spot_img
20 C
Loikaw
Wednesday 10, December 2025
spot_img
Homeသတင်းမိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စစ်ရှောင်စိုက်ပျိုးထားတဲ့ နှမ်းပျက်စီးမှုရှိနေ

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စစ်ရှောင်စိုက်ပျိုးထားတဲ့ နှမ်းပျက်စီးမှုရှိနေ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ စစ်ရှောင်စခန်းတွေ တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားတဲ့နှမ်းတွေဟာ ယခုရက်ပိုင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

“ရိတ်နေတာတော့ မရှိတော့ဘူး။ ဒါပေမယ့် ရိတ်ပြီးထောင်ထားတဲ့ဟာတွေ ကျန်သေးတော့ မိုးတွေတအားရွာတော့ ဆွေးပြီး ပျက်ကုန်တာတွေ ရှိတယ်”လို့ စစ်ရှောင်ရင်း နှမ်းစိုက်ပျိုးသူ တစ်ဦးက ပြောပါတယ်။

စစ်ရှောင်စခန်းတစ်နေရာက အိမ်ခြေ ၁၀၀ ကျော်ဟာ အလှူရှင်ကိုသာ အဓိက မျှော်ကိုးနေရတာကြောင့် နှမ်းကို စားဝတ်နေရေးအတွက် တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားကြတာဖြစ်ပါတယ်။

မိုးရွာသွန်းချိန် မမှန်တာကြောင့် နှမ်းမအောင်တာရှိသလို ရလာတဲ့ နှမ်းတွေဟာလည်း ဈေးကောင်းမရဘူးလို့ ဆိုပါတယ်။ နှမ်းစတင်စိုက်ပျိုးတဲ့ ကာလတုန်းက မိုးမရွာတဲ့အတွက် နှမ်းပင် မပေါက်တာကြောင့် ၂ ခါ ပြန်ပြီး စိုက်ပျိုးခဲ့ရတာတွေ ရှိခဲ့ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ