Monday, November 29, 2021

နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့်မဆုံးရှုံးဖို့ ပြင်ဆင်ထားသင့်ပြီ

Must read

နိုဝင်ဘာလ ၂၉ ရက် Kantarawaddy Times နေ့စဥ် Online ရေဒီယို အစီအစဥ်

https://soundcloud.com/kantarawaddy-times/kantarawaddy-times-35048852 ဒီနေ့ ၂၀၂၁ နိုဝင်ဘာလ ၂၉ ရက်နေ့ KT FM ရဲ့ တနင်္လာနေ့ မနက်ပိုင်း ထုတ်လွင့်မယ့် သတင်းအကြောင်းအရာများမှာ၁။ စစ်မြေပြင်ထဲက တောင်သူတွေရဲ့ ရိတ်သိမ်းချိန်ဆိုတဲ့သတင်း၂။ နောက်ဆုံးရသတင်းတွေနဲ့အတူ “နောက်မှာကျန်ရစ်တဲ့...

ညအချိန်ထိ သီးနှံရိတ်သိမ်းနေရတဲ့ မိုးဗြဲတောင်သူများ

https://youtu.be/R0hpEtFQeis ကရင်နီ-ရှမ်းပြည်နယ်စပ်ရှိ မိုးဗြဲတောင်သူတွေ ထိုးစစ်သတင်းတွေကြား ညအချိန်ထိ စိုးရိမ်ကြောက်ရွံ့မှုနဲ့ စပါးသီးနှံတွေကို ရိတ်သိမ်းနေကြရပါတယ်။

စစ်မြေပြင်ထဲက တောင်သူတွေရဲ့ ရိတ်သိမ်းချိန်

https://youtu.be/zQSoYnIaZ28 ကန္တာရဝတီတိုင်း(မ်) ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)တပ်ရင်းက ရဲဘော်တွေ ပြည်သူတွေ စပါးရိတ်သိမ်းချိန် တစ်ဖက်တစ်လမ်း ပါဝင်ကူညီနေကြတာဖြစ်ပါတယ်။ အခုလို တိုက်ပွဲကာလအတွင်းမှာ...

ကိုဗစ်ကာကွယ်ဆေးထိုးပြီးနောက် ကာကွယ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးများ

ကန္တာရဝတီတိုင်း(မ်) လက်နိုင်ငံရေးအခြေအနေအရ အာဏာပိုင်တွေရဲ့ ကိုဗစ်ကာကွယ်ဆေးထိုးနှံရေး အစီအစဉ်တွေ၊ ကိုယ်ထူကိုထ ကာကွယ်ဆေးထိုးတဲ့ အစီအစဉ်တွေနဲ့ တခြားသော အဖွဲ့အစည်းတွေက လုပ်ဆောင်ပေးနေတဲ့ အစီအစဉ်တွေကနေ ပြည်သူတွေက ကာကွယ်ဆေး အသီးသီးထိုးနှံလာနေကြပါပြီ။ ကာကွယ်ဆေးထိုးနှံပြီးတဲ့...

ကန္တာရဝတီတိုင်း(မ်)

၂၀၂၀ ရွေးကောက်ပွဲကို နိုဝင်ဘာလအတွင်းမှာ လုပ်မှာဖြစ်တဲ့အတွက် ရွေးကောက်ပွဲမှာ မိမိတို့ ကြိုက်နှစ်သက်တဲ့ ကိုယ်စားလှယ်တွေကို ရွေးကောက်တင်မြောက်နိုင်ဖို့ အရေးကြီးတဲ့အချိန်ရောက်လာ တော့မှာဖြစ်ပါတယ်။

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတုန်းက ကယားပြည်နယ် အတွင်း မဲဆန္ဒပေးခွင့်ရှိသူ ( ၁၇၈၃၁၆ ) ဦး ရှိပါတယ်။ လက်ရှိ အထွေထွေမြို့နယ် အုပ်ချုပ်ရေးဦးစီးဌာနတွေရဲ့၂၀၂၀ ၊ ဇန်နဝါရီလ ထုတ် ဒေသဆိုင်ရာ အချက်အလက်များအရ တစ်ပြည်နယ်လုံး စုစုပေါင်း မဲဆန္ဒပေးပိုင်ခွင့်ရှိသူ ၁၉၃၄၉၁ ရှိပါတယ်။

အရင် ရွေးကောက်ပွဲထက် လူဦးရေမဲပေးပိုင်ခွင့်ရှိသူ တစ်သောင်းခွဲကျော်များလာပါတယ်။

ကယားတစ်ပြည်နယ်လုံးမှ မဲဆန္ဒရှင် မဲပေးခွင့်ရှိသူက နှစ်သိန်းနီးပါးသာရှိနေတဲ့အချိန်မှာ လူဦးရေ နှစ်သောင်းနီးပါက မဲပေးဖို့ အခွင့်အရေးဆုံးရှုံးခဲ့မယ်ဆိုရင်တော့ ပြည်နယ်အတွက် အရမ်းနစ်နာစေမှာဖြစ်ပါတယ်။

အကြောင်းကတော့ ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မည်သည့်ကဒ်မှ ကိုင်ဆောင်ထားခြင်းမပြုခဲ့တဲ့သူ ကယားပြည်နယ်အတွင်းမှာ အသက် ဆယ်နှစ်နှင့်အထက် လူဦးရေ နှစ်သောင်းနီးပါးရှိခဲ့ပါတယ်။

နှစ်သောင်းနီးပါးရှိနေတဲ့ လူဦးရေက အခုချိန်အထိ မည်သည့်ကဒ်မှ မကိုင်ဆောင်ထားသေးဘူးဆိုရင် လာမည့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲထည့်ဖို့ ဆုံးရှုံးနိုင်ပါတယ်။

သန်းခေါင်းစာရင်း ထုတ်ပြန်ချိန်တန်းက ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ ဆန္ဒမဲပေးခွင့် စာရင်းပြုစုချိန်နှင့် နီးကပ်သွားလို့ မဲပေးခွင့်တစ်ကြိမ် ဆုံးရှုံးခဲ့ရပြီး ဖြစ်တယ်လို့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူ ကျော်ထင်အောင်က ထောက်ပြရေးသားထားတဲ့ ဆောင်းပါးအရ သိခဲ့ရပါတယ်။

ဒါကြောင့် အသက် ၁၈ နှစ်ပြည့်ပြီးသူတွေမှာလည်း မဲပေးပိုင်ခွင့် မဆုံးရှုံးစေဖို့ မှတ်ပုံတင်မရှိသေးရင် မှတ်ပုံတင်တွေလုပ်ထားဖို့လိုနေပါပြီ။ မြန်မာနိုင်ငံ နိုင်ငံသားတစ်ဦးအနေနဲ့ မည်သည့်ကဒ်မှ မကိုင်ဆောင်ထားရသေးတဲ့သူတွေမှာလည်း နိုင်ငံသား အသိအမှတ်ပြုတဲ့ ကဒ်တစ်မျိုးမျိုး ရှိထားသင့်ပါပြီ။

ဇွန်လ ၂၈ ရက်နေ့အထိ ကယားပြည်နယ်ရဲ့ ၂၀၂၀ ခုနှစ် နောက်ဆုံးရ လူဦးရေ မဲပေးခွင့်း စာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရင်က မဲဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဦးရေ မထုတ်ပြန်နိုင်သေးပါဘူူး။

အခုချိန်မှာ မဲပေးခွင့်ရှိသူတွေရဲ့ စာရင်းတွေအမြန်ထုတ်ပေးရင်တော့ မှတ်ပုံတင်မရှိတဲ့သူတွေ ၊ နာမည်ထပ်နေတာတွေ ၊ မဲပေးခွင့်ကျန်ခဲ့တဲ့သူတွေ စောစောသိရပြီး လိုအပ်တာတွေ အမြန်ပြင်ဆင်နိုင် လိုနေပြီဖြစ်တယ်လို့ ကန္တာရဝတိုင်း(မ်)မှ တိုက်တွန်း လိုက်ရပါတယ်။

- Advertisement -
- Advertisement -

Latest article

နိုဝင်ဘာလ ၂၉ ရက် Kantarawaddy Times နေ့စဥ် Online ရေဒီယို အစီအစဥ်

https://soundcloud.com/kantarawaddy-times/kantarawaddy-times-35048852 ဒီနေ့ ၂၀၂၁ နိုဝင်ဘာလ ၂၉ ရက်နေ့ KT FM ရဲ့ တနင်္လာနေ့ မနက်ပိုင်း ထုတ်လွင့်မယ့် သတင်းအကြောင်းအရာများမှာ၁။ စစ်မြေပြင်ထဲက တောင်သူတွေရဲ့ ရိတ်သိမ်းချိန်ဆိုတဲ့သတင်း၂။ နောက်ဆုံးရသတင်းတွေနဲ့အတူ “နောက်မှာကျန်ရစ်တဲ့...

ညအချိန်ထိ သီးနှံရိတ်သိမ်းနေရတဲ့ မိုးဗြဲတောင်သူများ

https://youtu.be/R0hpEtFQeis ကရင်နီ-ရှမ်းပြည်နယ်စပ်ရှိ မိုးဗြဲတောင်သူတွေ ထိုးစစ်သတင်းတွေကြား ညအချိန်ထိ စိုးရိမ်ကြောက်ရွံ့မှုနဲ့ စပါးသီးနှံတွေကို ရိတ်သိမ်းနေကြရပါတယ်။

စစ်မြေပြင်ထဲက တောင်သူတွေရဲ့ ရိတ်သိမ်းချိန်

https://youtu.be/zQSoYnIaZ28 ကန္တာရဝတီတိုင်း(မ်) ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)တပ်ရင်းက ရဲဘော်တွေ ပြည်သူတွေ စပါးရိတ်သိမ်းချိန် တစ်ဖက်တစ်လမ်း ပါဝင်ကူညီနေကြတာဖြစ်ပါတယ်။ အခုလို တိုက်ပွဲကာလအတွင်းမှာ...

ကိုဗစ်ကာကွယ်ဆေးထိုးပြီးနောက် ကာကွယ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးများ

ကန္တာရဝတီတိုင်း(မ်) လက်နိုင်ငံရေးအခြေအနေအရ အာဏာပိုင်တွေရဲ့ ကိုဗစ်ကာကွယ်ဆေးထိုးနှံရေး အစီအစဉ်တွေ၊ ကိုယ်ထူကိုထ ကာကွယ်ဆေးထိုးတဲ့ အစီအစဉ်တွေနဲ့ တခြားသော အဖွဲ့အစည်းတွေက လုပ်ဆောင်ပေးနေတဲ့ အစီအစဉ်တွေကနေ ပြည်သူတွေက ကာကွယ်ဆေး အသီးသီးထိုးနှံလာနေကြပါပြီ။ ကာကွယ်ဆေးထိုးနှံပြီးတဲ့...

နိုဝင်ဘာလ ၂၈ ရက် Kantarawaddy Times နေ့စဥ် Online ရေဒီယို အစီအစဥ်

https://soundcloud.com/kantarawaddy-times/kantarawaddy-times-online-10?si=f7be7232eb6748ecaab6da1a6386255d ဒီနေ့ ၂၀၂၁ နိုဝင်ဘာလ ၂၈ ရက်နေ့ KT FM ရဲ့ တနင်္ဂနွေနေ့ မနက်ပိုင်း ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေက၁။ ဒီးမော့ဆိုတိုက်ပွဲအတွင်း ကျဆုံးသွားခဲ့တဲ့ KNDF ရဲဘော်လေးဦးရဲ့ ဈာပနအခမ်းအနားကျင်းပ၂။...