TAG
စည်ပင်
ဒေသခံမဟုတ်တဲ့ စည်ပင်ဝန်ထမ်းခေါ်ယူမှု ကို ပြန်လည်စိစစ်ပေးဖို့ ဒေသခံတချို့တောင်းဆို / စည်ပင် အင်ဂျင်နီယာ ဝန်ထမ်းခေါ်ယူမှု ပြန်လည်စိစစ် ပေးဖို့ တင်ပြမှုရှိနေ
ဦးမြာ
နန်းမယ်ခုံမြို့ စည်ပင်သာယာရေးအဖွဲ့ ဖွဲ့စည်းဖို့ ခေါ်ယူခဲ့တဲ့ လစ်လပ်ရာထူးနေရာတွေထဲက အငယ်တန်းအင်ဂျင်နီယာ ၄ ရာထူးနေရာကို ပြန်လည်စိစစ်ပေးဖို့ ဇန်နဝါရီလ ၄ရက်နေ့က လက်မှတ်ရေးထိုးတင်ပြလာတာ ရှိပါတယ်။
အငယ်တန်းအင်ဂျင်နီယာ ၄ ရာထူးကို ဒေသခံမဟုတ်ပဲ တခြားပြည်နယ် ကသူကို ရွေးချယ်ခန့်ထားလိုက်တာကြောင့် အခုလို ပြန်လည်စိစစ်ဖို့ တောင်းဆိုရခြင်းဖြစ်တယ်လို့ မြို့မကယန်းရပ်ကွက် အုပ်ချုပ်ရေးမှူး...
ဈေးတွေမှာ စည်းကမ်းလိုက်နာမှု အားနည်းနေသေး
နော်ဒွေးအယ်ခူ
ဈေးတွေမှာ စည်ပင်က ညွှန်ကြားထားတဲ့ စည်းကမ်းလိုက်နာမှု အားနည်းနေသေးတာကြောင့် အသိပညာပေးနိုးဆော်တာတွေ ဆက်လက်ဆောင်ရွက်သွားမယ်လို့ လွိုင်ကော်မြို့နယ် စည်ပင်သာယာရေးကော်မတီ အမှုဆောင်အရာရှိ ဦးသန်းထွန်းကပြောပါတယ်။
ဦးသန်းထွန်း “ အားနည်းနေသေးတဲ့ ဈေးသူဈေးသားတွေကိုလည်း စည်းကမ်းတကျနဲ့ရောင်းချဖို့ ထပ်မံပြီး ပညာပေးနိုးဆောင်တဲ့လုပ်ငန်းတွေ ဆက်လုပ်အုံးမှာဖြစ်ပါတယ်။ ဒီအပေါ်မှာမှ လိုက်နာမှုမရှိဘူးဆိုရင်တော့ တနည်းနည်းနဲ့ အရေးယူမယ့်အပိုင်းကိုစဉ်းစားထားပြီးဖြစ်ပါတယ်။ ဒါလေးကိုလည်း ပြည်သူတွေကို...
အမှိုက်ကျင်းမီးငြိမ်းသတ်ဖို့ စက်ယန္တရားလိုအပ်ချက်ရှိနေ
နော်ဒွေးအယ်ခူ
လွိုင်ကော်မြို့ရှိ လေးမိုင်သုသာန်မှာ အမှိုက်ကျင်းမှ မီးလောင်မှုကို ငြိမ်းသတ်ရာတွင် ဘက်ဖိုးတစ်စီးသာ အသုံးပြုရသဖြင့် စက်ယန္တရားလိုအပ်နေတယ်လို့ စည်ပင်မော်တော်ယဉ်မှူးဖြစ်တဲ့ ကိုစဒိုင်းနရယ်ထံမှ သိရပါတယ်။
စုပုံနေတဲ့အမှိုက်ကို ဘက်ဖိုးဖြင့်ကော်ထုတ်ပြီး ရေဖြင့်ပက်ဖြန်းရတဲ့အတွက် လက်ရှိမှာ ဘက်ဖိုးတစ်စီးသာရှိတာကြောင်း ဆိုပါတယ်။
နေ့စဉ် လွိုင်ကော်မြို့တွင်းကနေ အမှိုက် ၁၅တန်ချိန်လောက်ထွက်နေပြီး တစ်ပတ်လျှင် ၂ကြိမ် အမှိုက်မှမီးလောင်ကြွမ်းမှုကို ငြိမ်းသတ်နေရတယ်လို့ ၎င်းကဆိုပါတယ်။
နွေရာသီရောက်ပြီဖြစ်တဲ့အတွက်...