KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ( ၁၄ ) ရက်၊ (တနင်္လာနေ့)
– ကြားကာလပညာရေးကို ဆက်လက်ဖော်ဆောင်နေတဲ့ ဝန်ထမ်းအားလုံးကို ဂုဏ်ပြုကြောင်း IEC ပညာရေးဌာနမှူးကြီး ပြောကြားလိုက်တဲ့အကြောင်း၊
– KNA အမှတ်(၂၁၀၆)တပ်ရင်းရဲ့ ရက်တိုမွမ်းမံသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တဲ့သတင်းတွေအပါအဝင် မိုးလေဝသ သတင်းနဲ့ “ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းရဲ့ ကုန်ဈေးသတင်း”ကို နားဆင်ကြရမှာပါ။ အဲဒီနောက် KTFM ရဲ့ “အမျိုးသမီး အစီအစဉ်”နဲ့အတူ၊ “အကူအညီအတွက် တိုးညင်းတဲ့ တံခါးခေါက်သံ” ဆိုတဲ့ဆောင်းပါးကိုလည်း ဒီညမှာ ထုတ်လွှင့်ပေးသွားပါမယ်ရှင့်…
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ည ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်





