spot_img
18.3 C
Loikaw
Wednesday 12, November 2025
spot_img
Homeသတင်းကရင်နီပြည်မှာ ၆ရက်ဆက်တိုက် ပျောက်ကျားတိုက်ပွဲဖြစ်ပွားနေ

ကရင်နီပြည်မှာ ၆ရက်ဆက်တိုက် ပျောက်ကျားတိုက်ပွဲဖြစ်ပွားနေ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်မှာ ၆ရက်ဆက်တိုက် နေ့စဉ်ပျောက်ကျားတိုက်ပွဲဖြစ်ပွား စစ်ကောင်စီဘက်က အနည်းဆုံး ၇ဦးထိခိုက်သေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ( KNDF ) က ဒီကနေ့ မတ်လ ၂၄ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဖရူဆိုမြို့နယ်မှာ ခမရ- ၅၃၁ တပ်ကို KA၊ KNDF တို့က မတ်လ ၁၇ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တစ်ဦးသေဆုံးခဲ့ပါတယ်။ ဖရူဆိုမြို့မရဲစခန်းကိုလည်း မတ်လ ၁၈ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ ၁၄ဦး သေဆုံးခဲ့ပါတယ်။ မိုးဗြဲမြို့နယ် ဝါရီဆူးဖလှိုင်ကျေးရွာမှာလည်း မတ်လ ၁၈ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

လွိုင်ကော်မြို့နယ်က ကယန်းသာယာလမ်းခွဲမှာ မတ်လ ၁၉ရက်နဲ့ ၂၀ရက်နေ့မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၂ဦး သေဆုံးခဲ့ပါတယ်။ မတ်လ ၂၁ရက်နေ့မှာ လွိုင်ကော်မြို့ လွယ်တမူကျေးရွာအနီးက အဝေးပြေးလမ်းမကြီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မတ်လ ၂၂ရက်နေ့မှာ နန်းမယ်ခုံမြို့ နန့်စံခန်းကျေးရွာမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ တပ်မ ( ၆၆ )ဟာ ဒီးမော့ဆိုမြို့နယ်၊ နောင်ပုလဲကျေးရွာနဲ့ ဆိုဘောသဲကျေးရွာကို တာဝေးပစ် အမြောက် ၊ ဒုံး တွေနဲ့ စစ်ကြောင်းထိုးပြီး အင်အားဖြည့်တင်းနေတယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ