spot_img
16.7 C
Loikaw
Tuesday 9, December 2025
spot_img
Homeသတင်းကယန်းစာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီ ကိုယ်ပိုင်ရုံးကို ကိုယ်ထူကိုယ်ထတည်ဆောက်နေ

ကယန်းစာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီ ကိုယ်ပိုင်ရုံးကို ကိုယ်ထူကိုယ်ထတည်ဆောက်နေ

-

ခွန်းကလိုင်းဖရီး

ကယန်းစာပေနဲ့ ယဉ်ကျေးမှုကို ထိန်းသိမ်းမြှင့်တင်နိုင်ရေးအတွက် ကယန်းစာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီ က ကိုယ်ပိုင်ရုံးတစ်ခုကို ရှမ်း/တောင်၊ ဖယ်ခုံမြို့မှာ ကိုယ်ထူကိုယ်ထတည်ဆောက်နေတယ်လို့ ကယန်းစာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီ အတွင်းရေးမှူး(၂) ခွန်းလွီးစီက ပြောပါတယ်။

ကျပ်သိန်းပေါင်း ၂၄၀၀ ကျော်အကုန်ကျခံ ဆောက်လုပ်မယ့် ဒီရုံးကို ကယန်းပြည်သစ်ပါတီနဲ့ ကယန်းလုပ်ငန်းရှင်တွေ ၊ နဲ့ တခြားသောအလှူရှင်တွေဆီက သိန်းပေါင်း ၆၀၀ ရရှိထားပြီးဖြစ်တယ်လို့ဆိုပါတယ်။

“အရင်တုန်းကဆို သူတို့ ရုံးက အတည်တကျမရှိသေးတော့၊ အခုက အဆောက်အဦး ကိုယ်ပိုင်ရှိထားတော့ ပိုပြီးမှ အဆင်ပြေမှာပေါ့။ အရင်တုန်းက ဆိုလို့ရှိရင် ငှားထားတဲ့ အဆောက်အဦးမှာပဲ သွားပြီးမှ နေရခါကျ အဆင်မပြေတဲ့ စာသင်ခန်းတွေလည်း ရှိတယ်လေနော်။ အဲ့လိုမျိုးပေါ့။ နေရာထိုင်ခင်း အကျဉ်းအကျယ်ပေါ့။” လို့ ကယန်းစာပေသင်ကြားပေးနေတဲ့ မူဆိုဖီယာက ပြောပါတယ်။

၎င်း ကယန်းလူမျိုးတွေ နေထိုင်တဲ့ ပြည်နယ် (၄) ခုနဲ့ နေပြည်တော်ကောင်စီနယ်မြေ (၁) ခုမှာ ကယန်းစာပေနှင့် ယဉ်ကျေးမှုကော်မတီအသီးသီးဖွဲ့စည်းထားပေမယ့် ကယန်းတစ်မျိုးသားလုံးအဆင့် စာပေနှင့်ယဉ်ကျေးမှုကို ထိန်းသိမ်းမြှင့်တင်နိုင်ဖို့အတွက် ကယန်းစာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီက ကိုယ်ထူကိုယ်ထဖြင့် ကိုယ်ပိုင် ရုံး အဆောက်အဦးတည်ဆောက် လုပ်ဆောင်နေတာဖြစ်ပါတယ်။

ယင်းအဆောက်အဦးပြီးမြောက်နိုင်ဖို့အတွက် ကယန်းပြည်သူတွေအနေနဲ့ တတ်နိုင်သလောက် အလှူငွေ ထည့်ဝင်ကူညီကြဖို့ ကယန်းစာပေနှင့်ယဉ်ကျေးမှုကော်မတီက တိုက်တွန်းထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ