spot_imgspot_imgspot_imgspot_img
Saturday, April 20, 2024
spot_imgspot_imgspot_imgspot_img

သက်ငယ်မုဒိမ်းမှုတွေမှာ တရားစီရင်ရေးကြန့်ကြာနေတာ မဖြစ်သင့်

Author

Date

Category

စိုးထိုက်အောင်

ဖရူဆိုမြို့နယ်မှာ သက်ငယ်မုဒိမ်းမှုကနေ သက်ပြည့် မုဒိမ်းမှုပြန်ဖြစ်သွားတဲ့ကိစ္စရပ်တွေရှိနေတာကြောင့် သက်ငယ်မုဒိမ်းမှုတွေ တရားစီရင်ရေးမှာ ကြန့်ကြာနေတာမဖြစ်သင့်ဘူးလို့ ဖရူဆိုမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က ပြောပါတယ်။

“တရားခံကတော့ ဒါဘယ်ကလူမှန်းမသိဘူးပေါ့နော် ဆိုတော့ တစ်ဘက်က ငွေရေးကြေးရေးနဲ့အာဏာပိုင်တွေကို လာဘ်ထိုးပြီးတော့မှ ဒီအမှုသည် ငယ်သွားအောင်ဆိုတဲ့ပုံစံမျိုးပေါ့နော် အဲ့လိုလုပ်သွားရင် ဒါကျတော်တို့ဒေသခံအမျိုးသမီးတွေအတွက် အရမ်းနစ်နာတယ်ပေါ့နော်။”လို့ ဦးသဲရယ်က ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ၁၄ရက်ကကျင်းပခဲ့တဲ့ ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ မေးမြန်းခဲ့ပေမယ့်လည်း တိကျတဲ့ အဖြေမရခဲ့ဘူးလို့ဆိုပါတယ်။ လက်ရှိ ဖရူဆိုမြို့နယ်အတွင်းမှာ သက်ငယ်မုဒိမ်းမှုနဲ့ပတ်သက်လို့ လွိုင်ကော်ခရိုင်တရားရုံးမှာ စစ်ဆေးနေဆဲအမှုရှိနေပြီး တရားခံအမှုမှန်ပေါ်ပေါက်နိုင်ရေး အစိုးရမှမည်ကဲ့သို့ ဆောင်ရွက်ထားလဲဆိုတာ သိရှိလိုကြောင်း မေးမြန်းခဲ့တာဖြစ်ပါတယ်လို့ဆိုပါတယ်။

ဦးသဲရယ်က “ ဒီမုဒိမ်မှုနဲ့ပတ်သတ်တာကတော့ ကျတော်တို့ဖရူဆိုမှာ ပြောရမယ်ဆိုလိုရှိရင် ၃ခုပေါ့ သက်ငယ်က ၂ခုမြောက်တယ် တစ်ခုကျတော့ သက်ပြည့်ဖြစ်သွားတာပေါ့နော်။ ဆိုတော့အဲ့လိုဘာကြောင့်ကျတော်မေးရတာလဲဆိုလို့ရှိရင်ကျတော်တို့ဆီမှာဖြစ်နေတဲ့မုဒိမ်းမှုက ဒါရှင်းရှင်းပြောရရင် သက်ပြည့်သွားတဲ့အမှုတစ်မှုပေါ့နော် ပထမတုန်းကတော့ သက်ငယ်မုဒိမ်းမှုဖြစ်တာပေါ့ ကြာလာ တဲ့အခါကျတော့ သက်ပြည့်ဖြစ်သွားတယ်။” လို့ပြောပါတယ်။

တရားစီရင်ရေးနဲ့နှောက်နှေး နေတာနဲ့ပတ်သတ်ပီးတော့ ဖက်ဒရယ် Training Team စီနီယာ Trainner ဆရာခိုင်ကျော်မိုးက “ကျတော်မြင်တာကတော့လေ ဒီမဏ္ဍိုင် တွေအကုန်လုံးပေါ့ လောလောဆယ်တော့ ဖက်ဒရယ်တွေဘာတွေတော့မရောက်သေးဘူးပေါ့။ ဒါပေမဲ့ဒီမို ဂမိုဂရေစီ တံခါးပွင့်လာတဲ့ အချိန်မှာ ရွေးကောက်ပွဲနဲ့တက်လာတဲ့ အစိုးရအုပ်ချုပ်ရေးမဏ္ဍိုင်တွေ၊ တရားစီရင်ရေးမဏ္ဍိုင်တွေ အကုန်လုံးက တစ်ခုအားမကောင်းရင်တစ်ခုလဲ ကျတာဘဲ။ ဆိုတော့တစ်ခုနဲ့တစ်ခုအပြန်အလှန်မီနေတယ် ဒါက ဒီ Institution တွေအကုန်လုံးက တစ်ပြိုင်နဲ့အပြန်အလှန် မှီခိုပြီးတော့ အားကောင်းအောင်လုပ်ဖို့လိုတယ်။ ကျန်တဲ့ ဆိုလိုချင်တာက ကျန်တဲ့မဏ္ဍိုင်တွေက အားနည်းရင် တရားစီရင်ရေးမဏ္ဍိုင်လဲ အားနည်းမှာဘဲ။” လို့ရှင်းပြပါတယ်။

သက်ငယ်မုဒိမ်းမှုကနေ သက်ပြည့်မုဒိမ်းမှု ဖြစ်သွားတဲ့အတွက် တရားခံတွေဘက်ကို ပြစ်ဒဏ်လျော့ပေါ့တဲ့ ပုံစံမျိုးနဲ့လုပ်သွားတဲ့အနေအထားမျိုးတွေတွေ့နေရတယ်လို့ ဦးသဲရယ်က ပြောပါတယ်။

spot_img
spot_img

Recent posts