spot_img
15 C
Loikaw
Sunday 8, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းရာသီဥတုအပြောင်းအလဲကြောင့် စစ်ဘေးဒုက္ခသည်တချို့ ကျန်းမာရေးထိခိုက်နေ

ရာသီဥတုအပြောင်းအလဲကြောင့် စစ်ဘေးဒုက္ခသည်တချို့ ကျန်းမာရေးထိခိုက်နေ

-

CJ (ကန္တာရဝတီတိုင်း(မ်))

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ စစ်ဘေးဒုက္ခသည်တစ်ခုမှာ နေထိုင်တဲ့ စစ်ဘေးဒုက္ခသည် တချို့ဟာ ရာသီဥတုအပြောင်းအလဲကြောင့် ကျန်းမာရေးထိခိုက်မှုတွေ ရှိနေကြောင်း ဧပြီလ ၁၁ ရက်နေ့မှာ သိရှိရပါတယ်။

စစ်ရှောင်အများစုဟာ တိုက်ပွဲတွေကြား အသက်လုထွက်ပြေးလာရတာဖြစ်တဲ့အတွက် စိတ်ဒဏ်ရာတွေရရှိပြီး စားမဝင်၊ အိပ်မပျော်ခြင်း၊ နှာစေး၊ ချောင်းဆိုးခြင်း၊ ဖျားနာခြင်းတွေအပြင် ဝမ်းပျက်ဝမ်းလျောဖြစ်ပွားမှုနဲ့ ကြုံတွေ့နေရပြီး သောက်သုံးဖို့ဆေးဝါးတွေလည်း လိုအပ်နေပါတယ်။

“လည်ချောင်းနာနေတယ်လေး၊ တံတွေးမြိုချလို့မရဘူး၊ မနေ့ကမှ ဖြစ်တယ်။ ဒီမှာက ဆေးခန်းမရှိလို့လေး၊ ဒီထိ လာရတယ်လို့” အသက် ၄၅ အရွယ် စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

နေမကောင်းဖြစ်နေတဲ့ စစ်ရှောင်သူအများစုဟာ အပြောင်းအရွေ့ကြောင့်ဖြစ်သလို ရာသီကူးပြောင်းချိန်ဖြစ်နေတဲ့အတွက် ဂရုစိုက် လုပ်ဆောင်သင့်တယ်လို့ ဒီးမော့ဆို အနောက်ဘက်ခြမ်း ကျန်းမာရေးဆိုင်ရာ ကူညီပေးသူ တစ်ဦးက ဆိုပါတယ်။

ဒီးမော့ဆို အရှေ့ဘက်ခြမ်းမှ စစ်ရှောင်ဒုက္ခသည်တွေ အပါအဝင် နေရပ်အသီးသီးက စစ်ဘေး တိမ်းရှောင်လာသူတွေ စုစုပေါင်း ဦးရေ ၁၀၀ ကျော်ရှိတဲ့ စစ်ဘေးရှောင် စခန်းတစ်ခုဖြစ်ပါတယ်။

စစ်ရှောင်စခန်းအပြင် ဒီးမော့ဆိုမြို့နယ်အတွင်းက နီးစပ်ရာဆွေမျိုးအိမ်တွေမှာ နေထိုင်ကြသူ‌တွေလည်းရှိပါတယ်။ လက်ရှိအခြေအနေအရ တစ်လကျော်အကြာမှ တဲအိမ်စတင်တည်ဆောက်မှုရှိနေပြီး လက်ရှိမှာတော့ အိမ်ခြေ ၂၀၊ လူဦးရေ ၁၀၀ ကျော် အဲ့ဒီ စစ်ဘေးရှောင်စခန်းမှာ အကူအညီလိုအပ်လျက်ရှိနေတယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ