spot_img
19.1 C
Loikaw
Tuesday 18, November 2025
spot_img
Homeသတင်းဆယ်ကျော်သက်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း အစီအစဉ် အပတ်စဉ် ( ၂ ) သင်တန်းဖွင့်လှစ်

ဆယ်ကျော်သက်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း အစီအစဉ် အပတ်စဉ် ( ၂ ) သင်တန်းဖွင့်လှစ်

-

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည် ဒီးမော့ဆို အရှေ့ဘက်ခြမ်း တစ်နေရာမှာ ဆယ်ကျော်သက်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း အစီအစဉ် ( Adolescence Engagement Program ) အပတ်စဉ် ( ၂ )ကို ယမန်နေ့ ( ဇူလိုင်လ ၃ ရက်နေ့ ) မှာ ဖွင့်လှစ်ခဲ့ပါတယ်။
အပတ်စဉ် ( ၂ ) သင်တန်းကို ကျောင်းသား၊ ကျောင်းသူ ၅၀ဦးနဲ့ သင်ကြားသွားမှာ ဖြစ်ပြီး သင်တန်းကာလက ၄လ ဖြစ်ပါတယ်။တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ နေရာမှာ ကျောင်းဖွင့်လှစ်တာဖြစ်ပေမယ့် လုံခြုံရေးအတွက်တော့ စိုးရိမ်ရတယ်လို့ Adolescence Engagement Program မှာ သင်တန်းဆရာတစ်ဦးဖြစ်တဲ့ ခူးဖရေးရယ်က ပြောပါတယ်။

“အခုက ကျနော်တို့ဒီမှာ ဦးဆောင်နေတဲ့ ဆရာ၊ဆရာမတွေကအစပေါ့နော။ အကြီးဆုံးကနေ အငယ်ဆုံးအထိ ပြောရမယ်ဆိုလို့ရှိရင် လူငယ်တွေပေါ့နော။ ပြီးတော့ အခုကျောင်းလာတက်နေတဲ့လူတွေလည်း လူငယ်တွေပဲ။ အဲ့ဒီတော့ ဆရာဆရာမတွေကော ကျောင်းလာတက်နေတဲ့ သင်တန်းသူ သင်တန်းသားတွေက အသက်အရွယ်အရွယ်တွေက မသိမ်းမယိမ်းဖြစ်တယ်။ အဲ့ဒီတော့ ကျနော်တို့ youth to youth လူငယ်တွေကနေ လူငယ်တွေပဲ ပြန်ဦးဆောင်ရတယ်။ အဲ့ဒီလိုမျိုးဖြစ်တဲ့ အတွက်ကြောင့်မလို့ ဒီဘက်အပိုင်းမှာ ကြည့်မယ်ဆိုရင်လည်း ကျနော်တို့ လုံခြုံရေးအရ အခက်အခဲရှိတယ်ပေါ့နော။” လို့ ခူးဖရေးရယ်က ပြောပါတယ်။
သင်ကြားရေးပိုင်းအတွက် စာရေးကိရိယာတွေလည်း လိုအပ်ချက်ရှိနေတယ်လို့ ဆိုပါတယ်။ Adolescence Engagement Program သင်တန်းမှာ ဘာသာရပ် ၉ ခုကို သင်ကြားပေးပါတယ်။ ဘာသာရပ်သုံးခုဖြစ်တဲ့ အင်္ဂလိပ်စာ၊ ကရင်နီစာနဲ့ ကရင်နီသမိုင်း ကိုတော့ အဓိက သင်ကြားပေးပြီး တခြား ဂီတ၊ ခေါင်းဆောင်မှုပညာနဲ့ လူမှုပေါင်းသင်းဆက်ဆံရေး အကြောင်းတွေကို ဘာသာရပ်ထပ်ခွဲပြီး သင်ကြားပေးပါတယ်။ သင်တန်းကာလအတွင်း ၃လသာကို စာတွေ့သင်ကြားပေးပြီး နောက်ထပ် ၁လကိုတော့ စစ်ရှောင်စခန်းတွေမှာ ပြန်လည်မျှဝေခိုင်းတာ၊ လူမှုအဖွဲ့အစည်း တစ်ခုခုမှာ ဝင်ရောက်ကူညီတာတွေ ပြုလုပ်ရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလမှာ Adolescence Engagement Programကနေ သင်တန်းသား ၄၇ဦးကို ပထမဆုံး သင်တန်းဆင်းပေးခဲ့ပါတယ်။ သင်တန်းပြီးမြောက်သူတွေဟာ လက်ရှိမှာတော့ စစ်ရှောင်စခန်းမှာ စေတနာ့ဝန်ထမ်းအနေနဲ့ စာသင်ပေးတာတွေ၊ လူမှုအဖွဲ့အစည်းမှာ သွားရောက် ကူညီဆောင်ရွက်တာတွေ၊ နယ်စပ်မှာရှိတဲ့ ကရင်နီနဲ့ဆိုင်တဲ့ ကျောင်းတွေကို ဆက်လက်တက်ရောက်တဲ့ သူတွေလည်းရှိပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ