spot_img
15.8 C
Loikaw
Tuesday 9, December 2025
spot_img
Homeသတင်းကယားတွင် COVID-19 သံသယလူနာ ရောဂါပိုးမတွေ့ရှိ

ကယားတွင် COVID-19 သံသယလူနာ ရောဂါပိုးမတွေ့ရှိ

-

နော်ဒွေးအယ်ခူ

ကယားပြည်နယ်အတွင်း COVID-19 သံသယလူနာနှင့် စောင့်ကြည့်လူနာ (၆) ဦးတို့ရဲ့ ဓတ်ခွဲနမူနာကို ပေးပို့စစ်ဆေးရာ ပိုးမတွေ့ရှိဘူးလို့ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က ကန္တရဝတီတိုင်းမ်ကို အတည်ပြုပြောကြားပါတယ်။

“အမျိုးသားဓတ်ခွဲဌာနနဲ့ ကုသရေးဦးစီးဌာနကို ဆရာတို့က လှမ်းပြီးမေးလိုက်ပါတယ်။ ကယားပြည်နယ်မှာ ၁၃ရက်နေ့ ညပို့ပြီး ၁၄ရက်နေ့မနက်ရောက်တဲ့ လူနာ စုစုပေါင်း၆ဦးပေါ့။ လွိုင်ကော်ဆေးရုံကြီးက လေးဦး၊ ရှားတောမြို့နယ်ကတစ်ဦး၊ ဒီမော့ဆိုမြို့နယ်တစ်ဦး စုစုပေါင်း ဓတ်ခွဲလူနာ ၆ဦးပို့လိုက်တယ်ပေါ့။ အဲထဲမှာ လွိုင်ကော်ဆေးရုံကြီးထဲက လေးဦးမှာ ဒေါဥခူက ဆရာတို့စိတ်ပူရတဲ့ လူနာအမျိုးသမီးပေါ့နော သူလည်းပါပါတယ်။ အဲဒီ ၆ဦးလုံးက ဒီနေ့စစ်ထဲပါပြီးတော့ ပိုးမတွေ့ရှိပါဆိုတဲ့ အဖြေရပါတယ် ဒါသေချာပါတယ်” လို့ ဒေါက်တာဌေးလွင်ကပြောပါတယ်။

အဆိုပါ သံသလူနာတို့ရဲ့ ဓတ်ခွဲနမူနာကို ဧပြီလ ၁၃ရက်နေ့က ပေးပို့ထားပြီး ဧပြီလ ၁၅ရက်နေ့ညပိုင်းမှ အဖြေထွက်ရှိတာပဲဖြစ်ပါတယ်။

COVID-19 အတည်ပြုလူနာ Case 37 နဲ့ ထိတွေ့ခဲ့တဲ့ လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်က သံသယလူနာရဲ့ဆေးစစ်ချက်အဖြေမှာလည်း COVID-19 ရောဂါပိုးမတွေ့ (Negative) ဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ