spot_img
Homeသတင်းသံလွင်မြစ်အဆိပ်သင့်ခြင်းနောက်ဆက်တွဲကို ထိုင်းအရပ်ဖက်အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မည်

သံလွင်မြစ်အဆိပ်သင့်ခြင်းနောက်ဆက်တွဲကို ထိုင်းအရပ်ဖက်အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မည်

-

ကန္တာရဝတီတိုင်း (မ်)

သံလွင်မြစ်အတွင်း အာဆင်းနစ်ဓာတ်ပါဝင်မှုများပြီး အဆင့်သင့်နေတဲ့ အရေးကို စိစစ်ဆောင်ရွက်ဖို့ ထိုင်းအရပ်ဖက်အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကရင်နီပြည်သဘာဝပတ်ဝန်းကျင်ဆိုင်ရာအဖွဲ့တစ်ခုဖြစ်တဲ့ Karenni Evergreen (KEG) က ပြောပါတယ်။

သံလွင်မြစ် အာဆင်းနစ် အဆိပ်သင့်တဲ့ အရေးကိစ္စနဲ့ပတ်သက်ပြီး လုပ်ငန်းစဥ် တစ်စုံတရာဆောင်ရွက်နေတာ မရှိသေးတဲ့အတွက် ထိုင်းအရပ်ဖက်အဖွဲ့နဲ့ ချိတ်ဆက်ညှိနှိုင်းဖို့ကို စတင်ပြင်ဆင်နေပြီလို့လည်း Karenni Evergreen (KEG) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“အရပ်ဖက်အနေနဲ့တော့ ထိုင်းက အရပ်ဖက်အဖွဲ့ Burman Concern အဖွဲ့နဲ့ချိန်းပြီး အဲဒီအရေးကိစ္စ ဆောင်ရွက်နိုင်ဖို့တွက် စပြီး ချိတ်ဆက်တာပဲ ရှိသေးတယ်။ အသေးစိတ်လုပ်ငန်းစဥ်ဆောင်ရွက်နိုင်ဖို့အတွက်က ကြိုတင်ညှိနှိုင်းဆွေးနွေးဖို့အတွက် စပြင်နေပြီ။ အဲလောက်ပဲ ရှိသေးတယ်” လို့ပြောပါတယ်။

Burma Concern အဖွဲ့က မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို ပိုမိုနားလည်သဘောပေါက်လာစေဖို့ ရည်ရွယ်ပြီးဖွဲ့စည်းထားတဲ့ စီမံကိန်းတစ်ခု ဖြစ်ပါတယ်။ ဒီစီမံကိန်းက ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံက ပညာရှင်တွေ၊ မူဝါဒချမှတ်သူတွနဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတို့အကြား အချက်အလက် ဖလှယ်ခြင်းနဲ့ သင်ယူမှုဆိုင်ရာ နယ်ပယ်တစ်ခု ဖန်တီးပေးခြင်းအားဖြင့်လည်း မြန်မာ့အပြောင်းအလဲကာလ အခြေအနေတို့ကို ပိုမိုနားလည်လာစေရန် ဆောင်ရွက်နေတဲ့ စီမံကိန်းအဖွဲ့တစ်ခု ဖြစ်ပါတယ်။

ဒါ့အပြင် ကရင်နီကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ဖက်ကလည်း သံလွင်မြစ်အဆိပ်သင့်ခြင်း ကိစ္စနဲ့ ပတ်သက်ပြီး မြို့နယ်ကျန်းမာရေးမှုးတွေနဲ့ ပူးပေါင်း‌ဆောင်ရွက်နေတာရှိတယ်လို့လည်း ပြောထားပါတယ်။

သံလွင်မြစ်ရေက မြစ်အထက်ပိုင်းကလာတဲ့ ရွှေ နဲ့ သတ္တုတူးဖော်မှုကနေ ထွက်လာတဲ့ အာဆင်းနစ် ဓာတုဆေးရည်ပျော်ဝင်မှု များပြားနေပြီး ရေအပြင် ရေထဲမှာရှိတဲ့ ငါး၊ ခရု တွေမှာလည်း ကျန်းမာရေးကို အန္တရာယ်ဖြစ်စေနိုင်တဲ့ အာဆင်းနစ်ဓာတ်ပါဝင်မှုဟာ ဘေးကင်းမှု သတ်မှတ်ချက်ထက် ၁၀ ဆ ကနေ အဆ ၂၀ အထိပါဝင်နေတယ်လို့ ထိုင်းသတင်းဌာနတစ်ခုဖြစ်တဲ့ the transbodernews ကဖော်ပြပါတယ်။

“နိုင်ငံသားသိပ္ပံ” (Citizen Science) နည်းလမ်းနဲ့ ပတ်ဝန်းကျင်ကျန်းမာရေး အသိပညာ တိုးမြှင့်ရေး သုတေသနစီမံကိန်း ခေါင်းဆောင်လည်းဖြစ်သူ ဆိုမ်ဖွန် ပင်ခမ် (Somporn Pengkham) ရဲ့ မေလ ၃ ရက်နေ့က ပြောကြားချက်ကို ကိုးကားထားတဲ့ သတင်းဖော်ပြထားတာပါ။ ဒီတွေ့ရှိချက်ကြောင့် သံလွင်မြစ်ထဲမှာရှိတဲ့ ခရုတွေကိုမစားသုံးဖို့ ထိုင်းနိုင်ငံမယ်ဟောင်ဆောင်ခရိုင်အတွင်းက သံလွင်မြစ်နဲ့ အနီးမှာ နေထိုင်တဲ့ ထိုင်းလူထုတွေကို အာဏာပိုင်တွေက သတိပေးထားတယ်လို့ဆိုပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ