နိုင်ငံရေးပါတီများ
ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ
ကျေးလက်ပညာရေ းကြပ်မတ်ဖို့လိုတယ်လို့ ကိုယ်စားလှယ်လောင်းပြော
ကရင်နီသူ
ကျေးလက်ဒေသတွေမှာ ပညာရေးနဲ့ပတ်သက်လို့မြို့ပြတွေနဲ့ အရမ်းကွာဟနေသေးတာကြောင့် အနိုင်ရလာခဲ့ရင် ပုဂ္ဂလိကကျောင်းတွေနဲ့ဒေသတွင်း ပညာရေးအသုံးစာရိတ်တွေကို မြှင့်တင်ပေးဖို့တောင်းဆိုမှုတွေပြုလုပ်မယ်လို့လက်ရှိ KySDPပါ တီက အရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမောတယ်ခဲက ပြောပါတယ်။
″ကျေးလက်ပညာရေးနဲ့မြို့ပြပညာရေး။ ဝေးလံခေါင်ဖျားတဲ့ဒေသတွေမှာလမ်းတွေမပေါက်ဘူး၊ ပြီးရင်ကိုယ်ထူကိုယ်ထပဲ ထူထောင်နေရတယ်အဲ့လိုရှိတယ်ပေါ့။ အဲ့ဒီဒေသကကျောင်းသားလေးတွေလည်းအစိုးရကျောင်းတွေကို ဝင်လာတဲ့အခါမှာ၊ပြောင်းရွှေ့လာတဲ့အခါမှာ၊ ကူးပြောင်းလာတဲ့အခါမှာအဆင်ပြေပြေလွယ်လွယ်ကူကူနဲ့ ပြောင်းရွှေ့ပညာသင်ကြားနိုင်ဖို့ လိုအပ်တယ်ပေါ့နော။ ကျနော်ကြိုးစားချင်တယ်။ အကယ်၍ပြည်နယ်မှာကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်လို့ရရင်ရ၊ မရရင်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကြိုးစားဆောင်ရွက်ရမယ်ဆိုတဲ့အပိုင်း။ ပြည်ထောင်စု Levelမှာသွားရောက်အဆိုပြုတာတွေ၊ တောင်းဆိုတာတွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ ချမှတ်ဆောင်ရွက်တာတွေလုပ်ဖို့လိုတယ်ပေါ့နော။″လို့...
ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ
“လူငယ်တွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အသိပညာ အတတ်ပညာရဖို့အတွက် အသက်မွေးဝမ်းကြောင်းကိစ္စတွေအတွက် လွှတ်တော်ထဲမှာ အဆိုတွေတင်ဖို့လည်းရှိတယ်။ ရဲဝံ့ပြတ်သားစွာ တောင်းဆိုမှာပါ”
လူငယ်လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးအနေနဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် စိန်ခေါ်မှုတွေ ပြင်ဆင်ထားမှုတွေ၊နိုင်ငံရေးအတွေ့အကြုံတွေနဲ့ပတ်သက်ပြီး ကယားပြည်နယ်အခြေစိုက်ပါတီဖြစ်တဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) ကနေ အသက်အငယ်ဆုံး လွှတ်တော်ကိုယ်စားလှယ်လောင်း ခူးမိုက်ကယ်ဘိုးရယ်အား အခုလို တွေ့ဆုံမေးမြန်ဖြစ်ခဲ့ပါတယ်။
ခူးမိုက်ကယ်ဘိုးရယ်က ရှားတောမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ်(၂)မှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
မေး။ ။ ဘာကြောင့် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်အရွေးခံဖြစ်တာလဲ။
ဖြေ။ ။ ဘာလို့အရွေးခံဖြစ်တာလဲဆိုတော့ ကျတော်တို့ရှားတောမြို့နယ်မှာ အရင်ကလုပ်ခဲ့တဲ့ ကိုယ်စားလှယ်အများစုက ဒေသခံတွေမဟုတ်ဘူး။ ဒေသခံတွေမဟုတ်တော့ ဒေသခံတွေအပေါ်မှာထားရှိတဲ့ စိတ်စေတနာတွေ အားနည်းမှုရှိတယ်။ ပြီးတော့သူတို့လုပ်ငန်းတွေကလည်း...
ကယန်းအမျိုးသားပါတီ
ကယန်းအမျိုးသားနိုင်ငံရေးကို ဖော်ဆောင်ချင်တဲ့ ကိုယ်စားလှယ်လောင်းခွန်းဒီးဒီ
"လက်ရှိလွှတ်တော်အမတ်တို့ နောက်ကယန်းအရေးကို လုပ်ပေးနေတဲ့ ကယန်းဝန်ကြီးတို့တွေရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေအပေါ်မှာ အားမလို အားမရတာတွေလည်းပါတယ်။ နောက်တစ်ခုကလည်း ကျနော် တို့က ကယန်းတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကယန်းအမျိုးသားနိုင်ငံရေးကို ကိုယ်တိုင်ပါဝင်ပြီး တော့မှ ထမ်းဆောင်ချင်တာလည်းပါတယ်။"
https://youtu.be/PCd6Es62F54
ကယန်းအမျိုးသားပါတီ
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း KNP ပါတီမှ ခွန်းမျိုးဦးနှင့် တွေ့ဆုံမေးမြန်းခြင်း
ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ ဘိန်းစိုက်တောင်သူတွေအတွက် ဘိန်းအစားထိုးစိုက်ပျိုရေးမူဝါဘယ်လိုတွေ ချမှတ်ထားတာလဲဆိုတာနဲ့ပတ်သက်လို့ ခွန်းမျိုးဦးကိုတွေ့ဆုံမေးမြန်းထားပါတယ်။ ကယန်းအမျိုးသားပါတီ(KNP) ရှမ်း/တောင်ပိုင်းမှာ နေရာ (၅) နေရာနဲ့ ဝင်ရောက်ယှဉ်ပြိုင်အရွေးခံကြမှာ ဖြစ်ပါတယ်။ ကိုယ်စားလှယ်လောင်း ခွန်းမျိုးဦးကို ကန္တာရဝတီတိုင်း(မ်)မှ ခွန်းကလိုင်းဖရီးက တွေ့ဆုံမေးမြန်းထားတာပါ။
https://youtu.be/-gGjUhGVqVk
ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ
စည်းရုံးရေးဆင်းရာမှာ အနှောင့်အယှက်တွေနဲ့ ရင်ဆိုင်နေရတယ်လို့ ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီပြော
မော်ဦးမြာ
ရွေးကောက်ပွဲအတွက် စည်းရုံးရေးဆင်းတဲ့အချိန်မှာ ပါတီခြား အမာခံလူထုတွေရဲ့ နှောင့်ယှက်မှုတွေကို ရင်ဆိုင်နေရတယ်လို့ ကယားပြည်နယ် ဒီမိုကရက်တီပါတီ KySDP မှ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁)မှ ကိုယ်စားလှယ်လောင်း ဦးစတီဗင်ထွန်းထွန်းက ပြောပါတယ်။
“ ၁ ရက်နေ့က ကျနော်တို့ ငှားသွားတဲ့ကားကို မူးယစ်ဆေးရောင်းတယ်ဆိုပြီးတော့ သတင်းမှားပေးပြန်ရော သတင်းမှားပေးတာကို ရဲက ရောက်လာတာပါ။ ရဲက စစ်လိုက်လို့ ဘာမှ မတွေ့တဲ့ခါကျတော့ တဆက်တည်းမှာပဲ...
ကယန်းအမျိုးသားပါတီ
ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းမှာ ဝင်ရောက်ယှဉ်ပြိုင်မဲ့ KySDP ကိုယ်စားလှယ်လောင်းများ
သူတို့ (၃) ဦးဟာ ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းဒေသတွင်ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး တစ်ခြားအားကောင်းသော ပါတီကြီးတွေနဲ့လည်းရင်ဆိုင်ရမှာဖြစ်ပါတယ်။ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ ကယန်းအမျိုးသားပါတီကလည်း ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) နေရာကို ခွန်းမြင့်နိုင် နဲ့ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ( ၇) ဒေါ်အယ်မာ တို့က ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
https://youtu.be/sZD-KxssWsc