KT-FM ကရင်နီဘာသာ အစီအစဉ် ဩဂုတ်လ ( ၁၃ ) ရက်၊ ၂၀၂၆ ခုနှစ် (ကြာသပတေးနေ့)
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– ဖရူဆိုမြို့နယ်မှာ စစ်အုပ်စုတပ်က ဒရုန်းနဲ့ ကင်းထောက်မှုတွေ ခပ်စိပ်စိပ်လုပ်နေတာကြောင့် စာသင်ကျောင်းတချို့ ယာယီ ပိတ်ထားရ
– လွိုင်ကော်အရှေ့ဘက်ခြမ်း၊ စစ်ရှောင်စခန်းတနေရာမှာ စစ်အုပ်စုတပ်ရဲ့ အသေခံဒရုန်းတိုက်ခိုက်မှုကြောင့်
– ဒီးမော့ဆိုအရှေ့ခြမ်းက စစ်ရှောင်စာသင်ကျောင်းတစ်ခုမှာ စာရေးကိရိယာအပြင် ထိုင်ခုံတွေ လိုအပ်နေဆဲ
– အာဆီယံအနေဖြင့် စစ်အစိုးရကို ဖိအားပေးပြီး ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ရန် KnHRG တောင်းဆို
– IEC၊ ပြည်ထဲရေးဌာနအောက်က လူဝင်မှုကြီးကြပ်ရေး ဌာနခွဲမှာ လစ်လပ်နေရာ (၁၄)ခုအတွက် ဝန်ထမ်းခေါ်ယူ ဆိုတဲ့ သတင်းနဲ့အတူ “စိုက်ပျိုးရေး ကျဆင်းလာမှု နှင့် ကရင်နီဒေသခံတို့ရဲ့ ဝမ်းရေး”ဆိုတဲ့ ဆောင်းပါးနဲ့ မိုးလေဝသ သတင်း၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်း (၄)မိုင်ဈေးတန်းမှာ ရောင်းချပေးနေတဲ့ ကုန်ဈေးနှုန်းသတင်း၊ ယင်းတလဲဘာသာနှင့် ကယားဘာသာ စီအစဉ်နဲ့နောက်ဆုံးရ သတင်းများကို ဆက်လက်တင်ပြ ပေးသွားမှာ ဖြစ်ပါတယ်။
KT-FM ကရင်နီဘာသာအစီအစဉ်ကို မနက် ၇း၀၀ မှ ၈းဝဝ ထိ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်





