spot_img
18.3 C
Loikaw
Sunday 15, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းတစ်လအတွင်း MOD ထံ ဗိုလ်မှူး အပါအဝင် တပ်သား ၆၄ ဦး ဘက်ပြောင်းခိုလှုံလာ

တစ်လအတွင်း MOD ထံ ဗိုလ်မှူး အပါအဝင် တပ်သား ၆၄ ဦး ဘက်ပြောင်းခိုလှုံလာ

-

ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ တစ်လအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ရင်ခွင်အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီ နဲ့ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံ ဆက်သွယ်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာသူ ဗိုလ်မှူးတစ်ဦး အပါအဝင် တပ်သား (၆၄) ဦး ဘက်ပြောင်းခိုလှုံလာတယ်လို့ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန က ဒီကနေ့ မတ်လ ၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဘက်ပြောင်းခိုလှုံလာသူတွေထဲ အရာရှိအဆင့် ဗိုလ်မှူးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်သား ၅၃ ဦး နဲ့ ရဲ ၆ဦး အပြင် SNA တပ်သား ၅ဦး ပါဝင်ပြီး အာဏာသိမ်း စစ်ကောင်စီကို စွန့်ခွာကာ ပြည်သူ့ဘက်သို့ ရပ်တည် ကူးပြောင်း လာခဲ့ကြတယ်လို့ ဆိုပါတယ်။

(၆၄) ဦးအနက် လက်နက်နဲ့တကွ ခိုလှုံလာသူ (၄၅) ဦး ရှိပြီး လက်နက်ယူဆောင် လာသူတွေကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြု ချီးမြှင့်ငွေတွေ ပေးအပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ လက်နက်မျိုးစုံ (၄၄)လက်၊ ခဲယမ်း မီးကျောက်တွေ ယူဆောင်လာခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၅ ခုနှစ် ဇန်နဝါရီ တစ်လအတွင်းမှာလည်း တပ်သားနဲ့ ရဲ စုစုပေါင်း ( ၁၃၆ ) ဦး NUG ထံ ဘက်ပြောင်းခိုလှုံလာခဲ့တာကြောင့် နှစ်လအတွင်း ခိုလှုံသူ၂၀၀ ဦး ရှိနေပြီဖြစ်ပါတယ်။ NUG ရဲ့ ထုတ်ပြန်ချက်စာရင်းအရ ၂၀၂၄ခုနှစ် တစ်နှစ်အတွင်း တပ်သားနဲ့ ရဲ စုစုပေါင်း ( ၅၆၇ )ဦး NUG ထံ ဘက်ပြောင်းခိုလှုံလာတယ်လို့ သိရပါတယ်။

စစ်ကောင်စီက စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက် ပြည်သူတွေကို အတင်းအဓမ္မလူသစ်စုဆောင်းမှုတွေ ပြုလုပ်ပြီး စစ်မှုထမ်းသင်တန်းပေးကာ ရှေ့တန်းတိုက်ပွဲတွေမှာ ပို့ဆောင်လျက်ရှိနေတာပါ။ တပ်သားအဖြစ် စုဆောင်းခံရသူတွေနဲ့ ပြည်သူဖက်ရပ်တည်လိုတဲ့ စစ်သား၊ ရဲ တွေအနေနဲ့ NUG လက်အောက်က တပ်ရင်းတပ်ဖွဲ့တွေထံ ဆက်သွယ်ခိုလှုံကြဖို့ NUG က တိုက်တွန်းထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ