spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

အခြေခံပညာကျောင်းတွေမှာ ကျောင်းဖွင့်နိုင်ဖို့ ကျောင်းသားမိဘတွေ ကိုယ်ထူကိုယ်ထကြိုးစားနေ

Author

Date

Category

အန်ထော်နီ

ကိုရိုနာဗိုင်းရပ်(စ်) ထိန်းချုပ်ကာကွယ်နေတဲ့ကာလအတွင်းမှာ အခြေခံပညာကျောင်းတွေဖွင့်နိုင်ဖို့ သတ်မှတ်ထားတဲ့ ကာကွယ်တားဆီးရေး လုပ်ငန်းတွေ အဆင့်(A) ရရှိဖို့ ကျောင်းသားမိဘတွေ ကိုယ်ထူကိုယ်ထကြိုးစားနေကြပါတယ်။

ယခုအချိန်မှာ covid – 19 ကာလဖြစ်သည်နှင့်အညီ အထက်တန်းကျောင်းတွေ ပြန်လည်ဖွင့်လှစ်လျက်ရှိပြီး အဆင့် A ရှိမှသာကျောင်းတွေကို ပြန်လည်ဖွင့်လှစ်ဖို့ ခွင့်ပြုထားတဲ့အတွက် ကျောင်းမှာလိုအပ်တာတွေကို ကျောင်းသားမိဘတွေက ဝိုင်းဝန်းဖြည့်ဆည်းပေးနေကြရတာပါ။

ဒီးမော့ဆိုမြို့နယ် အခြေခံပညာအထက်တန်းကျောင်း အ.ထ.က ဒေါတမငယ် ကျောင်းကတော့ ကျောင်းသားမိဘတွေရဲ့ အင်အားနဲ့ ၂၀၂၀-၂၁ ပညာသင်နှစ်အတွက် အဆင့် A ကိုထဲထဲဝင်ဝင် ဝင်ရောက်နိုင်ရန် ကိုယ်ထူကိုယ်ထကြိုးစားနေတယ်လို့ ကျောင်းသားမိဘဆရာအသင်း အတွင်းရေးမှုုး ဦးစောသာဓုဦး ကပြောပါတယ်။

“ အခုကျနော်တို့လုပ်နေတဲ့အပိုင်းကတော့ ကျန်းမာရေးနဲ့ဆိုင်တဲ့အပိုင်းပေါ့ A အဆင့်ဝင်နိုင်အောင် ကျန်းမာရေးလမ်းကြောင်းပေါ်သို့ရောက်နိုင်အောင်ဆိုပြီး စာသင်ကျောင်းရဲ့ ရေစီးရေလာမြောင်းလေးတွေကို ကျနော်တို့ ကျောင်းသားမိဘအနေနဲ့ဆောင်ရွက်ပေးတာရှိတယ်။ နောက်ပြီးတော့ ယောကျာၤးလေးအပေါ့အပါး သွားနိုင်ဖို့အတွက် အခန်းလေးတွေကို ကျနော်တို့ဆောက်ပေးတာရှိတယ်။” လို့ ဦးစောသာဓုဦးက ပြောပါတယ်။

ကျောင်းအနေနဲ့ အဆင့် A ဝင်သော်လည်းပဲ လိုအပ်ချက်တွေများနေတာကြောင့် ကျောင်းဖွင့်လှစ်လျက်ရှိသောကြောင့် ယခုအခါတွင် ကျောင်းသားမိဘကောင်မတီများမှ ပြည့်စုံသော အဆင့် A ဝင်နိုင်ရန်ကြိုးစားဆောင်ရွက်နေကြပါတယ်။

ထို့အပြင် ကျောင်းသူ/သားတွေ အပူချိန်တိုင်းတဲ့အချိန်မှာ ဆရာ/မ တွေအဆင်ပြေစေဖို့ အဝင်အထွက်ဂိတ်တွေ၊ အလံတိုင်အလေးပြုဖို့နေရာတွေမှာ ကွန်ကရစ်ခင်းတာတွေ၊ လျပ်စစ်မီးတွေ ၊ ရေရရှိရေးတွေ၊ ကျောင်းတော်အရှေ့ဖက် အုတ်တံတိုင်းနှင့်မုဒ်ဦးတွေကို ကျောင်းသားမိဘတွေနဲ့ အလှုုရှင်အင်အားတွေကနေပြီး ကိုယ်ထူကိုယ်ထကြိုးစားခဲ့ရတယ်လို့ ဦးစောသာဓုဦးက ဆက်လက်ပြောပြခဲ့ပါတယ်။

အခုလို အခြေခံပညာကျောင်းတွေမှာ COVID-19 ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါ ကျောင်းရဲ့ ရံပုံငွေနဲ့ လုံလောက်မှုမရှိပါဘူး။

ဒေါတမငယ် ကျောင်းအကျိုးတော်ဆောင်ဥက္ကဌ ဦးအိုက်အောင် “ ဒီ covid သုံးဖို့အတွက် ငွေတွေဘာတွေတော့ သူတို့ချပေးပါတယ်။ ဒါပေမယ့် သူတို့ချပေးတဲ့ငွေနဲ့ပတ်သက်ပြီဆိုရင်တော့ တစ်ကယ်တမ်းပြန်စဉ်းစားကြည့်မယ်ဆိုရင် သူတို့ချထားတဲ့မူစည်းကမ်းတွေဘာတွေနဲ့ ပြန်ယှဉ်ကြည့်မယ်ဆိုရင် မလုံလောက်ပါဘူး တစ်ကယ်မလုံလောက်ပါဘူး။ မလုံလောက်တဲ့အခါကျတော့ သူတို့လိုချင်တဲ့ပုံစံအနေအထားတော့ မရောက်ဘူးပေါဗျား မရောက်ပေမယ့်လည်း ကျောင်းသားမိဘတွေ ကျောင်းအကျိုးတော်ဆောင်တွေနဲ့ညိုနိုင်းပြီးတော့မှ A အဆင့်ရပြီးကျောင်းဖွင့်နိုင်အောင် ကျနော်တို့အတတ်နိုင်ဆုံး စုပေါင်းဆောင်ရွက်ထားတာရှိပါတယ်” လို့ပြောခဲ့ပါတယ်။

“ပညာရေးအခန်းကဏ္ဍအရေးကြီးတယ်လို့ ကျနော်တို့ သတ်မှတ်တယ်ဆိုတဲ့နေရာမှာ ကျနော်တို့ အစိုးရအနေနဲ့ ထိုက်သင့်တဲ့ ဘတ်ဂျက်ကိုခွဲဝေသုံးစွဲပြီး ပံ့ပိုးပါတယ်။ လိုအပ်ချက်တွေကတော့ ပညာရေးနဲ့ ပတ်သက်ပြီး ထပ်မံပံ့ပိုးဆောင်ရွက်ရမည့်ကဏ္ဍများစွားရှိနေတာကတော့ အမှန်ပါပဲ။ သို့ပေမယ့်လို့လည်း ကျနော်တို့ဒါတွေကို ကျနော်တို့နိုင်ငံရဲ့ အခြေအနေအရ ဘတ်ဂျက်အခြေအနေအရ စိတ်ရှည်သီးခံမှုတွေနဲ့ မေတ္တာတရားတွေက အင်မတန်မှ အရေးကြီးပါတယ်။ ပူးပေါင်းပါဝင်ဆောင်ရွက်မှုတွေကလည်း အရေးကြီးပါတယ်။ ကျောင်းသား ဆရာ မိဘ သုံးဦးဆောင်ရွက်မှသာ ကျနော်တို့ပညာရေးက ပိုမိုတိုးတက်ကောင်းမွန်မှာဖြစ်တယ်။” လို့ ကယားပြည်နယ် ဝန်ကြီးချုပ် အယ်လ်ဖောင်းရှိုက ဇူလိုင်လက ပြုလုပ်သွားတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပညာရေးလိုအပ်ချက်နဲ့ ပတ်သက်လို့ ပြောသွားတာဖြစ်ပါတယ်။

ကျောင်းတွေမှာ Covid -19 ရောဂါ ကြိုတင်ကာကွယ်တားဆီးရေး အစီအစဉ်ဆောင်ရွက်မှု အနေအထားဆန်းစစ်ခြင်းတွေကို A/ B/ C အဆင့်သတ်မှတ်ထားပြီး A အဆင့်ကို ရမှသာ ကျောင်းပြန်ဖွင့်ခွင့်ရှိမှာ ဖြစ်ပါတယ်။

Covid ကာလအထက်တန်းကျောင်းတွေ ပြန်လည်ဖွင့်လှစ်တဲ့အချိန်မှာ ကျောင်းသူ/သားတွေ အနေဖြင့် အသုတ်နှစ်သုတ်ခွဲသင်ရပြီး တစ်ခန်းမှာ အယောက် ၂၀ သာသာသတ်မှတ်ထားတာကြောင့် စာသန်ခန်းတွေ လုံလောက်မှုအနေအထားလည်း မရှိသေးပါဘူး။

ဦးစောသာဓုဦးက “ အခုကစာသင်ခန်းက အဆောင် ၅ ဆောင် စာသင်ခန်းပေါင်း ၃၀ လောက်ပဲရှိတယ်လေး။ အခန်း ၃၀ ကိုကျနော်တို့ကျောင်းသားတွေကို အကုန်လုံးလက်ခံမယ်ဆိုရင် အထက်တန်းအဆင့်မှာ အယောက် ၂၅၀၊ အလယ်တန်းဆိုရင် အယောက် ၄၅၀ အဲ့ဒီအလယ်တန်းနဲ့ အထက်တန်းပေါင်းရင် အယောက် ၈၀၀ လောက်ရှိပြီလေး မူလတန်းအဆင့်တွေပါရင် ထောင်ဂဏန်းလောက်ရှိတဲ့အခါမှာ အခန်းပေါင်း ၆၀ လောက်ရှိမှအဆင်ပြေမယ်။ အခုက အခန်း ၃၀ လောက်ပဲရှိတာကို တစ်ခန်းကို အယောက် ၂၀ လောက်ထည့်မယ်ဆိုရင် ကျောင်းသား ဦးရေ ၆၀၀ ပဲဆံမှာလေး။ အယောက် ၆၀၀ စာလိုသေးတယ်ပေါ အခန်းက အဲ့မျိုးဖြစ်နေတယ်” လို့ပြောပါတယ်။

COVID-19 ကာကွယ်ထိန်းချုပ်ဖို့အတွက် အခြေခံပညာစာသင်ကျောင်းတွေမှာ သီးသန့်ဘတ်ဂျက်ချထားတာမရှိပဲ နှစ်စဉ်ကျောင်းဖွံ့ဖြိုးရေးရန်ပုံငွေကနေ အသုံးပြုရမှာဖြစ်တဲ့အတွက် အခက်အခဲတွေ ရှိနေကြပါတယ်။

ကယားပြည်နယ်က အထက်တန်းကျောင်းတွေနှင့် အထက်တန်းကျောင်းခွဲ စုစုပေါင်း(၅၆)ကျောင်း ရှိတဲ့အထဲက ၁၈ ကျောင်းသာ ဖွင့်လှစ်နိုင်သေးတာဖြစ်ပါတယ်။

ကယားပြည်နယ်တစ်ပြည်နယ်လုံးမှာတော့ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့်ဆိုပြီး ကျောင်းပေါင်း ၄၅၃ ကျောင်းရှိပြီး ကျောင်းသား ၇၃၂၉၄ ဦးရှိတယ်လို့သိရပါတယ်။

spot_img
spot_img

Recent posts