေများတိုက်ခိုက်သော အခါဝယ် ရင်ထဲတွင်အေးခနဲခံစားရသည်။လမ်းနှင့်နီးသော ရွာ၏ပတ်ဝန်းကျင်တွင် ဒေသခံအချို့နှင့် အထက်မြန်မာပြည်မှ အလုပ်သမားများ ၊ အဖွဲ့အစည်းများနေထိုင်ကြသည်။ ဝမ်းရေးအတွက်သား သမီးများ၏ပညာရေးအတွက်ကြိူးစားရုန်းကန် လုပ်စားနေကြသော လူတစ်စု၏နေထိုင်ရန်နေရာမှာ အ န္တာရာယ်ရှိလှသည်။

ကျနော်၏အမြင်၌အလွန်ကြောက်စရာကောင်းသောနေရာဟု မြင်မိသည်။ သူတို့၏ လုပ်ငန်းမှာ ခဲသတ္တု ထုတ်လုပ်ငန်းပင်ဖြစ်သည်။ ကျနော်တို့ စထွက်တဲ့ နေရာနဲ့ ခုနေရာနဲ့ဆိုရင် ရွာနှစ်ရွာ ကို ဖြတ်လို့လာပါသည်။ ပထမ ရွာမှာ လိုခါးလိုဖြစ်ပြီး ဒုတိယ ရွာမှာညောင်သာယာ ရွာပင်ဖြစ်သည်။ထိုရွာနှစ်ရွာကိုဖြတ်ပြီး နာရီဝက်ကျော်ကျော်ဆက်မောင်းမှ ကျနော်တို့သွားမည့် နေရာရောက်မည်ဖြစ်သည်။ လမ်းတစ်လျှောက်တွွှင်ရေစက်မောင်းသံများကို ကြားရပြီး ရေတံခွန်ငယ်တစ်ခုကိုလည်းတွေ့ရသည်။

ထိုရေသည် အနီးနားလုပ်သမား အားလုုံး၏အသက် သောက်ကြည့်လျှင်အလွန်းအေးပြီး လူကိုအမောပြေစေသည်။ ရေချိူးလျင်လည်း လူကိုလန်းဆန်းစေမည်ဟု ကျနော်ထင်သည်။ ဒီနေရာတွင်ကျော်ပြီးနောက် ကျနော်တို့ သွားမည့်လုပ်ငန်းခွင်မရောက်မီ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဂိတ်ကို ခွင့်တောင်းပြီးမှ ဝင်ရပါသည်။ထိုနေရာလေးသို့ရောက်သောအခါ၌ ဝမ်းနည်းသလို ၊ ပူပင်မှုတစ်ခုရင်ထဲစူးဝင်လာသလို မျိူးခံစားလိုက်ရသည်။

သဘာဝကပေးထားသောဒီတောင်တန်းတွင် ဘယ်ရောက်ကုန်လဲဟု ကျနော်စိတ်ထဲ၌တွေးမိသည်။ ဒိုင်နာကားကြီး ၊ ဒိုဇာ ၊ ဘတ်ဖိုး လေး၊ငါးစီးမကဘူး တွေ့မြင်ရသည်။ ထိုမျှပင်မကသေး ခဲသတ္တုဆေးကြောသန့်စင်သော စက်ရုံကြီးမှာလည်း ၂ခု ၃ ခု မကရှိသည်။

နှစ်ချို့သစ်ပင်ကြီးများ ၊ချုံနွယ်များနှင့် အုပ်ဆိုင်းနေသော တောအုပ်ကြီးသည် ငွေကြေးရှင်ကြီးများလက်၌ တောင်ကတုုံးများဖြစ်ရတော့သည်။ ထိုနေရာလေး၏ အဝင်လမ်းမှစ စက်သံ ၊ကားသံများကို နားငြီးနေအောင်ကြားနေရပါသည်။

မြေကြီးများကိုနေ့စဉ် ဘတ်4 နှင့်ကော်ချပြီး ခဲသတ္တုသန့်စင်စက်အတွင်းသို့ အဆင့်ဆင့်ပို့ဆောင်ကာ သန့်စင်ပြီး အရောင်လဲ့လဲ့နဲ့ ခဲဆိုသော သတ္တုကို ရရှိလေသည်။ မြေသားများကို စိတ်ကြိုက်ထုတ်ယူသုံးစွဲပြီး အပေါ်ပိုင်းမြေသားများ ကုန်သွားပါက အောက်ပိုင်းမြေသားများကို ဆက်လက်၍ထုတ်ယူသုံးစွဲမြဲပင်ဖြစ်သည်။

ကျနော်တို့ လိုက်လံကြည့်ရှုရာတွင် အသက်ရှုရပ်မတတ်ဖြစ်မိသည်။ အပေါ်ကြည်လည်းကြောက် ၊အောက်ငုံကြည့်ပြန်တော့ ပြုတ်ကျမှာ စိုးထိတ်မိပြန်သည်။ သူတို့လုပ်ငန်နှင့်သူတို့ မအားလပ်ဘဲ ရှိနေကြသည်။ နေ့စဉ်ရက်ဆက် ခဲသတ္တုကို ထုတ်လုပ်နေကြသည်။ အလုပ်သမားများကို နေ့တစ်ဖွဲ့ ၊ ညတစ်ဖွဲ့ အဖွဲ့ခွဲ၍အလုပ်လုပ်စေသည်။ နေ့ရော ညပါ အလုပ်လုပ်သောကြောင့် တောင်တစ်လုုံးက ခဏလေးအတွင်းပင် ပျောက်ကွယ်ရလေသည်။

ယခုအချိန်သည် အရင်တုန်းက သွားခဲ့သော အချိန်နှင့် မတူတော့ဘဲ ပြောင်းလဲမှုလည်းများလာသည်။ ထိုနေရာ၌ အလုပ်စတင်လုပ်စဉ်က အနယ်နယ်အရပ်ရပ်က အလုပ်သမား တော်တော်များများ လာရောက်နေထိုင်ပြီး အလုပ်လုပ်ကိုင်ကြသည်။ ယခုတွင်မူ အလုပ်သမားနည်း၍ စက်ယန္တရားကြီးများဖြင့်သာ လုပ်ဆောင်နေသည်ကိုတွေ့မြင်ရသည်။

သစ်တောများစွာ ပြုန်းတီးသွားသည်ကို တွေ့ရပြီး ရေမှာလည်း ညစ်ညမ်းပြီး အထိန်းအကွပ်မရှိဘဲ အောက်ဘက်သို့ စီးဆင်းသွားသည်။ ထို အလုပ်ခွင်၏ အနီးအနားတွင် ရွာလေးတစ်ရွာလည်းရှိသေးသည်။ ထိုရွာသူ /သားများ၏ ခြံထဲသို့ ရေများဝင်ရောက်လာပြီး စိုက်ပျိုးထားသော နှစ်ရှည်ပင်နှင့် အပင်အချို့သေလေသည်။

ဤဆုံးရှုံးမှုအတွက် ပြောသော်လည်း နှစ်နာကြေးများမပေးဘဲ မသိသလိုသာနေသည်ဟုသိရသည်။ တောင်တစ်တောင်၏ အပေါ်ယံ သစ်ပင်ကိုသာမြင်တော့ ရွာသူ/သားများ၏ အတွေးမှာ လွန်စွာမှားလှသည်။ လုပ်ငန်းရှင်များငွေအား ၊ စက်အားနှင့် ဝင်လာသောအခါ အပေါ်ယံသစ်ပင်မက မြေထုကြီးကိုပါ အတွင်းကျကျထုတ်ယူလေသည်။ ကုုန်ဆုံးသွားသောမြေထုကြီးမှာ အံ့မခန့်ပင်ဖြစ်နေသည်။

လုပ်ငန်းခွင်အတွင်း၌ ထိခိုက်ဒဏ်ရာရှိပါကလည်း လုပ်ငန်းရှင်များ၏ ပံ့ပိုးမှုမရှိကြောင်းသိရသည်။ ထိုနေရာတွင်ကျန်းမာရေး မရှိသောကြောင့် လုပ်ငန်းခွင်၌ထိခိုက်ဒဏ်ရာရသည့် လူ၏ဒဏ်ရာသေးသော်လည်းကောင်း၊ ကြီးသော်လည်းကောင်း ဆောင်ရွက်မည့် သူမရှိသည့်အတွက် အခက်ခဲရှိကြောင်းသိရသည်။ အလုပ်လုပ်သော အချိန်တွေလည်း အကာကွယ်နှင့်ပတ်သက်၍ အသုံးအဆောင်များကို ဝတ်ဆင်ခြင်းမရှိကြောင်းတွေ့ရသည်။ လုပ်ငန်းရှင်များ၊ တာဝန်ရှိသူများ က ထောက်ပံ့ထားမှုမရှိကြောင်း တွေ့ရသည်။

ငွေကြေးရှင်ကြီးများ နေထိုင်သော အိမ်ကြီးများမှာ ကောင်းမွန်စွာဆောက်လုပ်နေထိုင်ပြီး အနယ်နယ်အရပ်ရပ်မှ အလုပ်လာရောက်လုပ်ကိုင်သောမြန်မာနိုင်ငံသား၏အိမ်မှာ ရွက်ဖျင်တဲထိုးပြီး ကျောတခင်းစာမျှသော အကျယ်အဝန်းတွင်သာ နေထိုင်ကြရသည်။ ထို့သို့နေထိုင်ရာတွင်လည်း ငွေကြေးရှင်ကြီးများ၏ အလုပ်လုပ်သည့်နေရာနှင့် မလွတ်ကင်းပါက ပြောင်းရွေ့ပေးရသည်။

ထိုနေရာသို့ရောက်ရှိရန်ခက်ခဲသောကြောင့် ကုန်ပစ္စည်းများလည်းဈေးကြီးလှသည်။ ထိုအကြောင်းကြောင့် ( စားဝတ်နေရေး )အတွက် ကြိုးစားနေရသဖြင့် ငွေပိုငွေလျှံမှာ လက်ထဲတွင် မရှိဘဲဖြစ်နေသည်။

မိုးရာတီအချိန်၌ လုပ်ငန်းခွင်အတွင်း မြေပြိုမှုများဖြစ်သည့် တွက်လည်းကြောက်ရသည်။ ထိုရာသီတွင်နေ့ရော ညပါ မြူမှုန်များနှင့် အုပ်စိုင်းနေသောကြောင့်ဖြစ်သည်။ လေတိုင်နှုန်းမိုးရွာတဲ့ အရှိန်မြင့်လာရင် သစ်ပင်ကြီး လှဲမှာ၊ ကျိူးမာ ကြောက်ရသည်။

ဘာလို့ဆို သစ်ပင်အနီးရှိ တဲများအပေါ်တွင်လှဲပါက အလုပ်သမားတစ်ခု၏ ပြသနာ အခက်ခဲတစ်ခုရင်ဆိုင်ရခြင်းကြောင့် အလုပ်တွင်နောက်နေးမှုဖြစ်စေမည်ဖြစ်သည်။

ဝင်ငွေကောင်းသော်လည်း အလုပ်လာလုပ်ကြသူများ စိုးရိမ်စိတ်များနှင့်သာ အလုပ်လုပ်ရသည်။ အခြေအနေမျိူးမျိူးကြောင့် ဒီလုပ်ငန်းခွင်မှာ လာရောက်အလုပ်လုပ်ရခြင်းဖြစ်သည်။ မြင်တွေ့နေရသော မြင်ကွင်းမှာ စိတ်မချမ်းသာစရာဖြစ်နေပေမယ့် ဝမ်းရေးအတွက်လည်း ကြည့်ရပြန်သည်။

spot_img
spot_img

Recent posts