spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

COVID – 19 ဗိုင်းရပ်စ်ကြောင့် လွိုင်ကော်မြို့လုံးကျွတ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ မကျင်းပနိုင်ခဲ့ဟုဆို

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

COVID – 19 ဗိုင်းရပ်စ်ရောဂါနှင့်ပတ်သက်ပြီး ကျန်းမာရေးဌာနရဲ့ သတိပေးထုတ်ပြန်ချက်ကြောင့် ကယားပြည်နယ်လွိုင်ကော်မြို့ရဲ့ အထင်ကရဘုရားဖြစ်တဲ့ သီရိမင်္ဂလာတောင်တော် (တောင်ကွဲစေတီ) ခြေရင်းမှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ မြို့လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဒီနှစ်မှာ မကျင်းပနိုင်ခဲ့ပါဘူး။

သီရိမင်္ဂလာတောင်တောင် ( တောင်ကွဲစေတီ) ဂေါပက အဖွဲ့ဝင် ဦးအောင်ရှိန်က “အင်္ဂလိပ်ရက်လိုဆိုရင်ပြီးခဲ့တဲ့ ၆ရက်နေ့သောကြာနေ့ပေါ့၊ သာသနာရေးဝန်ကြီးဦးမော်မော်က ဖုန်းနဲ့အကြောင်းကြားလာတယ်၊ ဒီရောဂါနဲ့ပတ်သက်ပြီးကူးမယ်တို့ဘာတို့ပေါ့၊ တကယ်တော့ ဘာမှမဆိုင်ပါဘူး ၊အဲ့တာပွဲကိုမလုပ်ဘဲရပ်ခိုင်းလိုက်တယ်၊ ကျနော်တို့ကပွဲလုပ်ဖို့အထက်ကို တင်ထားပြီးသား၊ ပွဲမိန့်လဲကျပြီးပြီ၊ဌာနဆိုင်ရာအသီးသီးကိုလည်း ဖိတ်ထားပြီးပြီ၊ အဲ့တာမလုပ်နဲ့ဆိုတော့ မလုပ်ဖြစ်တော့တာပေါ့” လို့ပြောပါတယ်။

ဝါတွင်းသုံးလတွင် ရဟန်းသံဃာတော်တွေအနေနဲ့ အရပ်တစ်ပါးကို ဆွမ်းခံကြွလို့မရတဲ့အတွက် အခုလိုဆွမ်းဆန်စိမ်းလောင်းလှူပွဲကနေ သံဃာတွေတွေအတွက် ဆွမ်းလောင်းလှူရတာဖြစ်ပြီး ဒီနှစ်မှာ ပွဲဖြစ်မြောက်အောင်မလုပ်နိုင်တဲ့အတွက် စိတ်မကောင်းဖြစ်မိတယ်လို့ ဦးအောင်ရှိန်ကဆက်ပြောပါတယ်။

ဦးအောင်ရှိန်က “ဒီဆွမ်း၊ ကွမ်းကိစ္စက မိုးတွင်းကာလသုံးလမှာ ဒီဆွမ်းဆန်စိမ်းကိုကျနော်တို့ကလှူရတယ်၊ ဒီကျောင်းတိုက်တွေ ပရိယတ္တိစာသင်တိုင်တွေမှာ ဆွမ်းဆန်တော်တွေက လုံလုံလောက်လောက်ရတာ၊ အခုကျတော့မရတော့ဘူး ၊ စိတ်မကောင်းဖြစ်ရတယ်၊ စိတ်မချမ်းမသာဖြစ်ရတယ်ပေါ့ကွာ” လို့ပြောပါတယ်။

နှစ်စဉ်ကျင်းပပြီး စည်ကားလှတဲ့ပွဲကို အခုနှစ်မှာ ကျင်းပခွင့်မရတဲ့အတွက် စိတ်မကောင်းဖြစ်မိသလို COVID -19 ရောဂါကိုလည်း ကြောက်နေရတယ်လို့ လွိုင်ကော်မြို့ခံတစ်ဦးဖြစ်သူ ဒေါ်မိုးမိုး ကလည်းပြောပါတယ်။

ဒေါ်မိုးမိုးက “ ကျမတို့က ဒီဆွမ်းဆန်စိမ်းပွဲ၊ မြို့လုံးကျွတ်ပေါ့နော်၊ နှစ်တိုင်းလောင်းလှူလာတာဆိုတော့ ဒီနှစ်မှာအခုလို့ပွဲက မကျင်းပဖြစ်တော့စိတ်မကောင်းဘူး၊ သံဃာတော်တွေအတွက် ဝါတွင်းကာလမှာ ဆွမ်းကိစ္စ အဆင်ပြေပါ့မလားပေါ့၊ နောက်ပြီး အခုပြောနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကလည်း အင်တာနက်ပေါ်မှာ သတင်းတွေအမျိုးမျိုးတက်နေတော့ ကြောက်လည်းကြောက်တာပေါ့၊ သူများနိုင်ငံတွေမှာ လူတွေအများကြီးသေနေပြီလို့ Facebook မှာ ဖတ်ရတယ်လေ” လို့ပြောပါတယ်။

နှစ်စဉ်ကျင်းပလာခဲ့တဲ့ လွိုင်ကော်မြို့လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဒီနှစ်မှာတော့ ဒီလ ၈ ရက်နေ့ကကျင်းပဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။

COVID – 19 ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနဲရဲ့ထုတ်ပြန်ထားချက်ထဲမှာတော့ လက်ရှိကာလာတွင် လူစုလူဝေးများရှိရာနေရာကိုရှောင်ရှားရန်၊ ပွဲလမ်းသဘင်များကိုပြုလုပ်မည်ဆိုပါက မဖြစ်မနေပြုလုပ်ရမည့်ပွဲလမ်းသဘင်များကိုသာပြုလုပ်ရန်၊ မလွဲသာမရှောင်သာ ပွဲများကိုပြုလုပ်မည်ဆိုပါက တက်ရောက်သည့်လူဦးရေနည်းနိုင်သမျှနည်းစေရန်နှင့် ဖျားနာအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါရှိသူများ မလာရောက်စေရေးအစီအမံများတင်းကြပ်စွာပြုလုပ်ရမည်လို့ ထုတ်ပြန်ထားပါတယ်။

spot_img
spot_img

Recent posts