spot_img
Homeသတင်းဒီးမော့ဆို ၊ စောလုံအုပ်စုက ကျေးရွာတရွာမှာ စပါးမျိုးသန့် လိုအပ်နေတာကြောင့် အကူအညီတောင်းခံ

ဒီးမော့ဆို ၊ စောလုံအုပ်စုက ကျေးရွာတရွာမှာ စပါးမျိုးသန့် လိုအပ်နေတာကြောင့် အကူအညီတောင်းခံ

-

ကန္တာရဝတီတိုင်း (မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းက စောလုံအုပ်စုထဲက ကျေးရွာတရွာမှာ ဆန်စပါးအထွက်နှုန်း တိုးဖို့အတွက် စပါးမျိုးသန့်လိုအပ်နေတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှုး တာဝန်ရှိသူတဦးက ပြောပါတယ်။

“ယခင် စစ်တပ်အာဏာကို မသိမ်းယူခင်မှာတော့ ကျနော်တို့ စိုက်ပျိုးနိုင်တဲ့ ဧကပေါင်းက ၃၀ ကျော်တယ်။ ဒါပေမယ့် အခုတော့ ကျနော်တို့ ၁၂ ဧက ဝန်းကျင်လောက်ပဲ စိုက်ပျိုးနိုင်တယ်။ ဒီအတွက် စပါးအထွက်တိုးဖို့ စပါးမျိုးသန့်လေးတွေ ကျနော်တို့ အရမ်းလိုအပ်နေတယ်”လို့ ကျေရွာအုပ်ချုပ်ရေးမှုး တာဝန်ရှိသူတဦးက ပြောပါတယ်။

အဆိုပါ ကျေးရွာဟာ ယခင်က လယ်ယာစပါးကို နှစ်စဉ်ပုံမှန် စိုက်ပျိုးခဲ့ကြပေမယ့် အာဏာသိမ်းပြီးနောက် ဒေသခံတွေဟာ တကွဲတပြားစစ်ဘေးရှောင်ခဲ့ရတာကြောင့် စိုက်ပျိုးနိုင်ခြင်းမရှိတော့ဘူးလို့ ဆိုပါတယ်။ စပါးကိုပြန်လည်စိုက်ပျိုးနိုင်တာ ယခုနှစ်အပါဝင် ၂ နှစ်သာ ရှိသေးတယ်လို့ ဆိုပါတယ်။

ပုံမှန်မစိုက်ပျိုးနိုင်တာကြောင့် စပါးမျိုးဆေ့ မျိုးဆန် မရှိဘူးလို့ ပြောပါတယ်။ ပြီးခဲ့တဲ့နှစ် စိုက်ပျိုးရာသီအတွက် နီးစပ်ရာတွေမှာ မျိုးစေ့ယူရတာဖြစ်ပြီး အထွက်နှုန်းကျဆင်းတာကြောင့် ဝမ်းရေးအတွက် တနှစ်စာ မဖူလုံဘူးလို့ ပြောပါတယ်။

အိမ်ခြေ ၃၀ ကျော် ရှိပြီး လူဦးရေ ၁၀၀ ကျော်နေထိုင်ကြတဲ့ အဆိုပါကျေးရွာဟာ စီးပွားဖြစ် နှမ်းကို အဓိကထား စိုက်ပျိုးကြပြီး ဝမ်းရေးအတွက် ဆန်စပါးကို စိုက်ပျိုးကြတာ ဖြစ်ပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ