spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီလူငယ် ထောက်ခံဆန္ဒပြခဲ့တဲ့ ပြည်မအင်အားစုလူငယ်အမှု အပြီးသတ်အမိန့်ချရန်ရှိ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီလူငယ်ငယ်များ၏ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်ရွေ့ပြောင်းရေးလှုပ်ရှားမှုကို ထောက်ခံဆန္ဒပြခဲ့သည့် ပြည်မအင်အားစု လူငယ်တွေအမှုကို လာမည့် ၂၇ ရက်နေ့တွင် အပြီးသတ်အမိန့်ချမှတ်သွားမယ်လို့သိရပါတယ်။

 ပြည်မလူငယ်အင်အားစုမှ ၂၀၁၉ ဖေဖေါ်ဝါရီ ၁၂ ရက်နေ့တွင် ဆန္ဒဖော်ထုတ်ခဲ့ကြစဉ် Photo Credit – Ei Thinzar Maung

ကယားပြည်နယ် လွိုင်ကော်မြို့ရှိ ကန္နာဟေဝန်ပန်းခြံမှာ ထားရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ပြောင်းရွေ့ရေးနဲ့ပတ်သက်ပြီး ကရင်နီလူငယ်အင်အားစုရဲ့လှုပ်ရှားမှုကို ထောက်ခံသည့် အနေဖြင့် ရန်ကုန်တွင် ၂၀၁၉ ခုနှစ် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့က ရန်ကုန်မြို့ရှိ ဗန္ဓုလပန်းခြံတွင် ဆန္ဒပြခဲ့ကြတဲ့ ပြည်မလူငယ်အင်အားစုများထဲမှ (၅) ဦးကို ကျောက်တံတားမြို့နယ်ရဲ စခန်းမှ ငြိမ်းစုစည် ပုဒ်မ (၁၉) ဖြင့် တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

တရားမျှတမှု၊ လွတ်လပ်မှုနဲ့သွေးစည်းညီညွတ်မှု သုံးချက်ကိုတန်ဖိုးထား အခြေခံပြီး ကရင်နီလူငယ်တွေရဲ့လှုပ်ရှားမှုဟာ တရားမျှတတဲ့လှုပ်ရှားမှုတစ်ခုဖြစ်တယ်လို့ယုံကြည်တဲ့အတွက် ထောက်ခံဆန္ဒပြခဲ့တာဖြစ်တာဖြစ်တယ်လို့ ဆန္ဒပြရာမှာပါဝင်ပြီးတရာစွဲဆိုခံထားရတဲ့ လူ့ဘောင်သစ် (DPNS) လူငယ် ဥက္ကဌ မအိသဉ္ဇာမောင်ကပြောပါတယ်။

“အဓိက ညီမတို့ရဲ့တန်ဖိုးထားမှုက တရားမျှတမှု၊ လွတ်လပ်မှု၊ သွေးစည်းညီညွတ်မှု သုံးချက်အပေါ်မှာတန်ဖိုးထားတယ်ပေါ့နော်၊ ဒီသုံးချက်အပေါ်မှာ ကျမတို့အားလုံးကိုချိတ်ဆက်တယ်၊ ဒီကရင်နီလူငယ်တွေရဲ့ကြေးရုပ်ထုနဲ့ပတ်သက်ပြီးဆန့်ကျင်တဲ့လှုပ်ရှားမှုကို တရားမျှတတဲ့လှုပ်ရှားမှုလို့ညီမတို့မြင်တယ်၊ နောက်တစ်ခုက ညီမတို့အနေနဲ့သွေးစည်းညီညွတ်မှုတစ်ခုကို ပြန်ရမယ်လို့ထင်တယ်၊ သူတို့ရဲ့လှုပ်ရှားမှုကို ပြည်မမှာနေတဲ့ လူငယ်တွေလည်းထောက်ခံတဲ့အကြောင်း၊ သူတို့နဲ့အတူရှိနေတယ်ဆိုတာကို ညီမတို့ကလည်း သူတို့ရဲ့တရားမျှတမှုအတွက် သမိုင်းကြောင်းအမှန်ကို တောင်းဆိုတဲ့ဟာကို ထောက်ခံတဲ့အကြောင်းပါ” လို့ပြောပါတယ်။

ကရင်နီလူငယ်တစ်ဦးဖြစ်တဲ့ ခူးပါစကွားလယ် (ခ) မျိုးလှိုင်ဝင်းက ဒီမိုကရေစီ အစိုးရခေတ်မှာ လူငယ်တွေကို အခုလို တရားစွဲဆိုပြီး ထောင်ချဖမ်းဆီးဖို့ကြိုးစားတာဟာ ဒီမိုကရေစီယဉ်ကျေးမှုကို ရိုက်ချိုးခြိမ်းခြောက်လိုက် တာဖြစ်ပြီး အစိုးရဘက်က ဒီကိစ္စကို ပြန်လည်သုံးသပ်သင့်တယ်လို့ပြောပါတယ်။

“ ဒီမိုကရေစီအစိုးရခေတ်မှာ အခုလို့တရားစွဲဆိုဖို့လုပ်တာဟာ ဒီမိုကရေစီယဉ်ကျေးမှုကို ရိုက်ချိုးလိုက်တာဘဲ၊ လူငယ်တွေကို တရားစွဲ ပြီးထောင်ချဖို့လုပ်တာဟာ ဒီမိုကရေစီယဉ်ကျေးမှုးကို ခြိမ်းခြောက်လိုက်တာဘဲလို့ကျနော်တို့ဘက်ကမှတ်ယူတယ်၊ အစိုးရအနေနဲ့ဒီကိစ္စကို ပြန်လည်သုံးသပ်သင့်တယ်” လို့ပြောပါတယ်။

ကရင်နီလူငယ်အင်အားစုအနေနဲ့ လာမဲ့ ၂၇ ရက်နေ့မှာ အပြီးသတ်အမိန့်ချခံရမည့် ပြည်မလူငယ်အင်အားစု တွေကိုလည်းသွားရောက်ဝန်းရံသွားမှာဖြစ်တယ်လို့ဆိုပါတယ်။

ကရင်နီလူငယ်တွေရဲ့ကြေးရုပ်ဖယ်ရှားရေးလှုပ်ရှားမှုကို ထောက်ခံကြောင်း ဆန္ဒပြခဲ့ကြတဲ့ ပြည်မအင်အားစုလူငယ်တွေထဲက မအိသဉ္ဇာမောင်၊ မအိအိမိုး၊ ကိုသက်ဆွေဝင်း၊ ကိုလင်းထက်နိုင် နှင့် ကိုမိုးင်္ဃးသွေး တို့ကို ကျောက်တံတားမြို့နယ်တရားရုံးက ၂၇ ရက်နေ့မှာ အပြီးသတ်အမိန့်ချမှာဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ဖယ်ရှားရေး လှုပ်ရှားမှုနဲ့ဆက်စပ်ပြီး ကရင်နီလူငယ် (၆) ယောက်ကို ကယားပြည်နယ်အစိုးရက နိုင်လွတ်လုံ ပုဒ်မနဲ့တရားစွဲဆိုခဲ့ပြီး လူငယ်တွေထောင်ဒဏ်ခြောက်လချမှတ်ခံခဲ့ရပြီလည်းဖြစ်ပါတယ်။

spot_img
spot_img

Recent posts