spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

တပ်ရင်းအနီး တောင်သူတွေ ထွန်ယက်စိုက်ပျိုးပါက စစ်တပ်မှ တရားစွဲမည်ဟု ဆို

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)
တပ်ရင်းအနီးရှိတောင်ယာမြေနေရာမှာတောင်သူတွေ ထွန်ယက်စိုက်ပျိုးလုပ်ကိုင်မည်ဆိုပါက စစ်တပ်ကတရားစွဲဆိုမည်ဟု ခြိမ်းခြောက်ခံနေရကြောင်း လွိုင်ကော်မြို့နယ် ဒေါမူကလားကျေးရွာမှ တောင်သူတွေဆီကနေ သိရပါတယ်။ 

ပြီးခဲ့တဲ့ မေလ ၁ရရက်တုန်းက တောင်သူတွေ ထွန်ယက်စိုက်ပျိုးနေတာကို ခလရ(၂၅၀) တပ်ရင်းက အာဏာပိုင်တွေက စစ်ဝတ်စုံဝတ်ဆင်လာပြီး ဆက်မလုပ်ကြဖို့ လာရောက်တားဆီးတာတွေ ရှိခဲ့ပါတယ်။

ဒေါမူကလားတောင်သူတစ်ဦးဖြစ်တဲ့ ဦးရှားရယ်က “တောင်ယာမိုးလည်းကျခါစပြီဆိုတော့ တောင်ယာရှင်းတုန်း ထယ်တုန်းထွန်တုန်းလုပ်တုန်းပဲ ရှိသေးတယ် သူတို့ ၂၅ဝတပ်ပဲ ဖြစ်ဖြစ်၊ အမြှောက်တပ်ပဲ ဖြစ်ဖြစ် သူတို့ တပ်ဧရိယာဆိုပြီးမှ သူတို့က ခြံခတ်မယ်ဆိုပြီးတော့ သူတို့ကလည်းထယ်ဖို့ ပြုဖို့ သူတို့အရင်ဆုံးလာတယ်သွားတာပေါ့နော။ တကယ်လို့ ကိုယ်ကဝင်လုပ်မယ်ဆိုရင် လည်းတရားစွဲမယ်လုပ်နေတယ်” လို့ ပြောပါတယ်။

စစ်တပ်ကနေ တောင်ယာမြေတွေကို တပ်ဧရိယာအဖြစ်သတ်မှတ်ပြီးအုတ်တံတားတွေ ပြုလုပ်သွားမယ်လို့ လည်းပြောဆိုသွားတယ်လို့သိရပါတယ်။ 

အဲဒီနောက် အုတ်တံတားခတ်ဖို့ တောင်သူတွေနဲ့ တိုင်ပင်ညှိနှိုင်းခြင်းမရှိဘဲမြောင်းတွေကိုတူးတာကြောင့် ရွာသားတွေကကန့်ကွက်ခဲ့ကြပါတယ်။ 

ဒီအခက်အခဲတွေကို တောင်သူတွေက အထွေထွေအုပ်ချုပ်ရေးမှူး၊ မြေစာရင်းအရာရှိတွေနဲ့ ညှိနှိုင်းဖို့ တွေ့ဆုံတဲ့အခါ တောင်သူတွေရဲ့ အခက်အခဲကိုတင်ပြပေမယ့်လည်း အဆင်မပြေဘူးလို့ သိရပါတယ်။

“ဒကစမှူးတွေကမြေလည်း ပြန်မပေးနိုင်ဘူးတဲ့ လျော်ကြေးလည်းမပေးနိုင်ဘူးတဲ့ အဲလိုမျိုးဖြစ်နေတယ်။ ပေးလည်းမစိုက်နိုင်ဘူးတဲ့ အဲဒါမျိုးပြောနေကြတယ်” လို့ ဦးရှားရယ်က ဆက်ပြောပါတယ်။

တောင်သူများတွေသူတို့ရဲ့တောင်ယာမြေများကို ့ပြန်လည်ရရှိရေးအတွက် သက်ဆိုင်ရာတွေကိုအကြိမ်ကြိမ်တင်ပြတောင်းဆိုခဲ့ပေမယ့်လည်းရှင်းလင်းတိကျတဲ့ တစ်စုံတစ်ရာဖြေရှင်းမှုမျိူးမရခဲ့ဘူးလို့ တောင်သူတွေကပြောပါတယ်။

“ကျတော်တို့ တောင်ယာပြန်ရမယ်ဆိုရင်တော့ လက်ရှိကျတော်တို့လုပ်စားတဲ့ ပြောင်းစိုက်မယ် မြေပဲစိုက်မယ် စပါးစိုက်မယ် အဲဒီအလုပ်ပဲဆက်လုပ်သွားမှာပေါ့။ ဒီအလုပ်ပဲရှိတယ် ကောဘားမှမလုပ်တတ်ဘူးတခြားအလုပ်တွေ” လို့ တောင်သူတစ်ဦးဖြစ်တဲ့ ဦးလီးရယ်ကသူ့ရဲ့ အခက်အခဲကိုပြောပါတယ်။

လွိုင်ကော်မြို့နယ်ရှိ နွားလဝိုးကျေးရွာအုပ်စုနဲ့ ချိကယ်ကျေးရွာအုပ်စု၊ မြေနီကုန်းကျေးရွာနဲ့ ဒေါမူကလားကျေးရွာ၊ ရွာ ၁၁ ရွာပါဝင်တဲ့ ထေးသမရပ်ကွက်ရှိတောင်သူတွေရဲ့တောင်ယာမြေတွေကိုခလရ(၂၅၀)တပ်ရင်းမှ ၁၉၉၁ခုနှစ်မှာသိမ်းဆည်းခဲ့တာဖြစ်ပါတယ်။

၂၀၁၉ခုနှစ် ယခု စိုက်ပျိုးရာသီမှာတော့ စစ်တပ်ကနေ တောင်သူတွေထွန်ယက်စိုက်ပျိုးမှုကို ပိတ်ပင်တားဆီးလာတယ်လို့ဆိုပါတယ်။

ဒီးမော့ဆိုမြို့နယ်၊ ဒေါဆိုရှေါ်ကျေးရွာ တောင်သူလယ်သမားတွေရဲ့ ဘိုးဘွားစဉ်ဆက်ကတည်းက နှစ်စဉ်နှစ်တိုင်း ထွန်ယက်စိုက်ပျိုးလာခဲ့ကြတဲ့ မြေယာတွေကိုလည်း အမတ (၂၆၀)တပ်ရင်းက ၁၉၈၉ခုနှစ်မှာ ဖြတ်လေးဖြတ်စီမံချက်နဲ့ ဒေါဆိုရှေးကျေးရွာကို အတင်းအဓမ္မရွာရွေ့ရွာရှောင်ခိုင်းတဲ့အပြင် တောင်ယာမြေတွေကို သိမ်းယူခဲ့လို့ တောင်သူတွေက ပြန်လည်စိုက်စားဖို့ တောင်းဆိုနေကြပါတယ်။ 

မြေယာတွေကတောင်သူတွေရဲ့ အသက်သွေးကြောသဖွယ်ဖြစ်ပြီး နှစ်စဉ်ထွန်ယက်စိုက်ပျိုး ကြတဲ့ တောင်သူမိသားစုရဲ့ ဘဝရပ်တည်မှု၊ သားသမီးပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေးအတွက် ဖြစ်တဲ့အတွက် တောင်သူတွေထွန်ယက်စိုက်ပျိးနေမှုကိုဟန့်တားနေခြင်းကတောင်သူတွေရဲ့ ဘဝကိုမလေးစားရာရောက်နေတယ်လို့မေလ ၂၁ ရက်နေ့က ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂက ထုတ်ပြန်ကြေငြာထားပါတယ်။ 

Advertisement

“ကျနော်တို့ဒီစိုက်ပျိုးရာသီလည်းရောက်ပြီ အချိန်လည်းတန်ပြီ သတို့လွှတ်လွှတ်လပ်လပ်စိုက်ပျိုးခွင့်ရအောင်၊ နောက်ပြီးစိုက်ပျိုးနေတဲ့အချိန်မှာ လိုက်လံပြီးတော့မှ အဟန့်အတာပြုလုပ်နေတဲ့ တပ်မတော်တွေကိုလည်း တောင်သူလယ်သမားတွေကို စာနာဖို့၊ထောက်ထားဖို့ တောင်သူလယ်သမားတွေရဲ့ တာဝန်ဝတ္တရားတွေကို လေးစားလိုက်နာဖို့ အသိအမှတ်ပြုဖို့ပါ”လို့ ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂမှ ဥက္ကဌ ကိုတူရယ်က ပြောပါတယ်။ 

ဒါ့ကြောင့် ခလရ(၂၅၀)တပ်မှ တောင်သူတွေရဲ့ဘဝရုန်းကန်မှုကိုစာနာနားလည်ပြီးသဘောထားကြီးစွားဖြင့် တောင်သူတွေ ထွန်ယက်စိုက်ပျိုးမှုကိုခွင့်ပြုပေးသင့်တယ်လို့ ပြောဆိုထားပြီး ပြည်တွင်းရှိ နိုင်ငံရေးပါတီအင်အားစုအသီးသီးကလည်း ၎င်းမြေယာပြဿနာတွေကိုဝိုင်းဝန်းကူညီဖြေရှင်းပေးဖို့ ထုတ်ပြန်ချက်မှာတောင်းဆိုထားပါတယ်။ 

“သက်ဆိုင်ရာ စစ်တပ်၊ အစိုးရကနေပြီး ဒီအပေါ်မှာ အဲဒီအပေါ်မှာ လေးလေးနက်နက်ဖြေရှင်းပေးစေလိုတ်။ သို့မဟုတ်ရင် ပြဿနာတွေပိုပြီးတော့ရှုပ်ထွေးသွားနိုင်တယ်။”လို့ ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂမှ ကောရီယိုက တိုက်တွန်းပြောဆိုသွားပါတယ်။

spot_img
spot_img

Recent posts