spot_img
20.6 C
Loikaw
Tuesday 9, December 2025
spot_img
Homeသတင်းလေကြောင်းအဓိကထား အသုံးပြုတိုက်ခိုက်လာတဲ့ စစ်ကောင်စီကို တော်လှန်နိုင်ဖို့ ဒေါ်လာ ၄ သိန်းကုန်ကျမဲ့ "ကရင်နီပွိုင့် 5" ကမ်ပိန်း KNDF ပြုလုပ်

လေကြောင်းအဓိကထား အသုံးပြုတိုက်ခိုက်လာတဲ့ စစ်ကောင်စီကို တော်လှန်နိုင်ဖို့ ဒေါ်လာ ၄ သိန်းကုန်ကျမဲ့ “ကရင်နီပွိုင့် 5” ကမ်ပိန်း KNDF ပြုလုပ်

-

ကန္တာရဝတီတိုင်း( မ် )

လေကြောင်းအဓိကထား အသုံးပြုတိုက်ခိုက်လာတဲ့ စစ်ကောင်စီကို ဗျူဟာကျတဲ့ စစ်ဆင်ရေးတွေနဲ့ ပြန်လည်တော်လှန်နိုင်ဖို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ( KNDF ) ကနေ “ကရင်နီ ပွိုင့် 5” ကမ်ပိန်းတစ်ခုကို ပြုလုပ်နေပြီး ပါဝင်ပေးကြဖို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ( KNDF ) ဥက္ကဌ ခွန်းဘီထူးက တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့မှာ ရဟတ်ယာဉ်တွေနဲ့ ဘောလခဲဘက်ကို စစ်ကောင်စီ တပ်မ ၅၅က အင်အား ၂၀၀ လောက် ပို့ဆောင်ခဲ့တယ်လို့ ခွန်းဘီထူးက ဆိုပါတယ်။ လက်ရှိမှာ စစ်ကောင်စီတပ်ဟာ ကရင်နီပြည်တွင်းကို ရဟတ်ယာဉ်တွေကိုသာ အဓိက အားကိုးပြီး ရိက္ခာနဲ့ တပ်ဖွဲ့ဝင်တွေကို ဖြည့်တင်းနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ကမ်ပိန်းကာလကို ဧပြီလ ၂၃ ရက်နေ့ကနေ မေလ ၁၃ ရက်နေ့အထိ သတ်မှတ်ထားပြီး ဒေါ်လာ ၄ သိန်း ရရှိဖို့ မျှော်မှန်းထားတယ်လို့ သိရပါတယ်။

“ ပွိုင့် 5 ဒီလပိုင်းထဲမှာ ၂လက် နီးပါးငွေကို ရှာနေတယ်။ ရနိုင်တဲ့ အခြေအနေလည်းရှိတယ်ပေါ့နော။ သေနတ်ကတော့ လက်ထဲကို ရောက်နေပြီပေါ့နော။ ကျနော် ပွိုင့် 5 တွေကို ထပ်ပြီးတော့မှ တိုးဝယ်ချင်တယ်။ NSTနဲ့ OFPပေါ့နော ပေါင်းပြီးတော့ fundraising အနေနဲ့ ဆက်သွားနေတယ်။ Target ကတော့ ဒေါ်လာ ၄ သိန်း ဖြစ်ပါတယ်။ အဲတော့ အဲဒီငွေတွေကို ဆက်ပြီးတော့မှ ပေါ့နော အလှူခံ ပေးကူနိုင်ဖို့အတွက်ကို ဒီကနေလည်း ကျနော်တိုက်တွန်းလိုတယ်။ ဒီကမ်ပိန်းက ကျနော်တို့ရဲ့ ကမ်ပိန်းဖြစ်တဲ့အကြောင်း ဒီကနေ သတင်းစကားပို့ပေးရခြင်းဖြစ်ပါတယ်။ ” လို့ ခွန်းဘီထူးကနေပြီး NST ဖေ့ဘုတ်ပေ့ချ်မှာ တိုက်တွန်းပြောထားတာ ဖြစ်ပါတယ်။

ကမ်ပိန်းကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဥက္ကဌ ခွန်းဘီထူးကနေ ဦးဆောင်ပြီး NST, CRPH – OFP Fundraising Program, Bliss In Action ပြည်သူ့ဂုဏ်ရည် OFP-Official ပြည်သူ့ဂုဏ်ရည် နွေဦးစုဗူး Citizen of Burma Award တို့ကနေ ပူးပေါင်းပြုလုပ်မှာ ဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ