spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

တပ်မတော်မှ ကေအဲန်ပီပီအား COVID-19 ကပ်ရောဂါ ကာကွယ်ရေးပစ္စည်းများ လှူဒါန်း

Author

Date

Category

နော်ဒွေးအယ်ခူ

ကမ္ဘာ့ကပ်ရောဂါ COVID-19 ကာလအတွင်း မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် မြန်မာ့တပ်မတော် (ကြည်း၊ ရေ၊ လေ) အဖွဲ့ဝင်များမှ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အား COVID-19 ကပ်ရောဂါ ကာကွယ်ရေးပစ္စည်းများကို လှူဒါန်းသွားတယ်လို့သိရပါတယ်။

“အစကတော့ ကေအန်ပီပီရုံးမှာပေးဖို့ရှိတယ် မိုးကရုတ်တရက်ရွာချလာခဲ့ရင် ပစ္စည်းတွေသယ်တာရွေ့တာခက်ခဲတာဖြစ်မှာစိုးတဲ့အတွက် ဒီခန်းမမှာပဲတွေ့ဆုံပြီးတော့ ပေးအပ်ရခြင်းဖြစ်ပါတယ်။ ဒါကတော့ ကျတော်တို့တပ်မတော်ရဲ့ကိုဗစ်၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဆောင်ရွက်မှုအများကြီးထဲကနေပြီးတော့ တစ်ခုဖြစ်ပါတယ်” လို့ ဒကစမှူး ဗိုလ်မှူးကြီးထွန်းနိုင်ဦးက အမှာစကားပြောပါတယ်။

ယနေ့ မေလ ၂၂ ရက်နေ့ ကယားပြည်နယ် ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ဒကစ)ရိပ်သာမှာ လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။

တပ်မတော်(ကြည်း၊ ရေ၊ လေ) မှ လှူဒါန်းတဲ့ပစ္စည်းတွေကို ကေအန်ပီပီအဖွဲ့ကိုထောက်ပံ့လှူးဒါန်းလိုက်ခြင်းအားဖြင့် ပြည်သူလူထုကို ရောဂါကူးစက်ပြန့်ပွားမှုမရှိအောင်ကာကွယ်နိုင်လိမ့်မယ်လို့ ဒကစမှူး ဗိုလ်မှူးကြီးထွန်းနိုင်ဦးက အမှာစကားမှာထည့်သွင်းပြောကြားပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ ကယားပြည်နယ်ဟာ ကိုဗစ်၁၉ရောဂါကင်းစင်တဲ့ပြည်နယ်တစ်ခုသာကျန်ရှိနေပြီး ဒီလိုရောဂါကင်းစင်နိုင်ဖို့အတွက် ကေအန်ပီပီမှ တာဝန်ရှိတယ်လို့ ယူဆတဲ့အတွက် နယ်စပ်ဝင်ပေါက်ဂိတ်တွေကို မတ်လ ၁၇ ရက်နေ့ကတည်းကပိတ်ထားပြီး မေလ ၃၁ရက်နေ့အထိ သက်တမ်းတိုးပိတ်ထားတယ်လို့ ကေအန်ပီပီမှ အထွေထွေအတွင်းရေးမှူး ဦးရွှေမျိုးသန့်က ပြောကြားပါတယ်။

ဒါ့အပြင် ရောဂါထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းတွေမှာ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ကလည်း ပူးပေါင်းဆောင်ရွက်ဖို့ အကြောင်းကြားထားတာဖြစ်တဲ့အတွက် အဆင့်ဆင့်ဆောင်ရွက်လျက်ရှိနေတယ်လို့ဆိုပါတယ်။

ဦးရွှေမျိုးသန့်က “ ကျတော်တို့မှာလည်း ကျန်းမာရေးဌာနတွေရှိတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှ ဆောင်ရွက်ဖို့ဖွဲ့စည်းထားတဲ့ကော်မတီတွေလည်းရှိတယ်။ ကျန်းမာရေးဌာနမှာလည်း အဆင့်ဆင့် သက်ဆိုင်ရာမြို့နယ်အလိုက် တာဝန်ခွဲဝေပြီးတော့မှ ဆောင်ရွက်တဲ့အပိုင်းတွေရှိတယ်။ ဒါကြောင့်မလို့ ကျတော်တို့အနေနဲ့ အပြည့်အဝပူးပေါင်းဆောင်ရွက်မယ်ဆိုတာ အတိအလင်းအကြောင်းပြန်ထားပြီးဖြစ်ပါတယ်” လို့ ဆိုပါတယ်။

တပ်မတော်(ကြည်း၊ရေ၊လေ) မှပံ့ပိုးလှူးဒါန်းထားတဲ့ထောက်ပံ့ပစ္စည်းတွေကို ကေအန်ပီပီအတွက်သုံးမှာမဟုတ်ဘဲ လိုအပ်နေတဲ့ပြည်သူတွေကို ဆက်လက်ဖြန့်ချီသွားမယ်လို့ ၎င်းကပြောပါတယ်။

ကပ်ရောဂါကာလအတွင်းမှာ တပ်မတော်အဖွဲ့တွေက စုပေါင်းလှူဒါန်းပေးတဲ့အပေါ်မှာ ဂုဏ်ယူကြောင်းနဲ့ နောက်နောင်မှာလည်း တိုင်းပြည်၊ လူမျိုးအတွက် အခုလိုမျိုး ကြည့်ရှုစောင့်ရှောက်ပေးဖို့ ဦးရွှေမျိုးသန့်က ဆက်လက်ပြောဆိုပါတယ်။

တပ်မတော်(ကြည်း၊ရေ၊လေ)မှ Surgical Mask (10000) ၊ N-95 (500)၊ Face Shield (250)၊ Bleaching Powder 50-kg (5)၊ PPE (100)၊ Examination Glove (100’s) (1000)၊ Hand Gel (150)၊ Hand Sanitizer (150) စတဲ့ ထောက်ပံ့ပစ္စည်းအပါအဝင် တယ်လို့သိရပါတယ်။

တပ်မတော်ဖက်မှ တာဝန်ရှိသူတွေဖြစ်ကြတဲ့ အမတ ၃၅၆ တပ်ရင်းမှူး ဗိုလ်မှူးကြီး တင်ထွန်းအောင်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရေးဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေ၊ ဒကစမှူး ဗိုလ်မှူးကြီးထွန်းနိုင်ဦး တို့က ထောက်ပံ့ပစ္စည်းကိုပေးလှူးဒါန်းခဲ့ပြီး ကေအန်ပီပီတာဝန်ရှိသူများဖြစ်ကြတဲ့ ဦးရွှေမျိုးသန့်ဦးဆောင်တဲ့ အဖွဲ့ဝင် (၅)ဦးက ပစ္စည်းလက်ခံခဲ့ပါတယ်။

ကေအန်ပီပီဖက်မှလည်း အထွေထွေအတွင်းရေးမှူးချုပ်လက်မှတ်ရေးထိုးထားတဲ့ ကျေးဇူးတင်မှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့ပါတယ်။

တပ်မတော်တာဝန်ရှိပုဂ္ဂိုလ်များနဲ့ ကေအန်ပီပီတာဝန်ရှိပုဂ္ဂိုလ် တွေ့ဆုံပွဲမှာ ထောက်ပံ့ပစ္စည်းအကြောင်းကလွဲပြီး တခြားအကြောင်းအရာခေါင်းစဉ်တွေကို ဆွေးနွေးခြင်းမရှိခဲ့ပါဘူး။

spot_img
spot_img

Recent posts