CATEGORY
ကဗျာ
သေချာစွာ စဉ်းစားကြပါစို့
ငြိမ်းချမ်းလပြည့် - ကယန်း
ကမ္ဘာတုန်ခါ ကိုရိုနာကြောက်စရာဖြစ် သတိပြုရာဤရောဂါ ကာကွယ်နည်းလမ်းကျန်းမာရေးမှူး အထူးညွန်ပြလိုက်နာကြစို့ မိမိတို့ကမတ်တပ်ကြရန် မမေ့ကုန်နှင့်လက်နှင့်ဆပ်ပြာ သေချာစွာဆေးဝါးပါမှ ကင်းဝေးကြမည်ဤရောဂါဘေး ကင်းဝေးဖို့လေရေနဲ့ဆပ်ပြာ မတ်များဟာဘယ်ဌာနက ပေးကြမလဲခက်ခဲနေတာ ကျောင်းတိုင်းပါပညာသင်ကြား ကျောင်းသားကျောင်းသူခွင့်တူညီမျှ ရှိကြရဲ့လားစဉ်းစားကြပါ သက်ဆိုင်ရာလောကကြီးမှာ လူသားဟာကျန်းမာရေးက ပထမဒုတိယဟာ ရွှေပညာမြန်မာနိုင်ငံ ကျောင်းပြန်ဖွင့်ပြီအဤဇွန်လိုင်လ ကျောင်းစဖွင့်တာထိုကိုရိုနာ ရောဂါအကြောင်းကောင်းဆိုးသိမှ...
သစ်ပင်များ စိုက်ထားကြပါစို့
တို့လူသားများ သိထားကြပါ
ကမ္ဘာကြီးမှာ ပူလာပြီလေ
တောတွေပျက်စီး သစ်ပင်ကြီးခုတ်
စီးပွားလုပ်စား လူသားလောဘ
အတ္တကြီးလို့ တို့ကမ္ဘာမှာ
အိုဇုန်းလွှာပေါက် နှောက်နှစ်ငါးဆယ်
ပျက်စီးမယ်ဟေ့ သိပ္ပံပညာ
ပြောထားကြလို့ တို့နိုင်ငံသား
တားပါသစ်ခုတ် မင်းလုပ်ပုဂ္ဂိုလ်
ပိုအရေးကြီး တောမီးအန္တရယ်
ကာကွယ်နိုင်ဖို့ တို့လူကြီးဟာ
ပညာပေးမှ သိရကောင်းဆိုး
တောရွှာမျိုးက နောင်တရလာ
ကမ္ဘာကောင်းဖို့ စိုက်စို့သစ်ပင်
စဉ်လာမပျက် ဆောင်ရွက်ရမည်။
လောင်စာဆီလေး ပေါင်းသတ်ဆေးနှင့်
စက်ရုံများမှာ ထွက်လာခိုးများ
တားဆီးလျှော့ချ လုပ်ကြဖို့လို
အိုဇုန်းလွှာထိ စဉ်းစားကြည့်လေ
နေပူဒဏ်တိုး ဖြစ်ဆိုးကြုံပြန်
သယံဇာတ ကုန်ကြမနည်း
လူတိုင်းလည်းသိ နိုင်ငံချစ်ရင်
အမြင်မှန်ရှာ ကမ္ဘာကြီးဟာ
သာယာစေဖို့...
လေ
ပန်းနံဘေးက ဖြတ်သွားမိသလား
သစ်ရွက်နဲ့တိုးတိုက်မိမယ်
ငါလည်း မှန်ပြူတင်းတွေထဲ
ပိတ်မိနေတုန်းပဲ ။ ။
ဥတ္တရာအောင် ( နေထိုင်ခြင်းသို့ )
ရေကန်
အစိမ်းစလေး အိပ်နေသလို
ကြာရွက်ရဲ့ အပိုင်းမှာ နွံတစ်ခုရှိတယ် ဆိုပါစို့
လူလား.... ကမ်းစပ်မှာ ငါးမျှားနေမှာပေါ့ ။ ။
ဥတ္တရာအောင် ( လူငယ်များသို့ )
မိုးလေဝသ
လေညှင်းတွေ သေနေတဲ့ လမ်းမှာ ဘာ ငှက်မှ ပျံလို့မရဘူး ့
အမဲရောင် မိုးသားကတော့ တိမ်လေးကို ကာထားပေးပါတယ်
သာသာယာယာပါပဲ...
ရေဒီယိုကို ဖွင့် ့ မိုးမှောင်ကြီးကျလိမ့်မယ်လို့ ဘယ်လို စပါးခင်းမျိုးက ပြောပါလိမ့် ။ ။
ဥတ္တရာအောင် ( တောင်သူများသို့...
မြောက်ဖက်
မြောက်ဖက်
ကျည်ဆံတွေအရောင်းအဝယ်ဖြစ်ပြီးတဲ့နောက်
ကျုပ်ကတော့ အမြဲတမ်း ကော်ဖီမှာပြီး ထွေးထုတ်ပစ်တာပဲ
ဒီတော့ လူတွေကဒယီးဒယိုင် ထလာကြတော့တယ်
ကာလတရားက တိုက်စားလို့အမွှေးကျွတ်သွားတဲ့ မြို့တော်ဝန်တစ်ယောက်လိုပဲ
ကျုပ်ရှေ့က စားပွဲဟာ သူ့သမိုင်းကို သ လိုက်တယ်
ကျုပ်မိတ်ဆွေက ဘာသာစကားကိုထုတ်ပြီး ကျသင့်ငွေကို ရှင်းနေတယ်
လိပ်ပြာမလှတဲ့ အခိုးအငွေ့တွေကြားမှာ ဆေးလိပ်သောက်ရတာ
ကျုပ် အရွံမုန်းဆုံးပဲ မြို့ထဲက ငါးမှန်သမျှ ဆလားဗီးယား ဖြစ်ရခြင်းကို ဂုဏ်ယူနေတုန်းမို့
စစ်သား တစ်ယောက်ကြွလာတယ်နဲ့...