spot_img
Homeသတင်းကရင်နီပြည်မှာ စစ်အုပ်စုရဲ့ ဖျက်ဆီးမှုကြောင့် တစ်လအတွင်း ပြည်သူ့ နေအိမ် နဲ့ ယာဉ် အပါအဝင် ပစ္စည်းပေါင်း ၁၂၀ ပျက်စီး

ကရင်နီပြည်မှာ စစ်အုပ်စုရဲ့ ဖျက်ဆီးမှုကြောင့် တစ်လအတွင်း ပြည်သူ့ နေအိမ် နဲ့ ယာဉ် အပါအဝင် ပစ္စည်းပေါင်း ၁၂၀ ပျက်စီး

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်မှာ စစ်အုပ်စုရဲ့ ဖျက်ဆီးမှုတွေကြောင့် ပြီးခဲ့တဲ့ မေလ တစ်လအတွင်း ပြည်သူ့နေအိမ် နဲ့ ယာဉ် အပါအဝင် အဆောက်အဦး၊ပစ္စည်း ပေါင်း ၁၂၀ ကျော် ပျက်စီးခဲ့တယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့( KnHRG) ရဲ့ စာရင်းအရ သိရပါတယ်။

ပျက်စီးသွားတဲ့ အဆောက်အဦးနဲ့ ပစ္စည်း စုစုပေါင်း ၁၂၀ ကျော်ထဲမှာ လူနေအိမ် ၉၆ လုံး၊ ဘာသာရေး အဆောက်အဦး ၁ လုံး၊ စာသင်ကျောင်း ၁ ကျောင်း၊ အများပြည်သူ အသုံးပြုတဲ့ အဆောက်အဦး ၅ လုံးနဲ့ယာဉ် ၁၇ စီး ပါဝင်တယ်လို့ ဆိုပါတယ်။

အဆိုပါ ပျက်စီးမှုတွေထဲ လူနေအိမ် ၈၅ လုံးနဲ့ ကား ၁၆ စီးဟာ မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

စရင်းတွေအရတော့ ပျက်စီးသွားတဲ့ နေအိမ်နဲ့ ပစ္စည်းတွေဟာ ဖရူဆိုမှာ အများဆုံးဖြစ်ကြောင်း KnHRG ရဲ့ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“မေလထဲ မီးရှို့ဖျက်ဆီးတာက အဆောက်အဦးနဲ့ ပစ္စည်းက (၁၀၆)ခု အထက် ရှိမယ်၊ ဖရူဆိုသီးသန့်ပေါ့နော်။”လို့ KnHRG ရဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ဖရူဆိုမှာ ပြီးခဲ့တဲ့ မေလ ၈ ရက်နေ့ ၂ နာရီဝန်းကျင်အချိန်မှာ စစ်ကော်မရှင်တပ်က စစ်ရှောင်စခန်းတနေရာကို ရောက်ရှိလာပြီး စစ်ရှောင်တဲအိမ်တွေ၊ ယာဉ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာပါ။

စစ်ရှောင်စခန်းဆီကို ရောက်ရှိလာတဲ့ စစ်ကော်မရှင်တပ်သားတွေဟာ လူနေတဲအိမ်မီးရှို့တာအပြင် အချိန်မီထွက်ပြေး တိမ်းရှောင်နိုင်ခြင်း မရှိသူတွေကို ဖမ်းဆီးရိုက်နှက်ခဲ့ကြောင်းကိုလည်း စစ်ရှောင်တွေဆီကနေ သိခဲ့ရပါတယ်။

ပြီးခဲ့မေလ တစ်လအတွင်းမှာတော့ စစ်ကော်မရှင်တပ်ဟာ ဖရူဆိုမြို့နယ်အတွင်းကို စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် အိမ်ခြေ ၁၄၀ ခန့်နဲ့ လူဦးရေ ၇,၀၀၀ ခန့်ဟာ နေရာ ရွှေ့ပြောင်း တိမ်းရှောင် ခဲ့ရတယ်လို့ KnHRG ရဲ့ တစ်လတာ အစီရင်ခံစာစာရင်း အရ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာလည်း ဖရူဆို မြို့နယ်က ကျေးရွာ‌ေတွကို ဒရုန်းကင်းထောက်မှု ဆက်တိုက်ပြုလုပ်လာတာကြောင့် ရွာသား ၂၀၀ ကျော် ရွေ့ပြောင်းနေကြရတယ်လို့ သိရပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ