spot_img
20.6 C
Loikaw
Tuesday 9, December 2025
spot_img
Homeသတင်းသုံးရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းမှု‌ကြောင့် ချောင်းရေတက်လာ၊ ဒေသခံစိုက်ပျိုးထားတဲ့ သီးနှံအချို့ ပျက်စီးမှုရှိ

သုံးရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းမှု‌ကြောင့် ချောင်းရေတက်လာ၊ ဒေသခံစိုက်ပျိုးထားတဲ့ သီးနှံအချို့ ပျက်စီးမှုရှိ

-

CJ (ကန္တာရဝတီတိုင်း(မ်))

ပြီးခဲ့တဲ့ အောက်တိုဘာလ ၈ ရက်နေ့ ညကနေ အောက်တိုဘာလ ၁၁ ရက်နေ့ မနက်ပိုင်းအထိ ဖရူဆိုမြို့နယ်အတွင်း သုံးရက်ကြာ မိုးအဆက်မပြတ်ရွာသွန်းခဲ့တာကြောင့် အင်တော စစ်ဘေးရှောင်အနီးက ချောင်းရေမြင့်တက်လာပြီး ဒေသခံတွေ စိုက်ပျိုးထားတဲ့ သီးနှံ စိုက်ခင်းတချို့ ပျက်စီးသွားတယ်လို့ သိရပါတယ်။

မိုးကြီးတာကြောင့် တောင်ကျရေနဲ့ အတူပါလာတဲ့ နှုံးမြေတွေဟာ ဒေသခံတွေရဲ့ စိုက်ခင်းတွေထဲကို စီးဝင်လာတာကြောင့် စိုက်ပျိုးထားတဲ့ အပင်တွေပျက်စီးသွားတာဖြစ်ပါတယ်။

ယခုလို ချောင်းရေမြင့်တက်လာတာကြောင့်လည်း စစ်ဘေးရှောင်လူထု သွားလာရေးအခက်အခဲဖြစ်နေသလို၊ ရေချိုးအဝတ်လျော်တဲ့ နေရာလည်း ပျက်စီး၊ ရေနစ်မြုပ်သွားတယ်လို့ ဒေသခံစစ်ရှောင်တွေကပြောပါတယ်။

“ရေက တဖြည်းဖြည်း တက်လာတာပဲ ရှိတယ်။ ဆိုင်ကယ်ရပ်ထားတဲ့ ချောင်းဘေးကဟာတွေ အိတ်ဇောပိုက်ထဲ တချို့ဝင်သွားတယ်၊ ဆိုင်ကယ်တွေ အမြန်မရွေ့ရင် မျောပါသွားနိုင်တယ်။” လို့ စစ်ရှောင်တဦးကပြောပြပါတယ်။

သွားလာရေးအခက်အခဲကြောင့် မူလတန်းကျောင်းနဲ့ မူကြိုကျောင်းတွေကို ပိတ်ထားရတာရှိတယ်လို့ လည်း ဆိုပါတယ်။

အင်တောစစ်ရှောင်စခန်းဟာ ဖရူဆိုမြို့နယ် နဲ့ ဒီးမော့ဆို မြို့နယ် အစပ်မှာ ရှိပြီး ဖရူဆိုနဲ့ ဒီးမော့ဆိုမြို့နယ်က စစ်ရှောင်လူထု ဦးရေ ၈၀၀ ဝန်းကျင်ရှိနေပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ