spot_img
22.4 C
Loikaw
Friday 16, January 2026
spot_img
Homeသတင်းနတ်တောင်စစ်ရှောင်စခန်းရှိ အိမ်ထောင်စု ၄၀ ရိက္ခာပြတ်လပ်မှုနဲ့ ကြုံနေရ

နတ်တောင်စစ်ရှောင်စခန်းရှိ အိမ်ထောင်စု ၄၀ ရိက္ခာပြတ်လပ်မှုနဲ့ ကြုံနေရ

-

ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ ဒီးမော့ဆိုအနောက်ဘက်ခြမ်းရှိ နတ်တောင်စစ်ရှောင်စခန်းမှာ ခိုလှုံနေတဲ့ စစ်ရှောင်အိမ်ထောင်စု ၄၀ ဟာ ရိက္ခာပြတ်လပ်မှုနဲ့ ကြုံနေရတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ကက်သလစ်ဘာသာဝင် သီလရှင် များ ထံမှာ အကူအညီတောင်းခံနေပြီး တချို့ကတော့ ချေးငှားစားသုံးနေတယ်လို့ အဆိုပါ စစ်ရှောင်စခန်းရဲ့ ကော်မတီ တာဝန်ရှိသူတဦးက ပြောပါတယ်။
“လက်ရှိ အိမ်ထောင်စု (၁၀၉) စုမှာ အိမ်ထောင်စု အနည်းဆုံး (၄၀) လောက်တော့ ရိက္ခာ ပြတ်နေတယ်။ စစ္စတယ် (ကက်သလစ်သီလရှင်) တို့နား ပေးတဲ့ အရေးပေါ် ဆန်တွေ သွားထုတ်နေရတယ်။ ပြီးတော့ တချို့က အသိဆွေးမျိုးနားမှာ ချေးစားနေရတယ်။” လို့ စစ်ရှောင်ကော်မတီတာဝန်ရှိသူ တဦးက ပြောပါတယ်။
အဆိုပါ စစ်ရှောင်စခန်းကို အလှူရှင်တွေ မရောက်လာနိုင်တာ (၅) လကျော် ရှိပြီဖြစ်ပြီး အခုလို ပြတ်လပ်မှုနဲ့ ရင်ဆိုင်ရတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ အကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ စစ်ရှောင်ကော်မတီ တာဝန်ရှိသူက ဆက်ပြောပါတယ်။
အဆိုပါ စစ်ရှောင်စခန်းမှာ အိမ်ထောင်စု (၁၀၀) ကျော်ရှိပြီး လူဦးရေ (၄၅၀) ဝန်းကျင် ခိုလှုံနေထိုင်ကြပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ