spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

KNDF B-02က ရဲဘော် ကျော်ဇင်သန့် နန်းဖဲတိုက်ပွဲအတွင်းမှာ ကျဆုံး

ကန္တာရဝတီတိုင်း( မ် )

ယမန်နေ့ ( မေလ ၂၃ ရက်နေ့ ) ရိက္ခာသယ်ယူလာတဲ့ စစ်ကောင်စီယာဉ်တန်း ကို ဘောလခဲမြို့နယ် နန်းဖဲ မှာတိုက်ပွဲဖြစ်ပွားခဲ့ပြီး KNDF B-02က ရဲဘော် ကျော်ဇင်သန့် ကျဆုံးခဲ့တယ်လို့ KNDF B-02 တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

အသက် ၂၀ ဝန်းကျင် အရွယ်ရှိပြီဖြစ်တဲ့ မောင်ကျော်ဇင်သန့်ဟာ အဝေးသင်တက္ကသိုလ် ဒုတိယနှစ်ကျောင်း သားတစ်ဦးဖြစ်ပါတယ်။

ရိက္ခာပို့တဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က လက်နက်ကြီး နဲ့ ပစ်ခတ်တဲ့အတွက် လက်နက်ကြီးထိမှန် ကျဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီဖက်လည်းထိခိုက်ကျဆုံး တာတွေလည်း ရှိခဲ့ပါတယ်။

“ နန်းဖဲ တိုက်ပွဲမှာပေါ့။ ၁၂၀ ထိတာ လက်နက်ကြီးထိတာ။ မနေ့က ၁၀နာရီလောက်မှာ။ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ကတော့ တပ်ရင်း (၁၆)ရယ် (၂)ရယ် (၉)ရယ်ပေါ့။စစ်ယာဉ်တန်းနဲ့ စစ်ကြောင်းထိုးလာလို့ပေါ့။ အင်အား ၁၅၀နဲ့ ၂၀၀ ကြား။ကျနော်တို့ ထင်တာကတော့ ကျနော်တို့ ခန့်မှန်းတာကတော့ သူတို့ ဖရူဆိုကနေ ဒီဘောလခဲကိုပေါ့။ ရိက္ခာပို့တာ။ “ လို့ KNDF B-02 တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

နန်းဖဲဟာ ရိက္ခာတင်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို ကရင်နီဒေသခံ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ ဖြတ်တိုက်ပြီး မကြာခဏတိုက်ပွဲဖြစ်ပွားတဲ့နေရာဖြစ်ပါတယ်။

ကရင်နီပြည်မှာ စစ်ကောင်စီနဲ့ ကရင်နီဒေသခံ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ နေ့စဉ်တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ တိုက်ပွဲအတွင်း နှစ်ဖက်အကျအဆုံးတွေရှိနေပြီး မေလအတွင်း ကန္တာရဝတီတိုင်း(မ်)ရဲ့လက်လှမ်းမှီသလောက် စာရင်းအရ ကရင်နီဒေသခံ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်က ကျဆုံးသူ ၈ဦးရှိနေပြီဖြစ်ပါတယ်။

spot_img
spot_img