spot_img
22.3 C
Loikaw
Tuesday 18, November 2025
spot_img
Homeသတင်းစစ်ဘေးရှောင်စခန်းတစ်ခုမှာ စားနပ်ရိက္ခာအတွက် တစ်ပိုင်တစ်နိုင် သီးနှံစိုက်ပျိုး

စစ်ဘေးရှောင်စခန်းတစ်ခုမှာ စားနပ်ရိက္ခာအတွက် တစ်ပိုင်တစ်နိုင် သီးနှံစိုက်ပျိုး

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း စစ်ဘေးရှောင်စခန်းတစ်ခုမှာ စားနပ်ရိက္ခာ ထောက်ပံ့မှု မရတော့တာကြောင့် စစ်ရှောင်တွေ တစ်နိုင်တစ်ပိုင် သီးနှံတွေ စိုက်ပျိုးနေကြတယ်လို့ သိရပါတယ်။

ပရဟိတလုပ်ဆောင်တဲ့အဖွဲ့တွေကပေးတဲ့ မျိုးစေ့တွေကို စိုက်ပျိုးကြတာဖြစ်ပြီး မြေဆီ၊ မြေဩဇာမရရှိတာကြောင့် အပင်မသန်တာတွေ ဖြစ်တယ်လို့ စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။

“ကျနော်တွေ့ရသလောက်ပေါ့နော် တော်တော်များများ စိုက်ကြပါတယ်။ ဒါပေမယ့် ခက်ခဲတာက ဒီ ဝင်ငွေမရှိတဲ့ခါကျတော့ သူတို့ မြေဩဇာ တွေလဲ မဝယ်နိုင်ကြဘူးပေါ့။ အဲ့ဒါကျတော့ ကျနော်တို့ တွေ့ရှိရတယ် တော်တော်များများက စိုက်ကြတယ် ဒါပေမယ့် သိပ်ပြီးတော့ အပင်က မသန်ဘူးပေါ့နော် ဘာဖြစ်လဲဆိုတော့ မြေဓာတ်က မကောင်းတဲ့ အတွက်ကြောင့်မို့လို့လေး။” လို့ စစ်ရှောင် ကူညီသူတစ်ဦးက ပြောပါတယ်။

စစ်ဘေးရှောင်စခန်းတွေရဲ့ အနီးအနားမှာ ဆောင်းသီးနှံတွေဖြစ်တဲ့ မုန်ညှင်းနဲ့ ကြက်သွန်တွေ စိုက်ပျိုးထားကြတယ်လို့ ဆိုပါတယ်။

“တချို့ကျတော့ စစ်ဘေးရှောင်တွေက သူတို့ရဲ့ တဲဘေးနားမှာကျတော့ သူတို့ ဒီလို ဦးစားပေါ့ ကြက်သွန်တို့ မုန်ညှင်းတို့ အဲ့လိုမျိုးစိုက်တာတော့ရှိတယ် တွေ့ရတာပေါ့နော်” လို့ သူက ဆက်ပြောပါတယ်။

စစ်ရှောင်ကာလကြာမြှင့်လာတာနဲ့အမျှ စစ်ရှောင်တွေဟာ အလှူရှင်တွေဆီကနေ ထောက်ပံ့မှုမရရှိတော့ဘူးလို့ ဆိုပါတယ်။ အဲဒီစစ်ရှောင်စခန်းမှာ လူဦးရေ ၂၀၀ကျော်ရှိပြီး စားနပ်ရိက္ခာအပြင် ‌အနွေးထည်၊ စောင် လိုအပ်နေတယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ