spot_img
Monday, May 29, 2023
spot_imgspot_imgspot_imgspot_img

ကယန်းအမျိုးသားပါတီ

ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းမှာ ဝင်ရောက်ယှဉ်ပြိုင်မဲ့ KySDP ကိုယ်စားလှယ်လောင်းများ

သူတို့ (၃) ဦးဟာ ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းဒေသတွင်ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး တစ်ခြားအားကောင်းသော ပါတီကြီးတွေနဲ့လည်းရင်ဆိုင်ရမှာဖြစ်ပါတယ်။ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ ကယန်းအမျိုးသားပါတီကလည်း ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) နေရာကို ခွန်းမြင့်နိုင် နဲ့ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ( ၇) ဒေါ်အယ်မာ တို့က ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ https://youtu.be/sZD-KxssWsc

ကယန်းအမျိုးသားပါတီ (KNP) ၏ မူဝါဒနှင့် ရွေးကောက်ပွဲကတိကဝတ်များ

နော်ဒွေးအယ်ခူ ကယန်းအမျိုးသားပါတီ (KNP) ပါတီအနေနဲ့ မူဝါဒ ၁၃ ချက်ချမှတ်ထားပြီး ရှေရည်ဖွံ့ဖြိုးတိုးတက်ရေး၊ ဌာနေတိုင်းရင်းသားတို့ရဲ့ အခွင့်အရေး၊ ရွေ့ပြောင်းအလုပ်သမားအရေး စတဲ့အချက်တွေ ချမှတ်ထားပြီး အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ ပါတီတခုဖြစ်ပါတယ်။ အဆိုပါ ပါတီကို ၂၀၁၀ ခုနှစ် မေလ ၂၀ ရက်နေ့မှာ ရွေးကောက်ပွဲကော်မရှင်က တရားဝင်တည်ထောင်ခွင့်ပြုခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရှမ်းပြည်နယ်တောင်ပိုင်းဖယ်ခုံမြို့ရှိ မဲဆန္ဒနယ်နှစ်ခုတွင် အနိုင်ရရှိခဲ့ဖူးပါတယ်။ ပါတီအနေနဲ့ ယခု ၂၀၂၀ ရွေးကောက်ပွဲမှာ ပါတီကြီးတွေကို...

ဒေသခံပါတီတွေကို ဝန်းရံပေးဖို့ တိုင်းရင်းသားပါတီ ကိုယ်စားလှယ်လောင်းတွေ တိုက်တွန်း

ဒွေးအယ်ခူ ၂၀၂၀ ရွေးကောက်ပွဲမှာ ဌာနေတိုင်းရင်းသားတွေအနေနဲ့ ဒေသခံတိုင်းရင်းသားပါတီတွေကိုသာ ဝန်းရံပေးဖို့ တိုင်းရင်းသားပါတီ ကိုယ်ယ်စားလှယ်လောင်းတွေက တိုက်တွန်းပြောကြားလိုက်ပါတယ်။ တိုင်းရင်းသားပါတီတွေအားကောင်းဖို့ ဒေသခံပြည်သူဝန်းရံပေးဖို့လိုတယ်လို့ ကယန်းအမျိုးသားပါတီကနေ ဒီမော့ဆိုမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ့် ခွန်းမြင့်နိုင်က ပြောပါတယ်။ ခွန်းမြင့်နိုင်က“ အရေးကြီးတဲ့အတွက်ကြောင့်မလို့ ဒီပါတီက အားကောင်းကောင်းနဲ့ ရုန်းထဖို့လိုနေတဲ့အချိန်မှာ ပြည်သူလူထုက ဝန်းရံအားပေးဖို့လိုပါတယ်။” လို့ ပြောပါတယ်။ ကယားပြည်နယ်မှာ မြို့နယ် ၇ မြို့နယ်၊ မဲဆန္ဒနယ်...

ကိုယ်တိုင်ရုန်းထမှ ရတော့မှာဖြစ်လို့ ဒေသခံတိုင်းရင်းသားပါတီကိုမဲပေးဖို့လို တယ်လို့ ပြောတဲ့ ကယန်းအမျိုးသားပါတီက ခွန်းမြင့်နိုင်နှင့်တွေ့ဆုံခြင်း

ကန္တာရဝတီတိုင်း (မ်) ကယန်းအမျိုးသားပါတီဟာ ဒေသခံတိုင်းရင်းသားပါတီတခုဖြစ်ပြီး ကယားဒီမိုကရက်တစ်ပါတီနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ပါတီတခုဖြစ်ပါတယ်။ ရွေးကောက်ပွဲ မှာ ပြည်နယ်တွင်းမှာရှိတဲ့ မဲဆန္ဒနယ် ၃၄ နေရာအနက် ကယန်းအမျိုးသားပါတီက ၄ နေရာနဲ့ ကယားဒီမိုကရက်တစ်ပါတီက နေရာ ၃၀ ဝင်ရောက်ယှက်ပြိုင်မှာဖြစ်ပါတယ်။ လာမည့် ရွေးကောက်ပွဲမှာ ခွန်းမြင့်နိုင်က ကယန်းအမျိုးသားပါတီကနေ ဒီးမော့ဆိုမြို့နယ်. မဲဆန္ဒနယ် အမှတ်(၂)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ ဆရာခွန်းမြင့်နိုင်ကတော့ ကယန်းအမျိုးသားပါတီကနေ ဘာကြောင့် ဒေသခံ တိုင်းရင်းသားပါတီတွေကို မဲပေးသင့်သလဲ၊...

တိုင်းရင်းသားအခွင့်အရေးအတွက် ခရီးကြမ်းကို ရွက်လွှင့်သူ သို့မဟုတ် ခွန်းဘီထူး

ကရင်နီသူ ခွန်းလွီးဇီငြိမ်း (ခ) ခွန်းဘီထူးဟာ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့မှာအဖဦးဇော်ငြိမ်း၊ အမိ ဒေါ်အားသိုင်ကနေ မွေးဖွားခဲ့သူဖြစ်ပြီး ကယန်းတိုင်းရင်းသားတစ်ဦးဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက မိဘမဲ့ကျောင်းမှာနေပြီး ကြီးပြင်းလာခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ အထက်တန်းရောက်တော့ ကက်သလစ်ရဟန်းဖြစ်သင်ကျောင်းကိုသွားပြီး ပညာသင်ကြားခဲ့ပါတယ်။ သို့ပေမယ့် အထက်တန်းကျောင်းပြီးတော့ နိုင်ငံရေးဘက်ကိုပဲ အလေးသာတော့ နိုင်ငံရေးဘက်ကို ဝင်ရောက်လေ့လာခဲ့သူပါ။ ပထမဦးဆုံး ၂၀၀၄ ခုနှစ်မှာ ထိုင်းနိုင်ငံမှာဖွင့်လှစ်တဲ့ သင်တန်းတစ်ခုကို တက်နေရင်း နိုင်ငံခြားဆက်ဆံရေးနဲ့ ပတ်သက်တဲ့ကျောင်းတစ်ကျောင်းကို ဆက်လက်တက်ရောက်ခဲ့ပါတယ်။ နိုင်ငံခြားဆက်ဆံရေးနဲ့ ပတ်သက်တဲ့ကျောင်းကိုတက်ပြီး ဥရောပကို...

Popular