KT-FM ကရင်နီဘာသာ အစီအစဉ် ဧပြီလ (၂၈) ရက်၊ ၂၀၂၆ ခုနှစ်(အင်္ဂါနေ့)
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– ဖရူဆို၊ ခိုးလျေဆို စစ်ရှောင်စခန်းမှာ ကလေးအပါဝင် သက်ကြီးပိုင်းတွေ ဝမ်းပျက်ဝမ်းလျှောအဖြစ်များနေပြီ
– လွိုင်ကော်မြို့မှာ မြေမြှုပ်မိုင်းနဲ့ လက်နက်ကြီးစ ထိမှန်မှုကြောင့် လေးဦး ဒဏ်ရာရ
– ကချင်ပြည်မှာ စစ်ရေး ပိုမို တင်းမာလာနိုင်ဟု KIO သတိပေး
– တနင်္သာရီမှာ စစ်ကြောင်းထိုးနေလို့ ကျေးရွာ ၁၀ ရွာ စစ်ရှောင်နေ ဆိုတဲ့ သတင်းနဲ့အတူ “ကရင်နီပြည်၏ စစ်ရေးအလှည့်အပြောင်းနှင့် ဒေသခံတို့၏ မျှော်လင့်ချက်၊ စိုးရိမ်မှုများ” ဆိုတဲ့ ဆောင်းပါးနဲ့ မိုးလေဝသ သတင်း၊ ဖယ်ခုံမြို့နယ်မှာ ပီကင်းစျေးမှာ ရောင်းချပေးနေတဲ့ ကုန်စျေးနှုန်းသတင်း၊ ယင်းတလဲဘာသာနှင့် ကယားဘာသာ အစီအစဉ်နဲ့နောက်ဆုံးရ သတင်းများကို ဆက်လက်တင်ပြ ပေးသွားမှာ ဖြစ်ပါတယ်။
KT-FM ကရင်နီဘာသာအစီအစဉ်ကို မနက် ၇း၀၀ မှ ၈းဝဝ ထိ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်




