spot_imgspot_imgspot_imgspot_img
Sunday, May 19, 2024
spot_imgspot_imgspot_imgspot_img

ယုံကြည်မှုကို ပိုမိုပျက်ပြားစေနိုင်တဲ့ လုပ်ရပ်တွေကို ပြည်နယ်အစိုးရ ရှောင်ရှားဖို့လိုအပ်ကြောင်း KNPP ပြော

Author

Date

Category

မော်ဦးမြာ

ဒေသန္တာရအမိန့်ပါ ကြေညာချက်များက နှစ်ဖက် အပြန်အလှန်ယုံကြည်မှုကို ပိုမိုပျက်ပြားစေတဲ့အတွက် ပြည်နယ်အစိုးရအနေနဲ့ အဆိုပါလုပ်ရပ်တွေကို ရှောင်ရှားဖို့ လိုအပ်တယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) မှ ဗဟိုကော်မတီဝင် ဦးအောင်ဆန်းမြင့်က ပြောပါတယ်။

“ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထိခိုက်လား မထိခိုက်လားဆိုတာကတော့ ဒီကနေ့ ဖြစ်နေတဲ့ ရောဂါ အခြေအနေအပေါ်မှာ ကျတော်တို့ တစ်ဖက်နဲ့ တစ်ဖက်ပေါ့နော ယုံကြည်မှု ပျက်သွားစေနိုင်တဲ့ ဆောင်ရွက်ချက်မျိုးတွေပေါ့နော အမိန့်တွေပေါ့ ဒါတွေကတော့ နည်းနည်းရှောင်ဖို့ လိုတာပေါ့နော။ အကန့်အသတ်တွေပေါ့။ လိုတာထက် ပိုပြီးတော့မှ မလုပ်ဖို့ပေါ့လေ။” လို့ ဗဟိုကော်မတီဝင် ဦးအောင်ဆန်းမြင့်က ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့မှာ ကယား(ကရင်နီ) ပြည်နယ်အတွင်းရှိ မြို့ နယ် (၇) မြို့ နယ်မှ မြို့ နယ် အထွေအထွေ ဦးစီးဌာန ဦးစီးမှူးများရဲ့ လက်မှတ်ဖြင့် စည်းကမ်းချက်တွေ အချက် (၁၀) ချက်ပါ အမိန့်စာတစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။

အမိန့်စာပါ အချက်တွေဟာ အခြေခံလူ့အခွင့်အရေးတွေကို ချိုးဖောက်ထားတာတွေပါနေတယ်လို့ ပြည်နယ်အတွင်းရှိ အရပ်ဖက် အဖွဲ့အစည်းတွေက ဝေဖန်ထောက်ပြထားပါတယ်။

အဖွဲ့အစည်းတချို့ ၊ လူပုဂ္ဂိုလ်တချို့ မှ အစိုးရရဲ့ လုပ်ဆောင်ချက်တွေအပေါ်ကို အခြေခံပြီး ထုတ်ပြန်ချက်တွေ ထုတ်တာတွေ ရှိတဲ့အတွက် အစိုးရအနေနဲ့ စိုးရိမ်စရာတွေ ဖြစ်လာတဲ့အတွက် ယခု ဒေသန္တာရအမိန့်စာကို ထုတ်ပြန်လိုက်ရခြင်းဖြစ်တယ်လို့ ရှားတောမြို့ နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးရန်နိုင်မောင်က ပြောပါတယ်။

“ ထုတ်ပြန်ချက်ထုတ်ရတာ ဒီရက်ပိုင်းအတွင်း လူတချို့ ၊ အဖွဲ့အစည်းတချို့ က အစိုးရရဲ့ လုပ်ဆောင်ချက် တချို့အပေါ်မှာ ထုတ်ပြန်ချက်တွေ ထုတ်ခဲ့တယ်ပေါ့။ ကျတော်တို့ အုပ်ချုပ်ရေးတို့၊ အစိုးရတို့လည်း စိုးရိမ်မှု တချို့ ရှိတယ်ပေါ့။ ထပ်ပြီးတော့ တခြားဖြစ်စဉ်တွေလည်း ဖြစ်လာနိုင်တယ်လို့ ကျတော်တို့ သုံးသပ်တယ် ဒါကြောင့် ထုတ်ရခြင်း ဖြစ်ပါတယ်။” လို့ ဦးချုပ်ရေးမှူး ဦးရန်နိုင်မောင်က ပြောပါတယ်။

ကိုဗစ်ရောဂါကို ရင်ဆိုင်နေရတဲ့ အချိန်ကာလမှာ လူထုများ စိုးရိမ်ပူပန်စေမဲ့ ထုတ်ပြန်ချက်၊ အမိန့်တွေကို ထုတ်ပြန်တာကို ဆင်ခြင်သင့်သလို အမိန့်စာပါ အချက်တွေကလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပြောဆိုထားတဲ့ အချက်တွေ ဖြစ်ပေမဲ့လို့ ယခုလို ထပ်မံ ထုတ်ပြန်ရခြင်းဟာလည်း ယုံကြည်မှုပျက်ပြားစေနိုင်ပြီး ဖြေရှင်းဖို့ လိုအပ်တဲ့ အချက်ထဲ ပါတယ်လို့ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။

ထုတ်ပြန်ချက်များတွင်းပါရှိသည့် စည်းကမ်းချက်များ –

(က) ပြည်သူလူထုအားထင်ရောင်ထင်မှားဖြစ်စေမည့် စကားလုံး အသုံးအနှုန်းများဖြင့် လှု့ဆော်ခြင်း ၊ စည်းရုံးခြင်း၊ ထုတ်ဖော်ပြောဆိုခြင်းများ မပြုလုပ်ရ၊

(ခ) နိုင်ငံတော်နှင့် နိုင်ငံတော်အစိုးရအဖွဲ့ အစည်းများအား အကြည်အညိုပျက်စေမည့် ဥပဒေနှင့် မညီညွတ်သည့် အရေးအသားများ၊ ရုပ်ပုံကားချပ်၊ ပိုစတာများ ၊ ဗွီနိုင်း ၊ လက်ကမ်း စာစောင်များ အစရှိသည့် အမှတ်အသားတစ်ခုခုကို ပုံနှိပ်၍သော်လည်းကောင်း၊ နည်းလမ်းအမျိုးမျိုးဖြင့်သော်လည်းကောင်း၊ မည်သည့်နေရာတွင်မျှ မပြုလုပ်ရ။

(ဂ)ဥပဒေနှင့် မညီညွတ်သော မဟုတ်မမှန်သည့် အချက်အလက်များပါဝင်သော သဘောထားများ ထုတ်ပြန်ခြင်း ဖော်ပြဆောင်ရွက်ခြင်းကို မည်သည့်နေရာတွင်မျှ မပြုလုပ်ရ။

(ဃ) နိုင်ငံတော်နှင့် နိုင်ငံတော်အစိုးရအဖွဲ့အစည်းများအပေါ် အကြည်အညိုပျက်စေမည့် အပြောအဆိုများအား ရပ်ကွက်/ကျေးရွာအုပ်စု၊ ကျေးရွာဧရိယာ နယ်နိမိတ်အတွင်း သံချဲ့စက်၊ ကရိယာများကို အသုံးပြု၍သော်လည်းကောင်း၊ အသုံးမပြုဘဲသော်လည်းကောင်း လှည့်လည်ပြောဆိုခြင်းမပြုရ။

(င) အများပြည်သူများနှင့် သက်ဆိုင်သောနေရာများ ၊ အပန်းဖြေသည့်နေရာများတွင် အရက်သေစာသောက်စားခြင်း၊ မူးယစ်ရမ်းကားခြင်း၊ အော်ဟစ်ဆူညံခြင်း မပြုလုပ်ရ။

(စ)ဆိုင်ကယ်၊ ကားများ တစ်ဦးတည်းဖြစ်စေ ၊ အုပ်စုဖွဲ့၍ဖြစ်စေ အော်ဟစ်ဆူညံစွာ မောင်းနှင်ခြင်း၊ အများပြည်သူ စိတ်အနှောက်အယှက်ဖြစ်စေသည့် ပါဝါအိပ်ဇောများ၊ တပ်ဆင်၍ မောင်းနှင်ခြင်း မပြုလုပ်ရ။

(ဆ) အစိုးရမှ စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေပေါ်တွင် အစိုးရ၏ ခွင့်ပြုချက်မရရှိဘဲ ကျူးကျော်ဝင်ရောက် အသုံးပြုခြင်း မပြုလုပ်ရ။

(ဇ) အများပြည်သူကို စိုးရိမ်ထိတ်လန့်စေအောင် မမှန်မကန် သတင်းထုတ်ပြန်ခြင်း မပြုရ။

(ဈ) ပြည်သူပိုင်ပစ္စည်း ၊ အများပိုင်ပစ္စည်းများကို ထိခိုက်ပျက်စီစေမည့် အပြုအမူများ မပြုလုပ်ရ။

(ည) နိုင်ငံတော်နှင့် ပြည်သူကိုဖြစ်စေ ၊ လူမျိုးရေးကိုဖြစ်စေ၊ ဘာသာရေးကိုဖြစ်စေ ၊ လူ့သိက္ခာ နှင့် ကိုယ်ကျင့် တရားကိုဖြစ်စေ ထိခိုက်စေမည့် အမုန်းစကားကို ဖြစ်ပေါ်စေသော အပြောအဆို၊အပြုအမူများ မပြုလုပ်ရ။

spot_img
spot_img

Recent posts