spot_img
26.7 C
Loikaw
Friday 5, December 2025
spot_img
Homeသတင်းဘောလခဲ၊ ဖားဆောင်းမြို့နယ်တွေမှာ စက်သုံးဆီပြတ်လပ်နေ

ဘောလခဲ၊ ဖားဆောင်းမြို့နယ်တွေမှာ စက်သုံးဆီပြတ်လပ်နေ

-

ကန္တာရဝတီတိုင်း(မ်)

ဇူလိုင်လအစောပိုင်းကစပြီး ဘောလခဲ၊ ဖားဆောင်းမြို့နယ်အတွင်းမှာ စက်သုံးဆီ ပြတ်လပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ လက်ရှိ ဓါတ်ဆီတစ်လီတာကို ကျပ် ၇၀၀၀ အထိဈေးရှိနေပြီး နေရာတိုင်းဝယ်လို့ မရတော့ဘူးလို့ ဆိုပါတယ်။

“ စက်သုံးဆီကတော့ လုံးဝကို ပြတ်လပ်နေပြီပေါ့နော။ စက်သုံးဆီကတော့ အမှန်တိုင်းပြောရင် ဘယ်မှာ ရောင်းလဲဆိုတာကို လိုက်မေးပြီး ဝယ်ရတဲ့ အနေအထားပေါ့။ ဒီးမော့ဆိုအနောက်ဖက်ခြမ်းမှာ စက်သုံးဆီ တစ်လီတာ ၃၅၀၀၊ ၄၀၀၀ ဖြစ်နေပြီ။ ဒီမှာ ဘယ်လောက်ဝယ်ရလဲဆိုတော့ ကျနော်တို့ ၇၀၀၀ ဝယ်ရတယ်။ လွန်ခဲ့တဲ့ သုံးရက် ကဈေးနှုန်းပေါ့နော။ အဲဒါတောင် မနည်း ဝယ်ရတယ်ပေါ့နော။ စက်သုံးဆီက ပြတ်သလောက်ရှိပြီ တစ်လီတာ တစ်ဗူး ၇၀၀၀ တစ်ပီပါ ၁၂သိန်းခွဲ နဲ့ ဝယ်ရတယ်။ လမ်းစရိတ်တွေလည်းရှိသေးတယ်။” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ဖားဆောင်းမြို့နယ်အတွင်းမှာ ဇွန်လ ဒုတိယပတ်ကစပြီး နှစ်ဖက်ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ စစ်ရေးအခြေအနေ တင်းမာမှုတွေ၊ လမ်းကြောင်းအခက်အခဲတွေကြောင့် စက်သုံးဆီတွေ သယ်ယူဖို့ ခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် ဇွန်လလယ်လောက်ကတည်းက ဖားဆောင်း၊ ဘောလခဲ ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ ထွက်ပြေးတိမ်းရှောင်တဲ့အချိန် စက်သုံးဆီရရှိဖို့ ဝယ်တဲ့အခါမှာလည်း ခက်ခဲတယ်လို့ ဆိုပါတယ်။

ဓါတ်ပုံ – Tun Myanmar Donation

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ