သတင်း
ဒီးမော့ဆို အရှေ့ဘက်ခြမ်းက ကျေးရွာတစ်ရွာမှာ ရိုးရာ အဲ့ဒိုပေါ်မှီ ( ခေါ် ) ဒီးကူပွဲ အကျဉ်းချုပ်ပြုလုပ်
ကန္တာရဝတီတိုင်း( မ် )ကရင်နီပြည် ဒီးမော့ဆိုမြို့ နယ် အရှေ့ဘက်ခြမ်းက ကျေးရွာတစ်ရွာမှာ ကယားရိုးရာအဲ့ဒိုပေါ်မှီ ( ခေါ် ) ဒီးကူပွဲ ကို ၁၄ရက်၊ ၁၅ရက်နဲ့ ၁၆ရက်နေ့တွေမှာ အကျဉ်းချုပ်ပြုလုပ်ကျင်းပခဲ့တယ်လို့ သိရပါတယ်။နိုင်ငံရေးအခြေအနေကြောင့် အခုလို အကျဉ်းချုပ်ပြုလုပ်ခဲ့ရတာဖြစ်ပြီး ရိုးရာဓလေ့ကို ဆက်လက်ထိန်းသိမ်းချင်တဲ့အတွက် မဖြစ်မနေကျင်းပရတာဖြစ်တယ်လို့ ဒေသခံ လူငယ်တစ်ဦးက ပြောပါတယ်။
“ကျနော်တို့ ရိုးရာဓလေ့ကို ထိန်းသိမ်းချင်လို့ မြတ်နိုးလို့ ကိုယ့်ရိုးရာဓလေ့မပပျောက်အောင်လို့ ကျနော်တို့...
သတင်း
ရှားတောမြို့နယ်ရှိစစ်ကောင်စီရဲ့ အန္တာရာယ်ကွေ့တပ်စခန်းကို KA ၊ KNDF တို့ ပြောက်ကျားတိုက်ခိုက်
ကန္တာရဝတီတိုင်း( မ် )ကရင်နီပြည် ရှားတောမြို့နယ်ရှိ စစ်ကောင်စီရဲ့ အန္တာရာယ်ကွေ့တပ်စခန်းကို KA၊ KNDF B-17 တို့က ပြောက်ကျားသွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၂ဦးပြင်းထန် ဒဏ်ရာ ရရှိခဲ့တယ်လို့ KNDF B-17 က ဩဂုတ်လ ၁၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။“သူတို့က တပ်စခန်းဆုတ်လာတဲ့အချိန်မှာပဲ လမ်းမှာတိုက်ပွဲဖြစ်တယ်။ တစ်နေကုန် တိုက်ပွဲဖြစ်တာတော့ မဟုတ်ဘူး သူတို့ အဲလိုဆုံကြလိုက်တိုက်ကြလိုက်နဲ့ တစ်ရက်ထဲမှာ တိုက်ပွဲ...
သတင်း
စက်သုံးဆီရောင်းချနေတဲ့ ဆီဆိုင်အချို့ ပြတ်လပ်၊ အကန့်အသတ်ဖြင့်သာ ရောင်းချနေရ
ကန္တာရဝတီတိုင်း(မ်)
စက်သုံးဆီဈေးမြှင့်တက်မှုကြောင့် လွိုင်ကော်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်အချို့မှာ ဩဂုတ်လ ၁၄ရက်နေ့ကစပြီး စက်သုံးဆီကို အကန့်သတ်ဖြင့်သာ ရောင်းချနေရပြီး ပုံးတွေနဲ့ ဝယ်ယူလို့မရတော့ဘူးလို့ လွိုင်ကော်မြို့ခံဆီကနေ သိရပါတယ်။
စက်သုံးဆီဈေးနှုန်းမတည်ငြိမ်တဲ့အပြင် ဆီဘောင်စာကားလည်း မရောက်ရှိသေးတာကြောင့် အကန့်အသတ်ဖြင့်သာ ဝယ်ယူနေရပြီး ဓာတ်ဆီဆိုင်မှာ ကားတစ်စီးကို နှစ်သောင်းကျပ်နှုန်းနဲ့ပဲ တစ်စီးချင်းစီရောင်းချပေးနေတယ်လို့သိရပါတယ်။
“ ဆိုင်ကယ်တို့ ကားတို့ ထည့်လို့ရတယ်၊ ဓာတ်ဆီက ပုံးနဲ့ ဝယ်လို့မရသေးဘူး ခဏနားထားတယ်၊ ဒီဇယ်တော့ ကြိုက်သလောက်ရတယ်။”လို့ လောင်စာဆီဖြန့်ဖြူးရောင်းချပေးနေတဲ့ စက်သုံးဆီဆိုင်ဝန်ထမ်းတစ်ဦးက...
ရွေးကောက်ပွဲ
NLD ပါတီမှ ကယားအခြေစိုက်ပါတီနဲ့တွေ့ဆုံရန် အကြောင်းမကြားသေး
နော်ဒွေးအယ်ခူ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအနေနဲ့ ကယားပြည်နယ်အခြေစိုက်တိုင်းရင်းသားပါတီဖြစ်တဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) နဲ့ တွေ့ဆုံရန် အကြောင်းမကြားသေးဘူးလို့ ပါတီအတွင်းရေးမှူး ဦးသဲရယ်က ပြောပါတယ်။
“ကျွန်တော်တို့ KySDP နဲ့ NLD တွေ့ဆုံမယ့်ကိစ္စကတော့ တိတိကျကျမဖြေတော့မထွက်လာသေးဘူး။ ကျွန်တော်တို့က ပါတီအနေနဲ့တွေ့ဖို့ပေါ့။ အနိုင်ရကိုယ်စားလှယ်နဲ့ပဲတွေ့မယ်ဆိုရင်တော့ ပါတီကနေပြီးတော့ ခွင့်ပြုမှာမဟုတ်ဘူးပေါ့။ ကိုယ်စားလှယ်ကပါတီကိုယ်စားပြုရမှာဖြစ်သလို မဲထည့်ခဲ့တဲ့ပြည်သူ အနေနဲ့ကိုယ်စားပြုမှာဖြစ်တဲ့အတွက် အနိုင်ရကိုယ်စားလှယ်ကသီးသန့်သွားတွေ့တာမျိုးတော့ ပါတီကခွင့်ပြုမှာ မဟုတ်ဘူး။ ပါတီရဲ့ ဆုံးဖြတ်ချက်အရဆိုရင် ပါတီနဲ့တွေ့ပြီး...
ရွေးကောက်ပွဲ
ရွေးကောက်ပွဲတွင်ရှုံးနိမ့်ခဲ့တဲ့ ကယန်းအမျိုးသားပါတီက ပြင်ဆင်မှုတွေပြုလုပ်ပြီး ထပ်မံကြိုးစားမည်
ကန္တာရဝတီတိုင်း(မ်)
နိုဝင်ဘာ ၈ ရက်ကကျင်းပခဲ့တဲ့ ၂၀၂၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မဲဆန္ဒနယ်အားလုံးနီးပါး ရှုံးနိမ့်ခဲ့တဲ့ ကယန်းအမျိုးသားပါတီအနေနဲ့ ပြင်ဆင်မှုတွေ ပြုလုပ်ပြီး ထပ်မံကြိုးစားသွားမယ်လို့ ပါတီဥက္ကဌ ခွန်းဘီထူးက ပြောပါတယ်။
“ပြင်ဆင်မှုတွေဆက်ရှိလိမ့်မယ်။ ဒါကိုအားကောင်းအောင်ဆက်လုပ်ဖို့လိုလိမ့်မယ်ပေါ့။ ကျွန်တော်သုံးသပ်တာက အဓိက လူထုတွေရဲ့နိုင်ငံရေးအပေါ်မှာရချင်တဲ့စိတ်က လူထုပေးတဲ့မဲအပေါ်ကွဲတယ်လို့ယူဆတယ်။ ကျွန်တာ်တို့ လူထုတွေကို ပိုပြီးရှင်းလင်းတဲ့နိုင်ငံရေးချပြမှုတွေ ပါတီဖက်မှာအရမ်းအားနည်းလို့လား။ ကျွန်တော်တို့ကိုရှိပြီး အားပေးတာထက် ပါတီမူဝါဒကိုအားပေးတယ်၊ ပါတီရဲ့ရပ်တည်ချက်ကို အမှန်တကယ်အားပေးတဲ့အနေအထား ဖြစ်အောင်...
ရွေးကောက်ပွဲ
ကယားတစ်ပြည်နယ်လုံး မဲလာပေးသူ ၇၆ ရာခိုင်နှုန်းသာရှိခဲ့
ဦးမြာ
ပြီးခဲ့တဲ့ ၂၀၂၀ နိုဝင်ဘာလမှာ ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ ကယားတစ်ပြည်နယ်လုံးရှိမဲပေးပိုင်ခွင့်ရှိသူ ၇၆ ရာခိုင်နှုန်းသာရှိခဲ့တယ်လို့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ကယားတစ်ပြည်နယ်လုံးမှာ မဲပေးခွင့်ရှိသူ ၂၁၂၉၁၆ ဦးရှိပြီး မဲလာပေးသူ ၁၆၂၈၇၅ ဦးရှိခဲ့ပါတယ်။ ကယားပြည်နယ်ဟာဆိုရင် တိုင်းနဲ့ပြည်နယ် ၁၄ ခုက မဲပေးတဲ့ရာခိုင်နှုန်းအများဆုံးရဲ့ နံပါတ်၅နေရာမှာ ရှိပါတယ်။
လွိုင်ကော်မြို့နယ်မှာ ၁၀၀၂၆၇ ဦးမဲပေးပိုင်ခွင့်ရှိခဲ့ပြီး ၇၅၇၅၇ ဦး မဲလာပေးခဲ့ပါတယ်။ ဒီးမော့ဆိုမြို့နယ်မှာတော့ ၅၆၆၇၄...